JobExpress
No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs
JobExpress
No Result
View All Result

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

December 16, 2020
1 min read
Share on FacebookShare on TwitterShare Linkedin

အောင်မြင်တဲ့ Company တစ်ခုဖြစ်ဖို့ဆိုတာ ဝန်ထမ်းကောင်းတွေရှိဖို့လိုအပ်ပါတယ်။ Company တစ်ခုမှာရှိတဲ့ လုပ်ငန်းရှင်တွေ ၊ HR Manager တွေရဲ့အဓိကတာဝန်ဟာ အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေနဲ့အတူတူ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပြီးမြောက်အောင် ၊ ရှိနေတဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေ မြင့်တက်လာအောင် ၊ နောက်ပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေရှာဖွေထိန်းသိမ်းနိုင်ရမယ့် အပိုင်းတွေပါဝင်ပါတယ်။ နည်းပညာတွေတိုးတက်လာတဲ့နောက်ပိုင်းမှာတော့ အဖိုးတန်တဲ့ဝန်ထမ်းတွေကိုရှာဖွေတဲ့အခါမှာ သမားရိုးကျနည်းလမ်းတွေထက် Online Platform ကိုအသုံးပြုပြီး အလုပ်ခေါ်တဲ့ Website တွေကပိုမိုများပြားလာပါတယ်။

ခေတ်စားလာတာကတော့Online Recruitment Portal တစ်နည်းအားဖြင့် E – Recruitment တွေဟာ သမားရိုးကျအလုပ်ခေါ်တဲ့နည်းလမ်းတွေထက် ပိုမိုလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ လုပ်ငန်းရှင်တွေ ၊ HR Manager တွေအတွက် အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်။ Online Recruitment Portal ကိုအသုံးပြုရင်ရရှိမယ့်အကျိုးကျေးဇူးတွေကတော့..

(၁) Branding

ပထမဆုံးအားသာချက်ကတော့ Company ရဲ့ Branding ပါ။ သင့် Company အနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ Position တွေရှိခဲ့ရင် Website မှာဖော်ပြထားလို့ရတဲ့အတွက် လူအများရဲ့အာရုံစိုက်မှုကိုရစေပါတယ်။ ဒါတွေတင်မကပဲ ကိုယ့် Company ရဲ့အကြာင်းအရာတွေပါ ထည့်သွင်းဖော်ပြခွင့်ရနိုင်ပြီး Top Employer နေရာတွေ ၊ Banner နေရာတွေ ဝယ်ယူနိုင်တဲ့အတွက်လည်း Company ရဲ့ Awareness ကိုမြှင့်တင်ပြီးသားဖြစ်ပါတယ်။

(၂) Broader Scope for Candidates

နောက်ထပ်အားသာချက်ကတော့ နယ်ပယ်အသီးသီးမှာရှိတဲ့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေကိုရှာဖွေတဲ့အခါမှာ တော်တော်လေးအထောက်အကူပြုပါတယ်။ အလုပ်လာလျှောက်တဲ့ Candidates တွေအများစုကလည်း အလုပ်ရဲ့ Job Description နဲ့ Job Requirements တွေသေသေချာချာနားလည်ပြီးမှ လျှောက်ကြတာဖြစ်တဲ့အတွက် Qualified ဖြစ်တဲ့ CV တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

(၃)Minimized Hiring Cost

ဝန်ထမ်းခေါ်ယူတဲ့ကိစ္စအတွက် အလုပ်သမားကုန်ကျစရိတ်တွေဟာ များသောအားဖြင့် ကြော်ငြာစရိတ် ၊ ခရီးသွားလာရေးစရိတ် ၊ Third Party ဝန်ထမ်းခေါ်ယူတဲ့စရိတ်တွေနဲ့ အထိုက်အလျောက်ကုန်ကြတတ်ပါတယ်။ သင့်အနေနဲ့ Job Portal ကိုရွေးချယ်အသုံးပြုမယ်ဆိုရင် ကိုယ်လုပ်ငန်းနဲ့ Fit အဖြစ်ဆုံးဝန်ထမ်းကိုရှာဖွေတဲ့အခါမှာ Effort နည်းနည်းနဲ့ ရှာဖွေနိုင်မှာဖြစ်တဲ့အပြင် ကုန်ကျစရိတ်လည်း သိသိသာသာလျော့ချနိုင်မှာပါ။

(၄) Time Saving

Website ကတစ်ဆင့်အလုပ်ခေါ်တဲ့အရာတစ်ခုက သင့်ကုမ္ပဏီရဲ့တည်နေရာပေါ်လိုက်ပြီးအကျိုးသက်ရောက်မှုမရှိပါဘူး။ အဓိကအချက်ကတော့ စာရွက်စာတမ်းတွေ ၊ ဒေတာတွေထည့်သွင်းတဲ့နေရာမှာ အချိန်ပေးစရာမလိုတော့တဲ့အခါ HR Manager တစ်ယောက်အနေနဲ့ နေ့တတူကွလုပ်ရမယ့်ကိစ္စအဝဝမှာ အချိန်ပိုထွက်လာပါတယ်။ နောက်ပြီး Candidates တွေရဲ့ Information တွေလည်းစနစ်တကျဝင်ကြည့်လို့ရနိုင်တဲ့ Features တွေလည်းပါဝင်သေးတဲ့အတွက် ပိုအဆင်ပြေတာပေါ့ဗျာ။

(၅) Flexible & Easy to Recruit Talented Rockstar

Online Recruitment Portal တွေအသုံးပြုရတဲ့နည်းလမ်းကလည်း လုပ်ငန်းရှင်တွေ ၊ HR Manager အတွက်မခက်ခဲသလို လုပ်ငန်းရဲ့ရေရှည်အတွက်လည်းအကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ Third Party တွေအသုံးပြုတာထက်ပိုမိုအားသာတဲ့အချက်ကတော့ သင်ခေါ်တဲ့ Position ကိုလျှောက်တဲ့ Candidates အားလုံးရဲ့ CV ကိုသင်ကိုယ်တိုင်မြင်တွေ့နိုင်ပါ။ အလားအလာရှိတဲ့ ဝန်ထမ်းတွေ ၊ Company အတွက်အထောက်အကူများစွာပေးနိုင်မယ့် ဝန်ထမ်းတွေတွေ့တဲ့အခါ သူတို့ရဲ့ CV ကိုသိန်းထားလို့ရပါတယ်။

Position မျိုးစုံအတွက် အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းကောင်းတွေကို အချိန်တိုတိုနဲ့ထိထိရောက်ရောက်ရှာဖွေချင်တယ်ဆိုရင် Online Recruitment Portal ကသင်တို့ကုမ္ပဏီအတွက် အဓိကသော့ချက်တစ်ခုပဲဖြစ်ပါတယ်။

Content By Htet Wai Yan Lynn

Previous Post

ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?

Next Post

Interview မှာ အငြင်းခံရဖူးလား?

Next Post

Interview မှာ အငြင်းခံရဖူးလား?

How to be happy in your career?

Discussion about this post

Stay Connected test

  • 711.3k Fans
  • Trending
  • Comments
  • Latest

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Covid 19ကာလကြီး ပြီးဆုံးသွားရင် Companyအများစုက ထွက်သွားတဲ့ နေရာလွတ်တွေအတွက် အပြိုင်အဆိုင် အလုပ်တွေ ခေါ်တော့မှာပါ။ အလုပ်ရှာတဲ့ ဝန်ထမ်းတွေကလဲများနေမှာ ကြိမ်းသေပါပဲ။

Interview ကိုဘယ်လိုအကောင်းဆုံးဖြေမလဲ?

November 11, 2020

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020

Business Plan For 2021

0

COVID-19 အလွန် ဘာတွေ ပြင်ဆင်ထားသင့်လဲ ? ဘာတွေ ပြောင်းလဲသွား နိုင်လဲ ?

0

How to Increase Your Self-Confidence?

0

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

0

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021

Recent News

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021
JobExpress

© 2020 Blog JobExpress

Navigate Site

  • Home
  • Find Jobs
  • Find Talent or Post Jobs

Follow Us

No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs

© 2020 Blog JobExpress