JobExpress Myanmar
  • Home
  • Job Search
  • Employer
No Result
View All Result
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Employer

Business Plan For 2021

စီးပွားရေးလုပ်ငန်းရှင်အများစုက အခုခံစားနေရတဲ့ Covid-19 ရဲ့ရိုက်ခက်မှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့သူတွေရှိသလို အရှုံးနဲ့ရင်ဆိုင်သွားရတဲ့ ပိုင်ရှင်တွေလည်းရှိပါတယ်။ယခုအချိန်မှာတော့ လုပ်ငန်းရှင်တော်တော်များများက “ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် “ ဆိုသလို ၂၀၂၁ အတွက် ကြိုတင်စီစဉ်ထားသင့်တဲ့အရာတွေကို စီစဉ်နေပြီဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ မှာလည်း ဘယ်လိုအခက်အခဲတွေတွေ့ကြုံရမယ်ဆိုတာမသိနိုင်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ၂၀၂၀က အရာတွေကို သင်ခန်းစာယူပြီး ပိုပြီးအောင်မြင်နိုင်မဲ့နည်းလမ်းသစ်တွေကို ရှာဖွေဖို့ပါပဲ။ ဒါကြောင့် လုပ်ငန်းရှင်တွေအတွက် ၂၀၂၁ မှာ ကိုယ့်ရဲ့လုပ်ငန်းက လမ်းကြောင်းမှန်ပေါ် ပြန်လည်ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ပြင်ဆင်ထားသင့်တဲ့ နည်းလမ်း ၅ ချက်တွေကဘာလဲဆိုတာဆက်လက်ဖတ်ရှုကြည့်ရမယ်ဆိုရင်

(၁) Business တစ်ခုလုံးကို Analysis လုပ်ခြင်း။

Analysis လုပ်တဲ့အခါမှာ ထိပ်တန်းကုမ္ပဏီကြီးတွေအပြင် ၊နာမည်ကြီးကုမ္ပဏီတွေ အသုံးပြုလေ့ရှိတဲ့ SWOT Analysis တွေလုပ်မယ်။ ပြီးရင် Organization တစ်ခုလုံးကိုလည်း လိုအပ်ချက်တွေ ပြန်လည် သုံးသပ်ဖို့ကို အရင်ဆုံး လုပ်ဆောင်သင့်ပါတယ်။ အရေးကြီးဆုံးကတော့ ဘယ်လိုနည်းလမ်းမျိုးပဲအသုံးပြုပါစေ၊ ကိုယ့်ရဲ့ Business Tactical တွေကို တစ်သမတ်တည်းလုပ်ဆောင်ပြီး Organization တစ်ခုလုံးကလည်း Unity ဖြစ်နေဖို့ပါပဲ။

(၂) လူတစ်ဦးချင်းဆီရဲ့ Idea ကိုအလေးထားပါ။

ကိုယ့်ရဲ့လုပ်ငန်းတစ်ခုလုံး တိုးတက်ကောင်းမွန်ဖို့လိုအပ်တဲ့ အကြံဉာဏ်တွေကိုရယူတဲ့အခါမှာ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေရဲ့ အကြံပေးမှုကိုလည်း မငြင်းပယ်သင့်ပါဘူး။ လုပ်ငန်းတစ်ခုဆိုတာအဖွဲ့အစည်းနဲ့လုပ်ကိုင်နေတာကြောင့် Department တစ်ခုချင်းစီက ဝန်ထမ်းတိုင်းက Business တစ်ခုလုံးဘယ်လို ကောင်းကောင်းလည်ပတ်နေလဲဆိုတာကိုသိနေလို့ပါပဲ။

(၃) Teamနဲ့ အလုပ်လုပ်ပါ။

လုပ်ငန်းစဉ်အသစ်တွေ၊ Plan အသစ်တွေချမှတ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ Team နဲ့သဘောတူညီချက်တွေကိုတောင်းယူသင့်ပါတယ်။ တစ်နည်းအားဖြင့် Meeting ပြုလုပ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထောက်ခံချက်တွေတောင်းယူ လုပ်ဆောင်တာက အဆင်ပြေဆုံးပါပဲ။ နောက်ပြီး Business ကြီး ပိုမိုအောင်မြင်ချင်တယ်ဆိုရင် Individual လုပ်ချင်းထက် Team နဲ့အလုပ်လုပ်ခြင်း ပိုပြီးထိရောက်စေပါတယ်။

(၄) 2021 Plan မှာ Covid-19 အတွက်ထည့်စဉ်းစားပါ။

၂၀၂၁ မှာ Covid-19 ကပ်ရောဂါဒဏ်ကိုထပ်မံကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ့်ရဲ့ Business ကိုလည်း အရင်ကထက်ပိုပြီး ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပါ။ ဒီကပ်ရောဂါကြီးကြောင့် ပြိုလဲခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိခဲ့တာကို မမေ့သင့်ပါဘူး။ New Normal မှာအရင်ကနဲ့ မတူပဲ ဘယ်လို အခြေအနေတွေပဲ ကြုံရခံနိုင်ရည်ရှိအောင် ကြိုးစားထားရပါမယ်။

(၅) Goals တစ်ခုထားပါ။

အောင်မြင်နေတဲ့ Business တိုင်းက Target Goals တစ်ခုထားပြီး ကြိုးစားခဲ့လို့သာ Brand တစ်ခုကိုကောင်းကောင်းတည်ဆောက်နိုင်ခဲ့တာပါ။ သို့သော် လုပ်ငန်းရှင်တွေအနေနဲ့ Target Goals တွေ ဘယ်လောက်ပဲထားထား Realistic ဖြစ်ဖို့က အရေးကြီးပါတယ်။ အကယ်လို့ လုံးဝမဖြစ်နိုင်တဲ့ Goals တွေထားမိတယ်ဆိုရင် ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက် စိတ်ဓာတ်ကျဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စိတ်မှာလည်း ကိုယ်ကို ခေါင်းဆောင်ကောင်း အဖြစ်သတ်မှတ်တော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးအနေနဲ့ အခုလို ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီး အောင်မြင်လာတဲ့အခါကြ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကိုမမေ့ပါနဲ့။ အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေ အသိအမှတ်ပြုခြင်းကလည်း အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်မဲ့နည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် ၂၀၂၁မှာ လိုအပ်ချက်တွေဖြည်းဆည်းရင်း အောင်မြင်တဲ့ Business တစ်ခုုတည်ဆောက်​နိုင်စေရန် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Content by Kit Kit

Related Posts

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ
Employer

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

January 20, 2021
လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment
Employer

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021
Meeting Tips for Managers
Employer

Meeting Tips for Managers

December 22, 2020
လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?
Employer

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

December 16, 2020
Online Job Portal နဲ့ Recruitment Agency ဘာကွာလဲ?
Employer

Online Job Portal နဲ့ Recruitment Agency ဘာကွာလဲ?

December 8, 2020
ဘာကြောင့် JobExpress Myanmar ကို ရွေးချယ်သင့်သလဲ။
Employer Branding

ဘာကြောင့် JobExpress Myanmar ကို ရွေးချယ်သင့်သလဲ။

November 11, 2020
Next Post
Power Ranger လုပ်မလား ?Superman လုပ်မလား ?

Power Ranger လုပ်မလား ?Superman လုပ်မလား ?

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

Please login to join discussion
ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ
Employer

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

January 20, 2021
Power Ranger လုပ်မလား ?Superman လုပ်မလား ?
Career Advice

Power Ranger လုပ်မလား ?Superman လုပ်မလား ?

January 20, 2021
Business Plan For 2021
Employer

Business Plan For 2021

January 14, 2021
လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment
Employer

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021
ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

January 20, 2021
Power Ranger လုပ်မလား ?Superman လုပ်မလား ?

Power Ranger လုပ်မလား ?Superman လုပ်မလား ?

January 20, 2021
Business Plan For 2021

Business Plan For 2021

January 14, 2021
လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021
အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021
အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021
JobExpress Myanmar

Address: No. 138/142, 2D, White Cloud Condo, Thein Phyu Road, Botahtaung Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer