အလုပ်သမားရုံးအက် ဉပဒေအရ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အချိန်ပိုဆင်းတဲ့ အလုပ်သမားတွေရရှိတဲ့ လစာအား နှစ်ဆခံစားခွင့်ရရှိနိုင်ကြောင်းဖော်ပြထားပါတယ်။
အလုပ်သမားတစ်ဉီးဟာ တစ်ပတ်အလုပ်ချိန် (၄၄) နာရီ / (၄၈) နာရီ နဲ့ နေ့စဉ်အလုပ်ချိန် (၈) နာရီထက်ပိုပြီးလုပ်ရတဲ့အခါ မိမိရရှိတဲ့ လစာရဲ့ နှစ်ဆကို ရရှိမှာဖြစ်ပါတယ်။ဒါဆိုရင် အချိန်ပိုလုပ်အားခတွေကို ဘယ်လိုတွက်ကြမလဲ?
( ၁ ) တစ်ပတ် (၄၄) နာရီလုပ်ရတဲ့ နေ့စားအလုပ်သမား အတွက်
တစ်ပတ်ကို စနေနေ့ပါအပါအဝင် အလုပ်လုပ်ရတဲ့ အလုပ်သမားတွေအတွက် ကိုယ်တစ်နေ့ရတဲ့ လုပ်အားခကို (၆)ရက်စာအဖြစ် (၆)နဲ့မြှောက်ပြီး ကိုယ်တစ်ပတ်လုပ်ရတဲ့ စုစုပေါင်း (၄၄) နာရီနဲ့စားပေးရပါမယ်။ အချိန်ပိုလုပ်အားခဖြစ်တဲ့အတွက် ရရှိလာတဲ့ (၁) နာရီစာ ပမာဏကို နှစ်ဆအနေနဲ့ (၂) နဲ့မြှောက်ပေးရပါမယ်။ ဒါဆိုရင် အချန်ပိုတစ်နာရီမှာ ကိုယ်ရရှိမယ့်လုပ်အားခသိရပါပြီ။
တွက်နည်း ( နေ့တွက် x ၆ရက် / ၄၄နာရီ ) x ၂ = အချိန်ပိုတစ်နာရီနှုန်း
( ၂ ) တစ်ပတ် (၄၄) နာရီလုပ်ရတဲ့ လစားအလုပ်သမားအတွက်
တစ်ပတ်ကို စနေနေ့ပါအပါအဝင် အလုပ်လုပ်ရတဲ့ အလုပ်သမားတွေအတွက် ကိုယ့်တစ်လရတဲ့ လုပ်အားခကို တစ်နှစ်စာအဖြစ် (၁၂)နဲ့မြှောက်ပြီး ကိုယ်တစ်နှစ်လုပ်ရတဲ့ စုစုပေါင်း (၅၂) ပတ်နဲ့စားပေးရပါမယ်။ ဒါ့အပြင် ရရှိလာတဲ့ပမာဏကို နာရီပေါင်း (၄၄)နဲ့ထပ်စားပေးရပါမယ်ခင်ဗျ။ အချိန်ပိုလုပ်အားခဖြစ်တဲ့အတွက် ရရှိလာတဲ့ (၁) နာရီစာ ပမာဏကို နှစ်ဆအနေနဲ့ (၂) နဲ့မြှောက်ပေးရပါမယ်။ ဒါဆိုရင် အချန်ပိုတစ်နာရီမှာ ကိုယ်ရရှိမယ့်လုပ်အားခသိရပါပြီ။
တွက်နည်း ( လစာ x ၁၂လ / ၅၂ပတ် x ၄၄နာရီ ) x ၂ = အချိန်ပိုတစ်နာရီနှုန်း
( ၃ ) ပုတ်ပြတ်အလုပ်သမားအတွက်
တစ်ပတ်ကို စနေနေ့ပါအပါအဝင် အလုပ်လုပ်ရတဲ့ အလုပ်သမားတွေအတွက် ကိုယ့်တစ်နေ့ရတဲ့ လုပ်အားခကို (၆)ရက်စာအဖြစ် (၆)နဲ့မြှောက်ပြီး ကိုယ်တစ်ပတ်လုပ်ရတဲ့ နာရီအပေါ်လိုက်ပြီး
(၄၄)နာရီ ဆို (၄၄)နာရီ ၊ (၄၈)နာရီဆို (၄၈)နာရီ နဲ့စားပေးရပါမယ်။ အချိန်ပိုလုပ်အားခဖြစ်တဲ့အတွက် ရရှိလာတဲ့ (၁) နာရီစာ ပမာဏကို နှစ်ဆအနေနဲ့ (၂)နဲ့ မြှောက်ပေးရပါမယ်။ ဒါဆိုရင်အချိန်ပိုတစ်နာရီမှာ ကိုယ်ရရှိမယ့်လုပ်အားခသိရပါပြီ။ ဒါဆိုရင် အချန်ပိုတစ်နာရီမှာ ကိုယ်ရရှိမယ့်လုပ်အားခသိရပါပြီ။
တွက်နည်း ( ပျမ်းမျှနေ့တွက်နှုန်း x ၆ရက် / ၄၄နာရီ (သို့) ၄၈နာရီ ) x ၂ = အချိန်ပိုတစ်နာရီနှုန်း
အလုပ်သမားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေကို သိရှိစေရန်အတွက် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။
Credit original uploader
Content By Kit Kit and Htet Wai Yan Lynn