ဒီနှစ်ပိုင်းမှာ Work-Life Balance ဆိုတဲ့ စကားလုံးကို အသုံးများလာကြလို့ အားလုံးလည်း ရင်းနှီးနေပြီးသား ဖြစ်ကြမှာပါ…
အခုခေတ်လို လျှင်လျှင်မြန်မြန် ပြောင်းလဲနေတဲ့ ကာလမှာ ရှေ့ကို အလျှင်မှီအောင် လိုက်ရင်း နဲ့ပဲ တစ်နေ့ တစ်နေ့ ကုန်ဆုံးပြီး လှောင်အိမ်ထဲက ကြွက်လေး အပြေးစက်ဝိုင်း ထဲမှာ ပြေးရင်း လည်နေသလို အလုပ်နဲ့ဘဝ ဟန်ချက်မမျှ တော့တာကို ကျနော်တို့လို ဝန်ထမ်းတွေ အများအပြား ခံစားနေကြရပါတယ်…
Work-Life Balance ဆိုတာက ကိုယ့်ရဲ့ အလုပ် (Professional life) အတွက် ကုန်ဆုံးချိန်နဲ့ ကိုယ်ပိုင်ဘဝ (Personal life) အတွက် ကုန်ဆုံးချိန် တွေ မျှတနေခြင်းကို ဆိုလိုတာပါ။အကယ်၍ သင်က အလုပ်ထဲမှာပဲ အမြဲအာရုံစိုက်ထားတယ် ၊ အချိန်တိုင်းလိုလို အလုပ်တွေကြီး လုပ်မိနေတယ် ဆိုရင် အချိန်တွေ ကြာလာတဲ့ အခါ စိတ် နှင့် ခန္ဒာကိုယ် ကျန်းမာရေးတွေ ထိခိုက်လာနိုင်ပြီး ၊ စိတ်ဓာတ်ကျတာတွေ ၊ အလုပ်ဖိအားတွေ အပြင် ကိုယ့်ရဲ့ အပြင်ဘဝ ပေါင်းသင်းဆက်ဆံရေးတွေကို ပါ ထိခိုက်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ်တိုင် ဆက်လျှောက်နေပေမယ့် လမ်းပျောက်သလို ထိပါ ခံစားရနိုင်ပြီး ကိုယ်ပိုင်ရည်မှန်းချက် အိပ်မက်တွေကို လက်လွှတ် ရနိုင်ပါတယ်။
ဒါကြောင့် Work-Life Balance ဖြစ်ဖို့ တကယ်ကို အရေးကြီးတယ်လို့ နိုင်ငံတကာက သိတတ်သူတွေက ပြောဆို နေကြတာပါ။ ဒါဆိုရင် Work Life Balance ဖြစ်အောင် ဘယ်လို ထိန်းသိမ်းရမလဲ ?
ဒီမေးခွန်းအတွက် ဖြေရှင်းနည်းက အဖြေ တစ်ခုတည်းတော့ မရှိနိုင်ပါဘူး ။ မတူညီတဲ့ ဘဝတွေ ဖြတ်သန်းနေရတာ ဖြစ်လို့ တစ်ဦးတစ်ယောက်ခြင်းစီ အတွက် ဖြေရှင်းပုံတွေကလည်း မတူညီနိုင်လို့ပါ။
ဒါပေမယ့်လည်း အောက်က အချက်လေးတွေကတော့ Work-Life Balance ဖြစ်အောင် ကူညီကောင်း ကူညီပေးနိုင်မှာပါ :
⏳ အချိန်ကို အလေးထားပြီး အရေးကြီးတာတွေကိုပဲ ဦးစားပေးလုပ်ပါ
🎯 Personal Goals တွေ ချမှတ်တဲ့အခါ လက်တွေ့ကျပြီး မျှော်လင့်ချက်တွေ အရမ်းမများအောင် ထိန်းပါ
📌 အလုပ်ပိုပြီး ဝန်ပိစေမယ့် အရာတွေကို ငြင်းဆိုပါ
🏝️ ပင်ပန်းလာတဲ့အခါ အနားယူဖို့ မမေ့ပါနဲ့
🎨 အားလပ်ချိန်တွေမှာ ကိုယ် ဝါသနာပါတာလေးတွေ လုပ်ကြည့်ပါ
🫂 ချစ်ရသူတွေနဲ့ ဆက်သွယ်ပြီး ဆက်ဆံရေးကောင်းလေးတွေကို ထိန်းသိမ်းထားလိုက်ပါ
အခုလို ကာလမျိုးမှာ Work-Life Balance ဖြစ်အောင် နေဖို့က နည်းနည်းတော့ ခက်ခဲနိုင်ပါတယ် ဒါပေမယ့်လည်း ဒါက ကျန်းမာရေးနဲ့ ဘဝအဓိပ္ပာယ် ရှိခြင်း အတွက် အရေးကြီးတာကြောင့် သင့်ရဲ့ အချိန်နဲ့ ခွန်အားတွေကို စနစ်တကျ ခွဲဝေသုံးစွဲပြီး Professional & Personal Life ကို အကောင်းဆုံး တွေ့ကြုံဖြတ်သန်းဖို့ အကြံပေးလိုက် ပါရစေ ခင်ဗျာ…