JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Career Advice

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law

Share on FacebookShare on LinkedinShare on Twitter

လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဟာ ဥပဒေအရ ရရှိနိုင်မယ့် အကျိုးခံစားခွင့်တွေကိုလည်း သိရှိနားလည်ထားသင့်ပါတယ် . . .

အလုပ်သမား ဥပဒေမှာ ဝန်းထမ်း အတွက် အနည်းဆုံး လုပ်ခလစာ ၊ အချိန်ပိုကြေးတိုအပြင် ရရှိနိုင်တဲ့ ခွင့်ခံစားခွင့်တွေကိုလည်း ပြဠာန်းထားပါတယ်။ ဥပဒေအရ လစာဖြင့် ခံစားနိုင်မယ့် ခွင့်အမျိုးအစားတွေကို ဘယ်လိုမျိုး ရယူခံစားနိုင်ပြီး ဘယ်လို သတ်မှတ်ချက်တွေ ရှိလည်း ဆိုတာကို အခုပိုစ့်က တစ်ဆင့် မျှဝေသွားမှာဖြစ်လို အဆုံးထိအောင် ဖတ်ရှူလေ့လာလိုက်ပါ ခင်ဗျ …

1️⃣ ရှောင်တခင်ခွင့် (Casual Leave)

ရှောင်တခင်ခွင့် က ကြိုတင် မမျှော်လင့်ထားတဲ့ လူမှုရေးကိစ္စတွေ အတွက် ရယူခံစားနိုင်တဲ့ ခွင့်ရက်အမျိုးအစား ဖြစ်ပါတယ်။ တစ်နှစ်ကို ရှောင်တခင်ခွင့် (၆)ရက် ခံစားနိုင်ပြီး အစမ်းခန့်ကာလ (၂)လ ပြည့်ပြီးတာနဲ့ ရှောင်တခင်ခွင့်ကို လစာပြည့် ခံစားရယူနိုင်ပါတယ်။ ရှောင်တခင်ခွင့်ကို ရက် (၃)ရက် ဆက်တိုက် ယူနိုင်ပြီး သတ်မှတ်ချက်အနေနဲ့ တခြားခွင့်အမျိုးအစားတွေနဲ့တော့ ပေါင်းယူလို မရပါဘူး။

2️⃣ လုပ်သက်ခွင့် (Earned Leave / Annual Leave)

လုပ်သက် (၁၂)လ ပြည့်ပြီးတဲ့ ဝန်ထမ်းတိုင်း လစာအပြည့်ဖြင့် လုပ်သက်ခွင့် (၁၀)ရက်ကို အချိုးကျ ရယူ ခံစားနိုင်ပါတယ်။ ခွင့်(၁၀)ရက်ကို ခွဲပြီးဖြစ်ဖြစ်၊ တစ်ဆက်တည်း ဖြစ်ဖြစ် ရယူနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ဆင်းရက် (၂၀)ရက် မပြည့်တဲ့ လအတွက် လုပ်သက်ခွင့် မရရှိပဲ တစ်ရက်ကျစီ အဖြတ်ခံရမှာ ဖြစ်ပါတယ်။

3️⃣ ဆေးခွင့် (Medical Leave)

ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရယူခံစားနိုင်တဲ့ ခွင့်ကို ဆေးခွင့် (ဝါ) ဆေးလက်မှတ်ခွင့် လို မှတ်ယူနိုင်ပါတယ်။ ဆေးခွင့် ရယူလိုတဲ့ ဝန်ထမ်းများအနေနဲ့ ဆေးရုံဆေးခန်း ‌ထောက်ခံစာနဲ့အတူ အထက်လူကြီးကိုတင်ပြပြီး ရယူခံစားနိုင်ပါတယ်။ ဥပဒေအရ လုပ်သက် (၆)လ ပြည့်ပြီးတဲ့ ဝန်ထမ်းတိုင်း ဆေးခွင့် (၁)လ ၊ ရက် (၃၀) ရယူခံစားနိုင်ပါတယ်။ လုပ်သက် (၆)လ မပြည့်သေးတဲ့ ဝန်ထမ်းတွေအနေနဲ့ ဆေးခွင့်ကို လစာမဲ့ခွင့် အဖြစ် ခံစားနိုင်ပြီး ၊ သက်ဆိုင်ရာနှစ် ကျော်လွန် သွားရင်တော့ ခွင့်ရက်ပျက်ပြယ်မှာပဲ ဖြစ်ပါတယ်။

4️⃣ မီးဖွားခွင့် (Maternity Leave)

ကိုယ်ဝန်ဆောင် အမျိုးသမီးဝန်ထမ်း အနေနဲ့ မီးဖွားခွင့်အဖြစ် မမွေးခင် (၆)ပတ် ၊ မွေးပြီး (၈)ပတ် စုစုပေါင်း ရက်သတ္တပတ် (၁၄)ပတ် အနည်းဆုံး ခံစားရယူနိုင်ပါတယ်။ အကယ်၍ ကိုယ်ဝန်သည်အမျိုးသမီးမှ လူမှုဖူလုံရေး အာမခံ ထားရှိထားပါက ဖခင်လောင်း အမျိုးသားအနေနဲ့ မီးဖွားပြီး စောင့်ရှောက်ခွင့်ရက်အဖြစ် ခွင့် (၁၅)ရက် ခံစား ရယူနိုင်ပါတယ်။

5️⃣ ရက်သတ္တပတ် ပိတ်ရက် နှင့် အများပြည်သူ ရုံးပိတ်ရက်

ခွင့်ရက်နှင့် အလုပ်သမား အက်ဥပဒေအရ လုပ်ငန်းတိုင်းတွင် ပိတ်ရက်အဖြစ် တစ်ပတ်လျှင် အနည်းဆုံး တစ်ရက် အနားပေးရပါတယ် ။ ဒါအပြင့် အခါကြီးရက်ကြီးများနဲ့ အစိုးရက အမိန့်ကြေညာစာဖြင့် ထုတ်ပြန်တဲ့ အများပြည်သူ ရုံးပိတ်ရက်များကိုလည်း ခံစားရယူနိုင်ပါတယ်။

ဖော်ပြထားတဲ့ ခွင့်ရက်တွေနဲ့ သတ်မှတ်ချက်တွေကတော့ ဥပဒေအရ ဝန်ထမ်းတိုင်း ရယူခံစားနိုင်တဲ့ ခွင့်ရက်အမျိုးအစားများပဲ ဖြစ်ပါတယ်။ လက်ရှိအလုပ်မှာကော ဘယ်လို ခွင့်ရက်တွေကို ခံစားရယူနေပါသလဲ အလုပ်သမား ဥပဒေနဲ့ ကိုက်ညီမှုကော ရှိရဲ့လား ပြန်လည်ဆန်းစစ်ပြီး ဥပဒေနဲ့အညီ ခံစားခွင့်တွေ ရရှိအောင် တောင်းဆိုကြည့်လိုက်ပါ။

Related Posts

How to prevent Burnout
Career Advice

Burnout ဖြစ်နေပြီလား ?

October 4, 2023
The Importance of Work-Life Balance
Career Advice

The Importance of Work-Life Balance

August 16, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Coach vs Mentor ဘာကွာလဲ ?
News

Coach vs Mentor ဘာကွာလဲ ?

January 29, 2021
Power Ranger လုပ်မလား ?Superman လုပ်မလား ?
Career Advice

Power Ranger လုပ်မလား ?Superman လုပ်မလား ?

January 20, 2021
Next Post
How to prevent Burnout

Burnout ဖြစ်နေပြီလား ?

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
5 Tips For Improving Work Ethics

5 Tips For Improving Work Ethics

December 23, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer