ကျနော်တို့ဟာ နေ့စဉ် အလုပ် နဲ့ လူနေမှုဘဝမှာ စိတ်ပင်ပန်းစရာတွေ၊ ဖိစီးမှုတွေ ကြုံရဖန်များ လာတဲ့အခါ စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ် လာတတ်ကြပါတယ်။

ယူထားရတဲ့ တာဝန်တွေနဲ့ ထမ်းထားရတဲ့ ဝတ္တရား တွေက ကိုယ့်ခံနိုင်ရည်ထက် ကျော်လွန်လာတဲ့ အခါ စိတ်ထောင်းကိုယ်ကျေ ဖြစ်ပြီး ဘာကိုမှ ထပ်မလုပ်ချင်လောက်အောင် အထိ ယုံကြည်မှုလည်း နည်းလာတာ မျိုးပေါ့…
သင်က Burnout ဖြစ်နေတဲ့ အခါ –
- အလုပ်ထဲမှာ စိတ်ပါဝင်စားမှု မရှိတော့ဘူး
- နေ့စဉ် အလုပ်သွားနေရတာကို ပင်ပန်းစရာ အဖြစ်မြင်လာမယ်
- အသစ်တွေကို ကြိုးစားချင်စိတ် နည်းလာပြီး ဘဝကို တရွတ်တိုက်ဆွဲသလို ဖြတ်သန်းနေမိမယ်
- အမြဲလို တွေဝေနေရင်း အားအင်ကုန်ခမ်းပြီး ပင်ပန်းနေတတ်တယ်
- အလုပ်ထဲမှာလည်း Performance တွေကျလာပြီး အာရုံစိုက်ဖို့ ခက်ခဲလာမယ်
- အလုပ် မှာရော အိမ်မှာပါ တစ်ယောက်တည်း တသီးတသန့် ခွဲထွက် နေတတ်တယ်
- စိတ်ဓာတ်တွေ ကျလာပြီး အရာရာကို အဆိုးမြင်တတ်တာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာတွေ ဖြစ်လာတတ်ပါတယ်။
ဒီအချက်တွေ ခံစားနေရပြီ ဆိုရင်တော့ သင်လည်း burnout ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ Burnout ဖြစ်ခြင်းက လူတစ်ယောက်ရဲ့ Career လမ်းကြောင်းမှာ အနည်းဆုံး တစ်ခါတော့ ဖြစ်လေ့ရှိတတ်ပါတယ်။
အရေးကြီးတာ ကိုယ် Burnout ဖြစ်နေတာကို သတိပြုမိပြီး တဖြေးဖြေး ကုစားသွားနိုင်ဖို့ပါပဲ
Burnout ဖြစ်နေပြီဆိုရင် ဒီအချက်တွေနဲ့ ကုစားသွားနိုင်ပါတယ်
1️⃣ You just need a break
ဟုတ်ပါတယ် ဘဝမှာ ထမ်းထားရတာတွေများတဲ့ အခါ မျိုးမှာ မနိုင်တာတွေ လွတ်ချပြီး အနားပေးဖို့ လိုအပ်ပါတယ်။ လောင်စာထည့်ပြီး အလုပ်လုပ်တဲ့ စက်ပစ္စည်းတွေတောင်မှ အနားပေးရသေးတာပဲ ကျနော်တို့လို လူသားတွေလည်း စိတ်ရော ကိုယ်ပါ ပင်ပန်းလာတဲ့အခါ အနားပေးဖို့ အရေးကြီးပါတယ်။
2️⃣ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ
အလုပ်နဲ့လူမှုရေးကြောင့် လူအများနဲ့ ဆက်ဆံနေရတာက ပင်ပန်းမှုအပြင် ကျနော်ရဲ့ True self ကို ပျောက်ဆုံးလာတတ်ပါတယ်။ အဲ့အတွက် ကိုယ်ပိုင်အချိန်တွေမှာ ကိုယ့်ကို ပျော်စေတဲ့ activity တွေ ဝါသနာပါတာတွေ ပြုလုပ်ပြီး အပန်းဖြေကြည့်ပါ။
3️⃣ Learn to say “No”
တစ်ခါတစ်လေ ကိုယ် မလုပ်ချင်တာ တွေကို လုပ်ဖို့ ကတိလွန်မိတာ ကြောင့် ပိုပင်ပန်းရတာ ကြုံဖူးကြမှာပါ။ ဒီအတွက် ကိုယ့်ရဲ့ အကန့်အသတ်ကို သတ်မှတ်ပြီး ငြင်းဆန်တတ်တဲ့ အလေ့အကျင့်လေး မွေးမြူထားသင့်ပါတယ်။
4️⃣ လိုအပ်ရင် အကူအညီတောင်းပါ
ရှင်သန်ရတဲ့ ဘဝ ခရီးကြမ်းမှာ တစ်ယောက်တည်း လုပ်လို့ အထမမြောက်တာတွေ အများကြီးပါ။ ဒါကို ခေါင်းမာပြီး တစ်ယောက်တည်း အကုန်တာဝန်ယူ လုပ်တာမျိုး ရှောင်ပါ ၊ လိုအပ်လာတဲ့အခါ အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့ ပူးပေါင်းလုပ်ဆောင်တာက အလုပ်လည်း ပိုတွင်သလို ရလဒ်ကောင်း တွေလည်း ရစေ နိုင်ပါတယ်။
Burnout ဖြစ်နေခြင်းက စိတ်ရော ကိုယ်ပါ မကျန်းမာစေနိုင်တာကြောင့် ကိုယ်ရဲ့ Career နဲ့ လူမှုဘဝကို မထိခိုက်အောင် အချိန်မှီ ကုစားသင့်ပါတယ်။ အလုပ်နဲ့ ဘဝ ကို ဟန်ချက်ညီအောင် ထိန်းညှိရင်း ကောင်းမွန် ဘဝခရီးကို လျှောက်လှမ်းနိုင်ဖို့ ဒီဆောင်းပါးလေးက အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ…