JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Career Advice

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

Share on FacebookShare on LinkedinShare on Twitter

ရုံးက Ferry ဒါမှမဟုတ် Bus ကားစီးရင်း အိပ်ငိုက်နေမယ် ၊ ဒါ့အပြင် အလုပ်စလုပ်မယ်ဆိုပြီးထိုင်လိုက်ပေမယ့် ဘာပြီးရင် ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေမယ် ၊ အလုပ်လုပ်ရင်းပျင်းနေမယ်ဆိုရင်တောင်မှ ဒီစာလေးကိုမပျင်းပဲ အဆုံးထိဖတ်ကြည့်ဖို့ အရင်ဦးဆုံးတိုက်တွန်းလိုက်ပါတယ်။ လုပ်ငန်းခွင်မှာ တက်တက်ကြွကြွမဖြစ်ရတဲ့ အကြောင်းအရင်းရဲ့နောက်ကွယ်မှာ အိပ်ရေးမဝတာအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်မရွေးချယ်တာ အစရှိတဲ့ အကြောင်းအရင်းများစွာရှိတယ်ဆိုပေမယ့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ တက်တက်ကြွကြွဖြစ်မနေဘူးဆိုတဲ့ ကျွန်တော်တို့လိုဝန်ထမ်းတွေအတွက် ဖြေရှင်းလို့ရနိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ပထမဆုံးအချက်အနေနဲ့..

(၁) Stretch

ကွန်ပြူတာအသုံးများရတဲ့ ဝန်ထမ်းတွေဆိုရင် Screen ကို နာရီပေါင်းများစွာကြည့်နေရတဲ့အတွက် မလိုလားအပ်တဲ့ Stress တွေ ၊ ဇာတ်ကြောတတ်တာတွေ ၊ မျက်စိကိုက်တာတွေအပြင် လူ့ရဲ့စိတ်ကိုလည်းထိုင်းမှိုင်းစေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့ရဲ့လည်ပင်းကို ရှေ့တိုးပြီး ကြည့်တဲ့အခါမှာ နောက်မှာရှိတဲ့ ဇက်ကြောကတင်းပြီး ဒါဏ်ဖြစ်တာပါ။ ထိုင်နေရင်း အကြောဆန့်တာဖြစ်ဖြစ် ၊ လမ်းလျှောက်တာဖြစ်ဖြစ် လုပ်တာက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို စိတ်ကိုလည်းလန်းဆန်းစေပါတယ်။

(၂) Volunteer for the coffee run

အခြားတစ်ယောက်ကို လမ်းကြုံလို့ Coffee ဖျော်ခိုင်းတာပဲဖြစ်ဖြစ် ၊ ရေထည့်ခိုင်းတာပဲဖြစ်ဖြစ် တစ်ခုခုခိုင်းလိုက်တာထက် သူတို့အတွက် ကိုယ်ကိုယ်တိုင်ပဲထလုပ်ပေးလိုက်ပါ။ ကိုယ့်ရဲ့ အလုပ်စားပွဲမှာထိုင်နေရတာထက်စာရင် လှုပ်လှုပ်ရှားရှားလေးလည်းဖြစ်တယ်။ ဒါ့အပြင် အခြားရေလာထည့်တဲ့သူတွေ ၊ Coffee လာဖျော်တဲ့သူတွေရှိရင်လည်း စကားလေးပြောရင်း ကိုယ့်ရဲ့ Social Skill ကိုလည်းတိုးမြှင့်လို့ရသလို Network လည်းကျယ်ပြန့်လာမှာပါ။


(၃) Wear comfortable clothes and shoes

နိုင်ငံတကာ စစ်တမ်းတွေအရ လုပ်ငန်းခွင်မှာ သက်သောင့်သက်သာဖြစ်မယ့် အဝတ်အစားတွေ ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အင်္ကျီတွေဝတ်ထားတဲ့အချိန်မှာဆိုရင် ဝန်ထမ်းတော်တော်များများက ပုံမှန်ထက် ပိုပြီးတက်တက်ကြွကြွရှိကြောင်းဖော်ပြထားတာလည်းတွေ့ရပါတယ်။ သင့်ရဲ့ ကုမ္ပဏီ Dress Code က Formal ဆန်ဆန်ပဲဝတ်ရတယ်ဆိုရင်တောင်မှ Formal ဆန်တာကို သက်သောင့်သက်သာဖြစ်အောင်ဝတ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ တစ်နေရာနဲ့တစ်နေရာ သွားရတာလှမ်းတဲ့ မိန်းကလေးတွေအနေနဲ့ဆိုရင်လည်း ဒေါက်ဖိနစ်အစား Shoes လေးတွေပြောင်းစီးလို့ရနိုင်ပါတယ်။

(၄) Walk instead of calling or emailing

သင့်ရဲ့အလုပ်စားပွဲကနေ ထလို့ရမယ့် အခွင့်အရေးတွေ ၊ နည်းလမ်းတွေရှိရင် အကုန်အသုံးချပါ။ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး Email ပို့ထားတဲ့အရာကို Confirm လုပ်ရမယ့်ကိစ္စတွေရှိရင် တစ်ခြား Social Media ကပို့တာထက် သူတို့ရှိတဲ့ စားပွဲကိုသွားပြီး ” အစ်ကိုရေ.. အစ်မရေ.. ဒီ File လေး Mail ကတစ်ဆင့်ပို့ပေးထားပါတယ် ” ဆိုပြီးပြောလို့ရနိုင်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ Social Interaction လို့ခေါ်တဲ့ လူမှုဆက်ဆံရေးပါကောင်းလာမှာပါ။

(၅) Get moving at lunch time

​အလုပ်ကို တက်တက်ကြွကြွနဲ့ လုပ်နိုင်တယ် ၊ မလုပ်နိုင်ဘူးဆိုတာကလည်း ကိုယ်စားတဲ့ အစားအသောက်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဆီများတဲ့ အစားအစာတွေ ၊ ကယ်လိုရီများတဲ့ အစားအစာတွေ အကြိုက်တွေ့တဲ့သူဆိုရင် ပိုပြီးသတိထားဖို့လိုပါတယ်။ အလုပ်စားပွဲမှာစားတာထက် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ လ္ဘက်ရည်သွားသောက်တာဖြစ်ဖြစ် ၊ ဆိုင်တစ်ဆိုင်သွားထိုင်စားတာမျိုးလုပ်ပေးခြင်းအားဖြင့် မိတ်ဆွေကြားဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာမှာပါ။ ဒါ့အပြင် Lunch Time မှာ (၅)မိနစ် (၁၀)မိနစ်လောက် ကောင်းမွန်တဲ့အနားယူခြင်းကလည်း အလုပ်ပြန်လုပ်တဲ့အခါမှာ ပိုပြီးထိထိရောက်ရောက်လုပ်နိုင်တာတွေ့ရမှာပါ။

အလေ့အကျင့်တစ်ခုဆိုတာ နေ့ချင်းညချင်းဖြစ်မလာပေမယ့် အကျိုးရှိမယ့် အရာတွေကိုတော့ ကိုယ့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေမှာ ထည့်သွင်းနိုင်ရင်တော့ အကောင်းဆုံးပါ။ အပေါ်ကအချက်လေးတွေကတော့ လုပ်ငန်းခွင်မှာ အိပ်ငိုက်နေမယ်ဆိုရင် လက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းကောင်းလေးတွေပဲဖြစ်တဲ့အတွက် အကျိုးရှိစွာအသုံးချနိုင်ဖို့မျှော်လင့်ပါတယ်ခင်ဗျ။

Content By Htet Wai Yan Lynn

Related Posts

How to prevent Burnout
Career Advice

Burnout ဖြစ်နေပြီလား ?

October 4, 2023
Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ
Career Advice

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
The Importance of Work-Life Balance
Career Advice

The Importance of Work-Life Balance

August 16, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Power Ranger လုပ်မလား ?Superman လုပ်မလား ?
Career Advice

Power Ranger လုပ်မလား ?Superman လုပ်မလား ?

January 20, 2021
Next Post
လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

Business Plan For 2021

Business Plan For 2021

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer