JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

Share on FacebookShare on LinkedinShare on Twitter

ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ….

အလုပ်တွေတော့ တောက်လျောက် လျှောက်နေတာပဲ Interview တော့ အခေါ်မခံဘူး စိတ်ညစ်လိုက်တာ ?⁉️

ဒီလို အဖြစ်မျိုးက အလုပ်လျောက်ဖူးသူတိုင်း ကြုံတွေ့ဖူးကြမယ့် ပြဿနာတစ်ခုပါ ။ တစ်ခါတစ်လေဆိုရင် အလုပ်လိုအပ်ချက်နဲ့ ကိုယ်ရဲ့ experience တွေ skills တွေ ကိုက်ညီနေတာတောင် Interview မခံရတာမျိုးတောင် ရှိပါတယ်။ သေချာတာတစ်ခု ဒီလို အဖြစ်မျိုး သင်တစ်ယောက်တည်း ကြုံတွေ့နေရတာမျိုး‌တော့ မဟုတ်ပါဘူး ။ ဒါဆို ဘာလို့ ဒီလိုတွေဖြစ်နေတာလည်း ဘာလိုအပ်ချက်တွေ ရှိနေလို့လဲ ??

CV/Resume ကို သေချာပြင်ပါ

CV ဆိုတာ အလုပ်ရှာသူဘက်မှ အလုပ်ရှင်ဘက်ကို ပထမဆုံးပြသမယ့် First Impression ဖြစ်လို့ အရေးကြီးပါတယ် ။ ဒါကြောင့် အလုပ်မလျှောက်ခင်ကတည်းက ကြိုတင်ပြီးတော့ CV ကို သေချာ ပြင်စင်ထားသင့်ပါတယ်။ စစ်တမ်းတွေ အရ Recruiter တွေ CV တစ်စောင်ကို screening လုပ်ချိန်က အချိန် (၆)စက္ကန့်သာ ကြာပါတယ်။ ဒါက ဘာကိုဖော်ပြလည်းဆိုတော့ သင့်ရဲ့ CV က အလုပ်လျှောက်သူ ရာပေါင်းများစွာမှာ မပေါ်လွင်နေဘူးဆိုရင် သင်လည်း အပယ်ခံရတဲ့ အထဲပါသွားနိုင်ပါတယ်။

CV က အချက်အလက်တွေ မှားနေတာ

CV ဆိုတာ လူချင်းမတွေ့ခင် ကိုယ့်အကြောင်းကို အတိုချုပ်ဖော်ပြပေးတဲ့ အရာဖြစ်တာမလို့ အချက်အလက်တွေ မမှားအောင် အမြဲဂရုစိုက်သင့်ပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ နာမည် ၊ ဆက်သွယ်မယ့် လိပ်စာ မှန်မမှန်ကို အလုပ်လျှောက်ခါနီးတိုင်း တစ်ခေါက်လောက်တော့ ပြန်စစ်ဆေးကြည့်ဖို့ အကြံပေးပါတယ်။ နောက်ပြီး Working Experience တွေကို ဖော်ပြရာမှာ Grammar အမှားတွေမပါအောင် ဂရုစိုက်ရေးသားပါ။ Recruiters တွေအတွက် Candidates များစွာရဲ့ CV တွေကို ရွေးချယ်ရတာဖြစ်လို့ ‌ရှေ့ကပြောသလို အမှားသေးသေးလေးက လည်း အငြင်းခံရနိုင်စေပါတယ်။

အလုပ်လျောက်တဲ့ နေရာမှားနေလို့

တစ်ခါတစ်လေကြတော့လည်း သင်လျောက်လိုက်တဲ့ အလုပ်က သင်နဲ့ အမှန်တကယ် မကိုက်ညီတာမျိုး ရှိတတ်ပါတယ်။ သင့်အနေနဲ့ တခြားသက်ဆိုင်အလုပ်မှာ အတွေ့အကြုံများစွာ ရှိသည့်တိုင်အောင် ခေါ်ယူနေတဲ့ အလုပ်နဲ့ မကိုက်ညီရင် ထည့်သွင်းစဉ်းစားခံရမှာ မဟုတ်ပါဘူး။ အကယ်၍ ကိုယ်က အဲ့အလုပ်ကို တကယ်လုပ်ချင်စိတ်ရှိရင်တော့ Recruiters ကို ဆက်သွယ်ပြီး မေးမြန်းတာမျိုးနဲ့ Career change လုပ်ချင်တဲ့ အကြောင်း သေချာရေးထားတဲ့ Cover Letter ကိုပါ တွဲလျောက်တာမျိုး ပြုလုပ်သင့်ပါတယ်။

အခုဆိုရင် အလုပ်မလျောက်ခင် ဘာတွေပြင်စင်ရမလဲ Interview session ထိရောက်အောင် အလုပ်ဘယ်လို လျှောက်ရမလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။

CV ပြင်စင်ရာမှာ အခက်အခဲရှိတယ် ဆိုရင်တော့ ကျွန်တော်တို့ JobExpress Myanmar Website က Create your CV feature ကို အသုံးပြုနိုင်ပါတယ်။ လှပသေသပ်တဲ့ CV တစ်ခု ဖန်တီးဖို့ အတွက် www.jobexpress.com.mm သို့ဝင်ကာ Account register ပြုလုပ်ပါ။ ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာ ‌ဖြည့်ပြီးပြီဆိုရင် Website Header ရှိ Resume Style ကို နှိပ်ပြီး ကြိုက်နှစ်သက်ရာ Design ကို ရွေးချယ်ပေးလိုက်ရုံပါပဲ ။ ဒါဆိုရင် လှပသေသပ်တဲ့ CV တစ်ခုနဲ့ အလုပ်လျောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ …

ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်း များစွာအတွက်

#JobExpress #Myanmar #CV #resume #interviews #tips

Related Posts

How to prevent Burnout
Career Advice

Burnout ဖြစ်နေပြီလား ?

October 4, 2023
Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ
Career Advice

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
The Importance of Work-Life Balance
Career Advice

The Importance of Work-Life Balance

August 16, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️
Uncategorized

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

July 20, 2022
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “
Uncategorized

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Next Post
“ Interview တွင် မှားလေ့ရှိသော အမှားများ ”

“ Interview တွင် မှားလေ့ရှိသော အမှားများ ”

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

" အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ "

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Job နဲ့ Career ဘာကွာလဲ ?

Job နဲ့ Career ဘာကွာလဲ ?

November 11, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer