JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Uncategorized

“ Interview တွင် မှားလေ့ရှိသော အမှားများ ”

Share on FacebookShare on LinkedinShare on Twitter

Interview ဖြေဆိုရတဲ့အခါ လူတိုင်းမှာ အနည်းအများတော့ စိုးရိမ်ပူပန်မှုတွေ ရှိတတ်ကြပါတယ် ။ Interview အခန်းထဲ မဝင်ခင်နဲ့ ဖြေဆိုနေတဲ့ အချိန်မှာ အမှားလုပ်မိမှာကို စိုးရိမ်နေတာက သင့်ကို ပိုပြီးအမှား ပြုလုပ်မိနိုင်စေပါတယ် ။ ဒီလို စိုးရိမ်ပူပန်တာတွေ လျော့နည်းသွားဖို့နဲ့ ယုံကြည်မှုတွေပိုတိုးလာဖို့ အတွက် အကောင်းဆုံး နည်းလမ်းက ကြိုတင်ပြင်ဆင်မှု ကောင်းဖို့ပါပဲ ။ ပြင်ဆင်တဲ့ အခါမှာ မေး‌လေ့ရှိတဲ့ မေးခွန်းတွေ အပြင်ကို Interview မှာ မှားလေ့ရှိတဲ့ အမှားတွေကိုပါ လေ့လာထားသင့်ပါတယ် ဒါမှ မှားနိုင်တဲ့ အရာတွေကို သတိထားမိပြီး Interviewer တွေလိုချင်တဲ့ အချက်အလက်တွေနဲ့ ယုံကြည်မှုကို ပေးနိုင်မှာပါ။ ဒါကြောင့် Interview မှာ ဘယ်လိုအရာတွေကို မှားလေ့ရှိလည်း ဆိုတာကို လေ့လာကြည့်ရအောင် …

Arriving late or too early

Interview ချိန်းထားတဲ့ အချိန်ကို မှန်မှန်ရောက်ဖို့က အရမ်းအ‌ရေးကြီးပါတယ် ။ Interview မှာ သင်နဲ့ အလုပ်ရှင် နှစ်ဖက်ကြား First Impression ကောင်းမွန်ဖို့ အရေးကြီးတာကြောင့် အချိန်ကိုလေးစားကြောင်း ပြသဖို့ လိုပါတယ်။ Interview အချိန်ထက် နောက်ကျတာလည်း မကောင်းသလို အရမ်းစောရောက်နေတာကလည်း Interviewer အပေါ် အလုပ်များစေနိုင်ပါတယ်။ အကောင်းဆုံး အချိန်ကတော့ ချိန်းထားတာထက် ၁၀ မိနစ် ၊ ၁၅ မိနစ် လောက်ပဲ စောသင့်ပါတယ် ဒါမှ Interviewer အတွက် လုပ်လက်စအလုပ်ကို လက်စသတ်ဖို့ အချိန်ရပြီး Interview အတွက် လိုအပ်တာတွေ ပြင်ဆင်နိုင်မှာပါ ။

Dress Inappropriately

Interview မှာ ဖြစ်သလို ဝတ်သွားတာဟာ အကြီးမားဆုံး red flag ပါပဲ ။ Casual wear လက်ခံတဲ့ ကုမ္ပဏီဆိုရင်တောင်မှာ သေသေသပ်သပ် ဝတ်ဆင်သွားသင့်ပါတယ် ။ Formal ကျကျ သေသပ်စွာ ဝတ်ဆင်ထားတဲ့ အခါ အလုပ်ရှင်အမြင်မှာ သင်က ဒီအလုပ်အပေါ် အလေးထားကြောင်း ပေါ်လွင်စေပြီး Professional တစ်‌ယောက်လို့ ခံစားရစေတာကြောင့် Impression ကောင်းကောင်းရစေပါတယ်။ နောက်ပြီး သေသေသပ်သပ် ဝတ်ထားတဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တိုးစေပါတယ်။

Using your mobile phone           

Interview ဖြေဖို့ စောင့်ဆိုင်းနေတဲ့ အချိန်မှာ ဖုန်းသုံးနေမယ့် အစား CV/Resume ကို ပြန်ဖတ်ပြီး မေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်နေသင့်ပါတယ်။ နောက်ပြီး Interview အခန်းထဲမဝင်ခင်မှာ ဖုန်းကို အသံပိတ်ထားဖို့လည်း မမေ့ပါနဲ့ ဒါမှ ဖြေဆိုနေချိန်အတွင်း အနှောင့်အယှက်ဖြစ်စရာ အသံတွေ မဝင်လာပဲ သေချာအာရုံစိုက် ဖြေဆိုနိုင်မှာပါ။

Not doing company research

Interview စတင်ဖြေဆိုတဲ့ အခါမှာ သင့်အနေနဲ့ Company အကြောင်းကိုလေ့လားထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Interview ချိန်းကတည်းက Company Research ကို သေချာ ပြုလုပ်ထားပါ ဘယ်လို Clients ကို Services ပေးနေလည်း ၊ ဘယ်လို Products တွေ ထုတ်နေလည်း ၊ စျေးကွက်တွင်း ဘယ်လို အခြေအနေရှိလည်း စသဖြင့် လေ့လာထားပါ။ နောက်ပြီး “ဒီ ကုမ္ပဏီကို ဘာလို့လျှောက်ရတာလဲ” ဆိုတဲ့ မေးခွန်းမျိုးကိုပါ ပြင်ဆင်ထားပြီး ကိုယ်ဘယ်လောက် လေ့လာထားသလည်း ဆိုတာကို ပြသလို့ရပါတယ်။

Having no questions to ask

 Interview တာ ပြီးခါနီးဆိုရင်  Interviewer ကနေ “သိချင်တာရှိရင် ‌မေးလို့ရပါတယ်” ဆိုပြီး သင့်ကို မေးခွင့်ပေးတတ်ကြပါတယ် ။ ဒီမှာ Candidates တော်တော်များများက “မေးစရာ မရှိတော့ပါဘူးဆိုပြီး” မေးခွန်း မမေးပဲ အဆုံးသတ်လိုက်ကြပါတယ်။ ဒီလို လုပ်တာဟာ Company အပေါ် စိတ်ဝင်စားမှုနည်းကြောင်း ပြလိုက်တာပါပဲ ဒါကြောင့် Interview မဖြေခင်မှာ မေးစရာမေးခွန်းတွေ ပြင်ဆင်ထားပါ။ ပြင်ဆင်တဲ့အခါမှာလည်း Company Website နဲ့ Social Media မှာ ဖော်ပြထားတဲ့ Info ကို ထပ်မေးတာမျိုး မဖြစ်သင့်ပါဘူး နောက်ပြီး Interview မှာ ပြောသွားတာကို ထပ်မေးလိုက်တာလည်း မဖြစ်ရပါဘူး မသေချာတာမျိုးရှိရင်တော့ Confirm ပြုလုပ်နိုင်ပါတယ် ။ ဘယ်လိုမေးခွန်းတွေ မေးသင့်လည်းဆိုတော့ –

  • Company culture က ဘယ်လိုမျိုး ရှိလည်း သိချင်ပါတယ်?
  • လတ်တလောကာလမှာ ကုမ္မဏီရဲ့ အရေးအကြီးဆုံး Goal က ဘာများ ဖြစ်မလဲဗျ ?
  • ဒီအလုပ်ရခဲ့ရင် ဘယ်သူ့ကို report လုပ်ရမှာလဲ ခင်ဗျ နောက်ပြီး တူတူလုပ်ရမယ့် team အကြောင်းလေးလည်း သိထားချင်ပါတယ်?

စတဲ့ Company နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေမေးမြန်းနိုင်သလို Career Development နဲ့ သက်ဆိုင်တာမျိုးတွေ မေးမြန်းပြီး အလုပ်အပေါ် ဘယ်လောက် အလေးထားကြောင်း ပြသနိုင်ပါတယ်။

အခုဆိုရင် ဘယ်လိုအမှားမျိုးတွေ လုပ်တတ်လေ့ရှိလည်း ဆိုတာကို သိရှိလောက်ပြီလို့ ယုံကြည်ပါတယ် ။ Interview တွေမှာ အ‌ကောင်းဆုံး ဖြေဆိုနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆု‌တောင်းပေးလိုက်ပါတယ်…

Related Posts

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️
Uncategorized

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

July 20, 2022
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “
Uncategorized

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Uncategorized

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…

April 22, 2022
Uncategorized

Accounting & Finance Vocabulary In Use

April 19, 2022
Uncategorized

“အိမ်မှာနေရင်း လေ့လာလို့ရမယ့် Online Learning Website များ”

April 7, 2022
Next Post
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

" အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ "

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer