JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Uncategorized

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

Share on FacebookShare on LinkedinShare on Twitter

ဒီဘက်ခေတ်မှာတော့ ငွေကြေးအခက်အခဲ ဆိုတာ လူတန်းစားမရွေး ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတစ်ခုပါ ။ အထူးသဖြင့် ဒီလို ကပ်ဘေး ကာလမှာဆိုရင် စီးပွားရေးကျဆင်းလာမှုကြောင့် ကျနော်တို့ရဲ့ စိုးရိမ်မှုတွေကလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း စိုးရိမ်နေရုံနဲ့တော့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး ။ လစဉ်အသုံးနဲ့ ဝင်ငွေ မညီမျှတာတွေ ၊ Personal debt တွေကြောင့် စိတ်ဖိစီးရတာကို သက်သာဖို့အတွက် Financial plan တစ်ခုလုပ်ထားဖို့တော့ လိုအပ်‌လာပါပြီ။

ဒါကြောင့် ဒီနေ့မှာ ရင်ဆိုင်နေရတဲ့ ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘယ်လိုစီမံသင့်သလည်း ဆိုတာကို မျှဝေပေးသွားပါမယ် …

? (1) သင့်ကို ညအိပ်မပျော်စေတဲ့ အရာကို ရှာဖွေပါ

ငွေကြေးကိစ္စကြောင့် အိပ်မပျော်နိုင်တဲ့အထိ ဖြစ်နေတာကို ကျော်ဖြတ်ဖို့ဆိုရင် အရင်ဆုံး ဘယ်အရာက စိတ်ဖိစီးစေတာလည်း အရင်ဆုံး ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း အကြောင်းအရာကို သေချာသိပြီး နောက်ဘာလုပ်သင့်လည်းဆိုတာကို မြင်သာစေမှာပါ။ အကြီးမားဆုံး ငွေကြေးအခက်အခဲကို သိဖို့အတွက် –

✔️ သင်ရဲ့ ပိုက်ဆံကို ဘယ်နေရာမှာ အသုံးများလဲ ချရေးကြည့်ပါ ( အိမ်အသုံးစရိတ်လား ၊ Online Shopping စရိတ်လား )

✔️ ပြီးရင် ဘယ်အသုံးစရိတ်က သင့်အတွေးထဲ အမြဲရောက်နေလည်း list လုပ်ပါ

✔️ ဒီလိုဆိုရင် အရေးကြီးတဲ့ အသုံးစရိတ်နဲ့ မလိုအပ်တဲ့ အသုံးစရိတ် ပေါ်လွင်လာမှာပါ

? (2) လစဉ် အသုံးစရိတ် သတ်မှတ်ထားပါ

Monthly budget သတ်မှတ်တာက ငွေးကြေးစီမံနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုပါ။ ကိုယ့် လစဉ်ဝင်ငွေနဲ့ အသုံးစရိတ်ကို ကန့်သတ်ထားတာဟာ သင့်ကို မလိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံကုန်နေတာတွေကို ရှောင်နိုင်လာပါလိမ့်မယ်။ လစဥ် ပုံမှန် ကုန်နေတဲ့ အသုံးစရိတ်အတွက် ဖယ်ပြီး ကျန်တဲ့ အထွေထွေ အသုံးစရိတ်အတွက် နှုန်းတစ်ခု သတ်မှတ်ထားလိုက်ပါ။

?️ (3) ယိုပေါက်တွေကို ဖာထေးပါ

လစဉ် အသုံးစရိတ် မလုံလောက်တာက ဝင်ငွေ (Income) နည်းပါးတာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး ။ သင့်အနေနဲ့လည်း ဘယ်အရာမှာ လက်လွတ်စပယ် သုံးမိနေလည်း ပြန်ဆန်းစစ်သင့်ပါတယ် ။ ဒီလိုပြောလို့ အသုံးစရိတ်တိုင်းကို တစ်ဝက်လောက် လျော့ခိုင်းတာ မဟုတ်ပါဘူး ။ ကိုယ့်နေထိုင်မှုအတွက် လိုအပ်တဲ့ Need and Want ကို ခွဲခြားပြီး ဆင်ခြင်စေလိုတာပါ ( ဥပမာ – ရေ နဲ့ ထမင်း က Need ဖြစ်ပြီးတော့ တစ်နေ့ကို ကော်ဖီ ၂ ခွက်သောက်တာက want ဖြစ်ပါတယ်) ။ ငွေယိုပေါက်တွေ ထိန်းဖို့အတွက် Need ဖြစ်တဲ့ ရေ နဲ့ ထမင်းကို လျော့စရာ မလိုပဲ Want ဖြစ်တဲ့ ကော်ဖီ (၂)ခွက်မှာ တစ်ခွက်ပဲသောက်တာမျိုးနဲ့ ထိန်းနိုင်ပါတယ်။

? (4) အရေးပေါ်အသုံးစရိတ် သတ်မှတ်ပါ

ငွေးကြေးပမာဏတစ်ခုကို အရေးပေါ်အတွက် ဖယ်ထားခြင်းက ရေရှည်မှာ ငွေကြေးကြောင့် စိုးရိမ်ပူပန်မှုတွေ ကင်းဝေးစေနိုင်ပါတယ်။ Covid19 ကာလမှာဆိုရင် အရေးအပေါ်အသုံးစရိတ်က မဖြစ်မနေကို သတ်မှတ်ထားသင့်တဲ့ အရာပါ။  အရေးပေါ်အတွက် ငွေစုဖို့ဆိုတာကလည်း လွယ်တဲ့အရာတော့ မဟုတ်ပြန်ပါဘူး ။ ဝင်ငွေရဲ့ သုံးလစာလောက် စုထားရမှာမလို့ challenge ဖြစ်စေပါတယ် ။ ဒါကြောင့် ငွေစုနိုင်ဖို့အတွက် –

✔️ Budget plan ကို ကြည့်ပြီး တစ်လကို ဘယ်လောက် စုနိုင်လည်း ရှာပါ (Need list ထဲက အရာတွေ သုံးပြီး ကျန်တဲ့ ဝင်ငွေထဲကနေ စုငွေသတ်မှတ်ပါ)

✔️ (၃)လ ကနေ (၆)လ အတွင်း သုံးရမယ့် စရိတ်ကို ကြိုတင် တွက်ချက်ထားပါ

✔️ ငွေစုဖို့အတွက် သုံးမယ် Savings account ကို သီးသန့်ထားပါ

? (5) Income ကောင်းဖို့အတွက် ပြင်စင်ပါ

ရတဲ့ ဝင်ငွေတွေ သတ်မှတ် ကန့်သတ်နိုင်ပြီဆိုရင် ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ နီးစပ်နေပါပြီ။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင် Monthly plan , Budget expenses plan တွေ နဲ့တင် မလုံလောက်သေးပါဘူး။ မနက်ဖြန်ဘာဖြစ်မလည်း ကြိုပြောမရတဲ့ ခေတ်မှာ သင့်ရဲ့ Income ကလည်း ခေတ်နဲ့အညီလိုက်ပြီး တိုးတက်ပြောင်းလဲဖို့ လိုပါတယ်။ Career ကို တိုးတက်စေမယ့် ပညာတွေ သင်ယူတာ ၊ Side career တစ်ခုရွေးချယ်ပြီး အပိုဝင်ရှာငွေတာ တွေ ၊ Income ကောင်းတဲ့ အလုပ် လုပ်တာမျိုးတွေနဲ့ ကြိုတင်ပြင်စင်ထားနိုင်ပါတယ်။

ဒီအချက်လေးတွေကို သိသွားပြီဆိုတော့ ငွေကြေးအခက်အခဲတွေ မကြုံလာအောင် ဘယ်လိုစီမံရမလဲ ဆိုတာ နားလည်သွားပြီလို့ ထင်ပါတယ်။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် တွေကို ရယူလိုတယ်ဆိုရင်တော့ jobexpress.com.mm မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်နော်…

? Website – www.jobexpress.com.mm

? Email – info@jobexpress.com.mm

Follow us on

? LinkedIn –  

? Telegram – https://t.me/jobexpressmm

ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ အတွက်

#JobExpressMyanmar #financial #plan #budget #saving

Related Posts

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “
Uncategorized

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
“ Interview တွင် မှားလေ့ရှိသော အမှားများ ”
Uncategorized

“ Interview တွင် မှားလေ့ရှိသော အမှားများ ”

June 9, 2022
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Uncategorized

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…

April 22, 2022
Uncategorized

Accounting & Finance Vocabulary In Use

April 19, 2022
Uncategorized

“အိမ်မှာနေရင်း လေ့လာလို့ရမယ့် Online Learning Website များ”

April 7, 2022
Next Post
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer