JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Employer

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

Share on FacebookShare on LinkedinShare on Twitter

Company တစ်ခုမှာရှိတဲ့ လုပ်ငန်းရှင်တွေ ၊ HR Manager တွေရဲ့အဓိကတာဝန်ဟာ အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေနဲ့အတူတူ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပြီးမြောက်အောင် ၊ ရှိနေတဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေ မြင့်တက်လာအောင် ၊ နောက်ပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေရှာဖွေထိန်းသိမ်းနိုင်ရမယ့် အပိုင်းတွေအစရှိတဲ့ Function မျိုးစုံလုပ်ရပါတယ်။ အခု အပိုင်းမှာတော့ HR Function တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Recruitment & Selection နဲ့ပတ်သက်ပြီး HR Managers တွေအသုံးများတဲ့နည်းလမ်းလေးအချို့ဝေမျှပေးမှာဖြစ်ပါတယ်။

Recruitment Methods မှာဆိုရင် ယေဘုယျအားဖြင့် Internal Recruitment နဲ့ External Recruitment ဆိုပြီးအဓိကနှစ်မျိုးနှစ်စားရှိပါတယ်။ ယခုပြောကြားမယ့်အပိုင်းမှာတော့ Internally Recruit လုပ်တဲ့အပိုင်းမှာပါဝင်တဲ့ Personal Skillsets တွေ ၊ Job Posting အကြောင်းတွေအပြင် Informal Methods နဲ့လူစုဆောင်း ချင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကို ရှင်းပြပေးဖို့အတွက်ရည်ရွယ်ပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

(၁) Personal Records & Skill Banks

အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ဖို့အတွက် အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို နယ်ပယ်အသီးသီးကရှာဖွေမယ့်အစား ကိုယ့်မှာရှိတဲ့ဝန်ထမ်းတွေရဲ့ Skillsets ကိုအရင်ဦးဆုံးဆန်းစစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေတာဝန်ယူထားတဲ့ Responsibilities တွေက သူတို့မှာရှိတဲ့ Education တွေ ၊ Skills Level တွေနဲ့ အဆင်ပြေပါ့မလားဆိုတာစဉ်းစားပေးဖို့လိုပါတယ်။ ကိုယ့်လုပ်ငန်းအတွက် Potential ရှိတဲ့ ဝန်ထမ်းကောင်းတွေပိုင်ဆိုင်ထားရတယ်ဆိုရင် လုပ်ငန်းအတွက်သော်လည်းကောင်း ၊ ကိုယ့်ရဲ့ဝန်ထမ်းအတွက်သော်လည်းကောင်း နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် Workshop ၊ Corporate Training ၊ Online Learning Website အစရှိတဲ့နည်းလမ်းနဲ့ ကိုယ့်ဝန်ထမ်းကိုပြုစုပျိုးထောင်ခြင်းဟာ အဖွဲ့အစည်းနဲ့ ဝန်ထမ်းကြား Employee Relations ကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) Job Posting

ဒုတိယအချက်အနေနဲ့ အရင်ဦးဆုံးတွေးမိတာက နယ်ပယ်အသီးသီးမှာရှိတဲ့ ဝန်ထမ်းတွေကို ကိုယ့် Company ကတစ်ဆင့်တိုက်ရိုက်ခေါ်ယူတော့မယ်ဆိုရင် လိုအပ်တဲ့ Vacancy ကို အဖွဲ့အစည်းကတစ်ဆင့်တိုက်ရိုက်ကြေငြာတဲ့ Job Posting ပဲဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် အခေါ်များတဲ့ Management Trainee ၊ Probation Period ၊ Internship အစရှိတဲ့ Title မျိုးစုံနဲ့ခေါ်ယူကြတာတွေလည်းတွေ့ရပါတယ်။ CV တစ်ခုတည်းကိုကြည့်ပြီး ဝန်ထမ်းကိုရွေးချယ်မယ့်အစား CV Screening အပြင် General Ability Assessment ၊ Video Assessment ၊ Case Study အစရှိတဲ့ Assessment နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းဖြစ်လာမယ့်သူရဲ့ IQ, EQ အပြင် Teamwork Spirit ကိုပါ မျက်မြင်ကိုယ်တွေ့မြင်တွေ့ရမှာပါ။Internally အရဆိုရင် အဓိကအားသာချက်အနေနဲ့ငွေရေးကြေးရေးကုန်ကျစားရိတ်ကို အထိုက်အလျောက်လျော့ပေးနိုင်မယ့်အပြင် Apply လုပ်လာတဲ့ CV အားလုံးကိုလည်း ကိုယ့်ရဲ့ Pipeline ထဲမှာသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

(၃) Informal Methods

Traditional နည်းအတိုင်း Job Posting တင်ပြီးအရည်အချင်းရှိတဲ့ ဝန်ထမ်းတွေရှာဖွေလို့ရတဲ့အပြင် Informal နည်းလမ်းအတိုင်း ရှာဖွေလို့ရပါတယ်။ ကော်ပိုရိတ်အဖွဲ့အစည်းတွေ တော်တော်များများကလည်းကျင့်သုံးနေတဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ အဲ့တာကတော့ Indirect Motivation ပါ။ ဝန်ထမ်းတွေရဲ့ Productivity ကိုနဂိုထက်ပိုပြီးတိုးတက်အောင် Interior Awards အပါအဝင် Motivational Awards ပေးလို့ရပါတယ်။ ရုံးမှာကျင်းပတဲ့ပျော်ပွဲရွှင်ပွဲတွေ ၊ ချီးကျူးတာတွေအပြင် ရာထူးအခွင့်အရေး ၊ Bonus အစရှိတာတွေပေးခြင်းအားဖြင့် ဝန်ထမ်းတစ်ယောက်ရဲ့ အဖွဲ့အစည်းအပေါ်သတ်မှတ်ထားတဲ့ Values ကလည်းမြင့်လာမှာပါ။

အထက်ပါဖော်ပြခဲ့တဲ့ အချက်သုံးချက်ဟာဆိုရင် အဖွဲ့အစည်းတစ်ခုမှာရှိတဲ့ဝန်ထမ်းတွေနဲ့ကောင်းမွန်တဲ့ Employee Relations တစ်ခုတည်ဆောက်နိုင်အောင် ၊ Motivation အပါအဝင် Productivity ပါတစ်ပါတည်းတိုးတက်လာအောင် ၊ နောက်ဆုံး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေရဲ့ Turnover Rate ကိုလျှော့ချနိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျ။

Content By Htet Wai Yan Lynn

Related Posts

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ
Employer

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ

March 23, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ
Employer

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

January 20, 2021
Business Plan For 2021
Employer

Business Plan For 2021

January 14, 2021
Meeting Tips for Managers
Employer

Meeting Tips for Managers

December 22, 2020
လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?
Employer

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

December 16, 2020
Next Post
Business Plan For 2021

Business Plan For 2021

Power Ranger လုပ်မလား ?Superman လုပ်မလား ?

Power Ranger လုပ်မလား ?Superman လုပ်မလား ?

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လုပ်ငန်းခွင်မှာပေါင်းသင်းဆက်ဆံရေးကောင်းအောင် ဘယ်လိုပြုမူနေထိုင်မလဲ?

လုပ်ငန်းခွင်မှာပေါင်းသင်းဆက်ဆံရေးကောင်းအောင် ဘယ်လိုပြုမူနေထိုင်မလဲ?

November 11, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer