လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေး ၃ ပါးနဲ့ ဘယ်သူမှမကင်းနိုင်ကြပါဘူး။ငယ်ငယ်တုန်းကတော့ ကျောင်းနေအရွယ်ဖြစ်တဲ့အတွက်ကြောင့် မိဘရဲ့ အရိပ်အာဝာသမှာ ခိုလှုံပီးစားဝတ်နေရေးအတွက်မပူပင်ရပေမယ့်ဘွဲ့ရပီးနောက်ပိုင်းမှာတော့ စားဝတ်နေရေးအတွက် စတင်ကြိုးစားရုန်းကန်ကြရပါပီ။ တစ်ချို့ဘွဲ့မရခင်ကတည်းကအိမ်စီးပွားရေးကိုတစ်ဖက်တစ်လမ်းထောက်ပံ့နေကြရတဲ့သူတွေလည်းရှိကြပါတယ်။အဲ့လိုအချိန်မှာစားဝတ်နေရေးအတွက် လုပ်လိုက်ရတဲ့အလုပ်၁ခုဟာ အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါမှာ ငြီးငွေ့လာမယ်၊ စိတ်ဓာတ်ကျလာမယ်၊ ၁ခြားသူတွေ သူတို့ career မှာ အောင်မြင်နေကြတာကို မြင်တဲ့အခါ ကိုယ့်ဘဝကိုယ်တွေးပီး အလိုလိုအားငယ်လာမယ်။
လက်ရှိအလုပ်ကထွက်ပီး ကိုယ့်ဝာသနာကို လုပ်ဖို့တွေဝေနေမယ်၊နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ အဆင်ရောပြေနိုင်ပါ့မလား စတဲ့ အကြောင်းအရာမျိုးစုံကို စဉ်းစားရင်း လက်ရှိအလုပ်ကို မစွန့်လွှတ်နိုင် ဖြစ်ကြရပါတယ်။တကယ်တော့ လူငယ်တွေမှာ အဓိက လိုအပ်နေတဲ့အရာက comfort zone ကနေရုန်းထွက်ဖို့နဲ့ ကြောက်လန့်စိတ်တွေကို ဖယ်ရှားဖို့ပါ။
Message CAREER versus LIFE on yellow and blue paper notes as opposite arrows pinned on cork board with thumbtacks. Choice conceptual image
(၁) အခုအချိန်မှာ ကိုယ် ဝာသနာပါတဲ့ အရာကိုအလုပ်နိုင်သေးရင်လည်း အဲ့လမ်းကြောင်းပေါ်မှာတော့ရှိနေပါစေ။ အကယ်၍ ကိုယ်က ခုချိန်မှာ waiter လုပ်နေရပေမယ့် ကိုယ့်ဝာသနာက makeup artist ဖြစ်ချင်တာဆိုရင် အားလပ်ချိန် makeup သင်တန်းတွေတက်ပါ။ ယနေ့ခေတ်မှာ YouTube ကနေလည်း ကိုယ်လိုချင်ရာကို စိတ်ကြိုက်ရှာဖွေ ဆည်းပူးလေ့လာနိုင်ပါတယ်။
(၂) ကောက်ရိုးမီးလို ဟုန်းခနဲ တောက်ပီး ပြန်ငြိမ်းသွားတာမျိုး မဖြစ်စေဖို့ လေးစားအားကျရတဲ့ Idol အနည်းဆုံးတစ်ယောက် ရှိနေပါစေ။ ဒါဟာလည်း ကိုယ့်ပန်းတိုင်ကိုရောက်အောင်သွားနိုင်ဖို့ အင်အားတစ်ခု ဖြစ်စေပါလိမ့်မယ်။
(၃) ကိုယ့်ကိုယ်ကိုယ်ပဲ နေ့တိုင်းယှဉ်ပြိုင်နေပါ။သူများတွေဘယ်လောက်ထိ အောင်မြင်နေကြပီလဲ ဆိုတာကြည့်ပီး စိတ်ဓာတ်မကျပါနဲ့။ လူတိုင်း သူ့အချိန်နဲ့သူ လည်ပတ်နေတာပါ။ အမြဲကြိုးစားနေတဲ့သူအတွက် အခွင့်အရေးဆိုတာ ပေါ်လာစမြဲပါ။
(၄) ဘဝဆိုတာ စက်ဘီးစီသလိုပါပဲ။ အောင်မြင်မှုမှတ်တိုင်လေးတွေ တစ်တိုင်ပီး တစ်တိုင်ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပီးနင်းနေရမှာပဲ။ကိုယ်ဝာသနာပါရာ နယ်ပယ်၁ခုမှာ ဆရာတစ်ဆူဖြစ်ချင်ရင်တော့ သင်ယူခြင်းကို မရပ်ပစ်ဖို့လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်းတိုးတက်အောင် အစဉ်တစိုက်ကြိုးစားဖို့လိုပါတယ်။
ပစ္စုပ္ပန်က ကိုယ့်အပိုင်ဖြစ်နေတဲ့တိုင် မကြိုးစားခဲ့လိုက်ရလို့ ၊ အချိန်တွေဖြုန်းခဲ့မိလို့ ကိုယ့်အတွက်ကိုယ် မရှင်သန်လိုက်ရလို့ ဆိုပီး နောင်တမရအောင် နေထိုင်ကြည့်ပါ။ လူတွေကပစ္စုပ္ပန်ကို တန်ဖိုးမထားပဲ အနာဂတ်မှာ အဲ့ဒီပစ္စုပ္ပန်တွေက အတိတ်ဖြစ်သွားမှ နောင်တရကြတယ်။ အဲ့ဒါကြောင့် တစ်နေ့နေ့မှာတော့ ကိုယ့်ရဲ့ ပစ္စုပ္ပန်ကို ကိုယ်တိုင် ဆုပ်ကိုင်နိုင်ပြီး ကိုယ့်ကမ္ဘာကို ကိုယ့်စိတ်ကြိုက် ဆေးရောင်စုံတွေ ခြယ်ပစ်နိုင်တဲ့ လူသားတစ်ယောက်ဖြစ်ပါစေလို့ တောင်းဆုပြုရင်း…….
Content By Pyae Pyae