JobExpress
No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs
JobExpress
No Result
View All Result

Online Job Portal နဲ့ Recruitment Agency ဘာကွာလဲ?

December 8, 2020
1 min read
Share on FacebookShare on TwitterShare Linkedin

ဝန်ထမ်းသစ်တွေခန့်တိုင်း လုပ်ငန်းရှင်တွေအမြဲခေါင်းစားရတဲ့ ပြသာနာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းရှင်တွေက Recruitment Process လုပ်တဲ့အခါ လုပ်ရိုးလုပ်စဉ်အတိုင်း Agency သုံးပြီး Right Candidates ရှာမလား ဒါမှမဟုတ် နည်းပညာရဲ့ ရေစီးကြောင်းအရ Online Job Portal တွေပေါ်လာတဲ့အခါ job portal ပဲသုံးမလားဆိုတဲ့ မေးခွန်းပါ။
နောက်ပြီး JobPortalsတွေက လက်တွေ့မှာ အကျိုးသက်ရောက်မှုရှိနိုင်လားဆိုတာနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း agency ပဲသုံးပြီး recruit လုပ်မလားပေါ့။ Job Portal တွေက Right Candidates တွေအများကြီးကို ရှာဖွေပေးတာကြောင့် Recruitment industry က ပိုပြီးစျေးကြီးနိုင်လားဆိုတဲ့ မေးခွန်းတွေရယ် လုပ်ငန်းရှင်တွေစိတ်မှာ Job portal နဲ့ ‌Agency ဘယ်ဟာက ပိုကောင်းတဲ့ Option လဲဆိုတာကို ဝေခွဲရခက်နေတယ်ဆိုတာကို ဖြေရှင်းပေးဖို့ရည်ရွယ်ပြီးရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

Online Job Portal နဲ့ Recruitment Agency ရဲ့ မတူညီတဲ့အချက်ကဘာလဲ?

ပထမဆုံး Job portal ဆိုတာက Online Website ပေါ်မှာ Job post တွေတင်ပေးပြီး Jobseeker တွေကိုအလုပ်ရအောင်ကူညီပေးတဲ့ Websiteတစ်ခုဖြစ်တယ်။ နောက်ပြီး လုပ်ငန်းရှင်တွေရဲ့ ရုံးပိုင်းဆိုင်ရာ Informationတွေကို Profile၊ Banner ပေါ်မှာတင်ပေးတာကြောင့် Branding လည်းမြှင့်တင့်ပြီးသားဖြစ်တယ်။ ဒါ့အပြင် နေရာ‌ဒေသအသီးသီးက Right Candidatesတွေကို တစ်စုတစ်ဝေးထဲရရှိနိုင်တာကြောင့်အချိန်ကုန်သက်သာစေပါတယ်။ အရေးကြီးဆုံးလုပ်‌‌ဆောင်ချက်တစ်ခုဖြစ်တဲ့ Hiring Costဆိုတာလည်း ဝန်ထမ်းစခေါ်ယူဖို့ ပြင်ဆင်တဲ့အချိန်ကစပြီး ဝန်ထမ်းရှာနေတဲ့ အချိန်အတွင်း ကျသင့်ကျထိုက်တဲ့ Cost တစ်ခုရှိတာကြောင့်အခုလိုကာလမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဝန်ထမ်းကောင်းတွေလည်းရမယ်၊ Cost လည်းသက်သာချင်တယ်ဆိုရင်တော့ Job Portal တွေကိုအသုံးပြုသင့်ပါတယ်။နောက်ပြီး Job Portal တွေက Agency နဲ့မတူတဲ့အချက်က Candidates တွေအနေနဲ့ ကိုယ်လိုချင်တဲ့ Positionကို ကိုယ်တိုင်ရှာ၊ ကိုယ်တိုင်လျှောက်တာကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း ပိုပြီး Qualified ဖြစ်တဲ့ Right Candidates တွေကိုရရှိနိုင်မယ်ဖြစ်တယ်။ ဒါ့အပြင် Job Portal တွေက လုပ်ငန်းရှင်နဲ့ Candidates ကိုတိုက်ရိုက်ထိ‌‌တွေ့ပေးတဲ့ Website ဖြစ်ပါတယ်။

Agency ဆိုတာကြ Offline ကနေ လုပ်ငန်းရှင်ဘက်က လိုအပ်တဲ့positionအတွက် Right Candidates ရအောင် ရှာပေးတဲ့အလုပ်ရှာဖွေရေး agency တစ်ခုဖြစ်တယ်။ တကယ်လို့ လုပ်ငန်းရှင်ဘက်က ဝန်ထမ်းသစ်ခန့်ချင်တယ်ဆိုရင် BD တွေက Company နဲ့ဆက်သွယ်‌‌ပေးပါတယ်။ နောက်တစ်ဆင့်မနေနဲ့ ရလာတဲ့ Position တွေကိုသက်ဆိုင်ရာ Recruiter ဆီလွှဲပေးပါတယ်။ ထိုမှတစ်ဆင့် Recruiter တွေက လိုအပ်နေတဲ့ position နဲ့ 80% အကိုက်ညီဆုံးသောသူများကို အရင်ဆုံး CV screening လုပ်တယ်၊ Phone နဲ့ Pre-interview အရင်ဆုံးလုပ်ပြီး Candidates ကို ကိုယ်၀င်ရမဲ့ Company ရဲ့ Information ကိုအသေးစိပ်ရှင်းပြပေးပါတယ်။ အာ့ထဲကမှ နောက်ဆုံးအချက်အနေနဲ့ ရလာတဲ့ Candidates တွေထဲကမှ အကိုက်ညီဆုံးဖြစ်တဲ့ Right Candidatesတွေကိုလုပ်ငန်းရှင်တွေဘက်ပြန်လည်ပို့ပေးတာဖြစ်တယ်။ ဒါတွေကတော့ Agency လုပ်ဆောင်ပုံအကျဉ်းချုပ်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေ၊ Hiring Manager အနေနဲ့ အချိန်မြန်မြန်နဲ့ ဝန်ထမ်းကောင်းတွေလိုချင်တယ်ဆိုပါက Agency ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ အာ့လိုမဟုတ်ပဲ Cost သက်သက်သာသာနဲ့ Candidates တွေအများကြီးထဲမှ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ခန့်အပ်ချင်တယ်ဆိုရင် Online Job Portal ကိုသာအသုံးပြုသင့်ပါတယ်။ အကယ်လို့ ကိုယ်က Online Job Portal ကိုစိတ်ဝင်စားတယ်ဆိုရင် မြန်မာနိုင်ငံရှိနေရာဒေသအသီးသီးက Right Candidates တွေကိုတစ်နေရာထဲမှာရနိူင်သည့်အပြင် Qualified ဖြစ်တဲ့ CV တွေရအောင် သေချာ Care လုပ်ပေးတဲ့ Database System လည်းပါဝင်သော JobExpress ကို‌ ရွေးချယ် အသုံးပြုလိုက်ပါခင်ဗျာ။ ဒါကြောင့်အချိန်မဖြုန်းပဲ Right Candidates တွေကို ရရှိနိုင်မဲ့ JobExpress Website ကိုအသုံးပြုပြီး ဝန်ထမ်းကောင်းတွေခေါ်ယူစို့လားခင်ဗျာ။

Content By Kit Kit

Previous Post

နေ့စဉ် လုပ်ငန်းဆောင်တာတွေကနေကိုယ့်ရဲ့ ambition ကို ဘယ်လိုရောက်အောင်သွားကြမလဲ?

Next Post

လုပ်ငန်းခွင်မှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ?

Next Post

လုပ်ငန်းခွင်မှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ?

Monday Blues ခံစားနေရပါသလား?

Discussion about this post

Stay Connected test

  • 711.3k Fans
  • Trending
  • Comments
  • Latest

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Covid 19ကာလကြီး ပြီးဆုံးသွားရင် Companyအများစုက ထွက်သွားတဲ့ နေရာလွတ်တွေအတွက် အပြိုင်အဆိုင် အလုပ်တွေ ခေါ်တော့မှာပါ။ အလုပ်ရှာတဲ့ ဝန်ထမ်းတွေကလဲများနေမှာ ကြိမ်းသေပါပဲ။

Interview ကိုဘယ်လိုအကောင်းဆုံးဖြေမလဲ?

November 11, 2020

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020

Business Plan For 2021

0

COVID-19 အလွန် ဘာတွေ ပြင်ဆင်ထားသင့်လဲ ? ဘာတွေ ပြောင်းလဲသွား နိုင်လဲ ?

0

How to Increase Your Self-Confidence?

0

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

0

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021

Recent News

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021
JobExpress

© 2020 Blog JobExpress

Navigate Site

  • Home
  • Find Jobs
  • Find Talent or Post Jobs

Follow Us

No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs

© 2020 Blog JobExpress