JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Employer

Online Job Portal နဲ့ Recruitment Agency ဘာကွာလဲ?

Share on FacebookShare on LinkedinShare on Twitter

ဝန်ထမ်းသစ်တွေခန့်တိုင်း လုပ်ငန်းရှင်တွေအမြဲခေါင်းစားရတဲ့ ပြသာနာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းရှင်တွေက Recruitment Process လုပ်တဲ့အခါ လုပ်ရိုးလုပ်စဉ်အတိုင်း Agency သုံးပြီး Right Candidates ရှာမလား ဒါမှမဟုတ် နည်းပညာရဲ့ ရေစီးကြောင်းအရ Online Job Portal တွေပေါ်လာတဲ့အခါ job portal ပဲသုံးမလားဆိုတဲ့ မေးခွန်းပါ။
နောက်ပြီး JobPortalsတွေက လက်တွေ့မှာ အကျိုးသက်ရောက်မှုရှိနိုင်လားဆိုတာနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း agency ပဲသုံးပြီး recruit လုပ်မလားပေါ့။ Job Portal တွေက Right Candidates တွေအများကြီးကို ရှာဖွေပေးတာကြောင့် Recruitment industry က ပိုပြီးစျေးကြီးနိုင်လားဆိုတဲ့ မေးခွန်းတွေရယ် လုပ်ငန်းရှင်တွေစိတ်မှာ Job portal နဲ့ ‌Agency ဘယ်ဟာက ပိုကောင်းတဲ့ Option လဲဆိုတာကို ဝေခွဲရခက်နေတယ်ဆိုတာကို ဖြေရှင်းပေးဖို့ရည်ရွယ်ပြီးရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

Online Job Portal နဲ့ Recruitment Agency ရဲ့ မတူညီတဲ့အချက်ကဘာလဲ?

ပထမဆုံး Job portal ဆိုတာက Online Website ပေါ်မှာ Job post တွေတင်ပေးပြီး Jobseeker တွေကိုအလုပ်ရအောင်ကူညီပေးတဲ့ Websiteတစ်ခုဖြစ်တယ်။ နောက်ပြီး လုပ်ငန်းရှင်တွေရဲ့ ရုံးပိုင်းဆိုင်ရာ Informationတွေကို Profile၊ Banner ပေါ်မှာတင်ပေးတာကြောင့် Branding လည်းမြှင့်တင့်ပြီးသားဖြစ်တယ်။ ဒါ့အပြင် နေရာ‌ဒေသအသီးသီးက Right Candidatesတွေကို တစ်စုတစ်ဝေးထဲရရှိနိုင်တာကြောင့်အချိန်ကုန်သက်သာစေပါတယ်။ အရေးကြီးဆုံးလုပ်‌‌ဆောင်ချက်တစ်ခုဖြစ်တဲ့ Hiring Costဆိုတာလည်း ဝန်ထမ်းစခေါ်ယူဖို့ ပြင်ဆင်တဲ့အချိန်ကစပြီး ဝန်ထမ်းရှာနေတဲ့ အချိန်အတွင်း ကျသင့်ကျထိုက်တဲ့ Cost တစ်ခုရှိတာကြောင့်အခုလိုကာလမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဝန်ထမ်းကောင်းတွေလည်းရမယ်၊ Cost လည်းသက်သာချင်တယ်ဆိုရင်တော့ Job Portal တွေကိုအသုံးပြုသင့်ပါတယ်။နောက်ပြီး Job Portal တွေက Agency နဲ့မတူတဲ့အချက်က Candidates တွေအနေနဲ့ ကိုယ်လိုချင်တဲ့ Positionကို ကိုယ်တိုင်ရှာ၊ ကိုယ်တိုင်လျှောက်တာကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း ပိုပြီး Qualified ဖြစ်တဲ့ Right Candidates တွေကိုရရှိနိုင်မယ်ဖြစ်တယ်။ ဒါ့အပြင် Job Portal တွေက လုပ်ငန်းရှင်နဲ့ Candidates ကိုတိုက်ရိုက်ထိ‌‌တွေ့ပေးတဲ့ Website ဖြစ်ပါတယ်။

Agency ဆိုတာကြ Offline ကနေ လုပ်ငန်းရှင်ဘက်က လိုအပ်တဲ့positionအတွက် Right Candidates ရအောင် ရှာပေးတဲ့အလုပ်ရှာဖွေရေး agency တစ်ခုဖြစ်တယ်။ တကယ်လို့ လုပ်ငန်းရှင်ဘက်က ဝန်ထမ်းသစ်ခန့်ချင်တယ်ဆိုရင် BD တွေက Company နဲ့ဆက်သွယ်‌‌ပေးပါတယ်။ နောက်တစ်ဆင့်မနေနဲ့ ရလာတဲ့ Position တွေကိုသက်ဆိုင်ရာ Recruiter ဆီလွှဲပေးပါတယ်။ ထိုမှတစ်ဆင့် Recruiter တွေက လိုအပ်နေတဲ့ position နဲ့ 80% အကိုက်ညီဆုံးသောသူများကို အရင်ဆုံး CV screening လုပ်တယ်၊ Phone နဲ့ Pre-interview အရင်ဆုံးလုပ်ပြီး Candidates ကို ကိုယ်၀င်ရမဲ့ Company ရဲ့ Information ကိုအသေးစိပ်ရှင်းပြပေးပါတယ်။ အာ့ထဲကမှ နောက်ဆုံးအချက်အနေနဲ့ ရလာတဲ့ Candidates တွေထဲကမှ အကိုက်ညီဆုံးဖြစ်တဲ့ Right Candidatesတွေကိုလုပ်ငန်းရှင်တွေဘက်ပြန်လည်ပို့ပေးတာဖြစ်တယ်။ ဒါတွေကတော့ Agency လုပ်ဆောင်ပုံအကျဉ်းချုပ်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေ၊ Hiring Manager အနေနဲ့ အချိန်မြန်မြန်နဲ့ ဝန်ထမ်းကောင်းတွေလိုချင်တယ်ဆိုပါက Agency ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ အာ့လိုမဟုတ်ပဲ Cost သက်သက်သာသာနဲ့ Candidates တွေအများကြီးထဲမှ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ခန့်အပ်ချင်တယ်ဆိုရင် Online Job Portal ကိုသာအသုံးပြုသင့်ပါတယ်။ အကယ်လို့ ကိုယ်က Online Job Portal ကိုစိတ်ဝင်စားတယ်ဆိုရင် မြန်မာနိုင်ငံရှိနေရာဒေသအသီးသီးက Right Candidates တွေကိုတစ်နေရာထဲမှာရနိူင်သည့်အပြင် Qualified ဖြစ်တဲ့ CV တွေရအောင် သေချာ Care လုပ်ပေးတဲ့ Database System လည်းပါဝင်သော JobExpress ကို‌ ရွေးချယ် အသုံးပြုလိုက်ပါခင်ဗျာ။ ဒါကြောင့်အချိန်မဖြုန်းပဲ Right Candidates တွေကို ရရှိနိုင်မဲ့ JobExpress Website ကိုအသုံးပြုပြီး ဝန်ထမ်းကောင်းတွေခေါ်ယူစို့လားခင်ဗျာ။

Content By Kit Kit

Related Posts

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ
Employer

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ

March 23, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ
Employer

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

January 20, 2021
Business Plan For 2021
Employer

Business Plan For 2021

January 14, 2021
လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment
Employer

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021
Meeting Tips for Managers
Employer

Meeting Tips for Managers

December 22, 2020
Next Post
လုပ်ငန်းခွင်မှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ?

လုပ်ငန်းခွင်မှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ?

Monday Blues ခံစားနေရပါသလား?

Monday Blues ခံစားနေရပါသလား?

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer