အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့ နဲ့ ကုမ္ပဏီမှာ ထိန်းသိမ်းထားနိုင်ဖို့က လုပ်ငန်းရှင်တွေ ဒါမှမဟုတ် ကုမ္ပဏီဘက်က ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှတစ်ခု ဖြစ်နေဆဲပါ
ဝန်ထမ်းကောင်းတွေ ခန်အပ်နိုင်ဖို့ဆို ကုမ္ပဏီဘက်က လက်ရှိဝန်ထမ်း အပြင် ထွက်ခွာသွားတဲ့ ဝန်ထမ်းဟောင်းတွေနဲ့ပါ ဆက်ဆံရေးကောင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် Employer Branding ကောင်းကောင်း ပြုလုပ်ထားသင့်ပါတယ်…
LinkedIn မှ စစ်တမ်းတွေအရ 80% သော Talent Acquisition Manager တွေဟာ Employer Branding ကောင်းခြင်းက အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေ ခန့်အပ်နိုင်ဖို့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအရေးကြီးတဲ့ Employer Branding ပြုလုပ်ရာမှာ သတိထားသင့်တဲ့ ရှောင်ရန် ဆောင်ရန်လေးတွေ သိထားစေရန်အတွက် မျှဝေပေးသွားျင်ပါတယ် …
Do (ဘာတွေ လုပ်သင့်လဲ)
✔️ စစ်မှန်မှုရှိပါ
စစ်မှန်မှု ရှိခြင်း ၊ ပွင့်လင်းမှုရှိခြင်းက Employer Branding ပြုလုပ်ရာမှာ အလွန်အရေးကြီးပါတယ်။ Company က ဘယ်လိုပုံစံ မျိုးလဲ ၊ ဘာအတွက် ရပ်တည်နေတာလဲ ၊ Company culture က ဘယ်လိုလဲ စတဲ့ အရာတွေကို ပွင့်လင်းမြင်သာအောင် ဖော်ပြထားတဲ့ အခါ Company နဲ့ တကယ်ကိုက်ညီပြီး ဝင်ရောက် လုပ်ကိုင်လိုစိတ်ပြင်းပြတဲ့ ဝန်ထမ်းကောင်းတွေ ရှာဖွေနိုင်စေမှာပါ။ ဒါ့အပြင် အလုပ်ခန့်ပြီးမှ မကိုက်လို့ ပြန်ထွက်တတ်တဲ့ ဝန်ထမ်းတွေကိုလည်း ရှောင်ရှားနိုင်မှာမလို့ အလုပ်ပိုခြင်းတွေကိုလည်း နည်းစေပါတယ်။
✔️ Company’s Vision & Mission အလိုက် ပြောင်းလဲပါ
Business တစ်ခုက ခေတ်ကာလ အပြောင်းအလဲတွေကြားမှာ လိုက်လျောညီထွေအောင် ပြုလုပ်မှသာ အောင်မြင်နိုင်မှာပါ။ ဒီလိုပြောင်းလဲတိုင်း Vision & Mission တွေလည်း မတူနိုင်တာကြောင့် Employer Branding ပြုလုပ်မယ်ဆိုရင် Company’s Vision & Mission တွေနဲ့ အမြဲချိတ်မိအောင် ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ဝန်ထမ်းတွေ အတွက် ကုမ္ပဏီရဲ့ လားရာကို သိနိုင်ပြီး ပိုပြီးပွင့်လင်းတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မှာပါ။
✔️ ဝန်ထမ်းတွေက တဆင့် စကားသံတွေ မျှဝေပါ
Employer Branding ကောင်းမွန်ဖို့ အတွက် အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ လက်ရှိဝန်ထမ်းတွေရဲ့ စကားသံတွေပါပဲ။ ဝန်ထမ်းတွေကို အလုပ်ထဲမှာ ပျော်အောင်ထားပြီး လုံခြုံစိတ်ချမှုတွေ ပေးနိုင်တဲ့ ကုမ္ပဏီကို ဝန်ထမ်းအချင်းချင်း မျှဝေပေးလေ့ရှိပါတယ်။ တစ်နည်းပြောရရင် လက်ရှိဝန်ထမ်း တွေကို ကုမ္ပဏီမှာ သူတို့ကြုံတွေခဲ့တဲ့ အတွေ့အကြုံတွေ ၊ အဖြစ်အပျက်တွေ ၊ motivated ဖြစ်စေတဲ့ အရာတွေကို မေးမြန်းပြီး Social Media နဲ့ တခြား Branding Channel တွေဖြစ်တဲ့ Job Portal Website တွေက တဆင့် စကားသံတွေ မျှဝေလိုက်ပါ။ ဒီစကားသံတွေက ကုမ္ပဏီ အတွက် အကောင်းဆုံး Brand Ambassador တွေ ဖြစ်လာမှာ အသေအချာပါပဲ။
Don’t (ဒါတွေရှောင်ပါ)
✔️ လိုက်လံတုပခြင်း
တခြား ကုမ္ပဏီတွေပြုလုပ်တဲ့ နည်းတွေနဲ့ Branding မပြုလုပ်မိအောင် ဂရုစိုက်ပါ။ တခြားအဖွဲ့အစည်းတွေနဲ့ တူနေတဲ့အခါ လူအများကြားထဲ ကိုယ့်ရဲ့ Brand Voice ကို သတိထားမိစေဖို့ အခွင့်အရေးနည်းတဲ့ အပြင် ကိုယ့်ဆီကို တကယ် ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေကို ဝေဝါးသွားစေနိုင်ပါတယ်။ ဒါကြောင့် သူများနဲ့ မတူပဲ ကိုယ့်ဘက်ကပေးနိုင်တဲ့ အရာတွေကို ပြောပေးပါ။ တခြားကုမ္ပဏီမဟုတ်ပဲ ကိုယ့်ဆီကို လာနိုင်မယ့် အချက် ဘာတွေ ရှိမလဲ စဉ်းစားပါ။ ဒါတွေကသာ လက်ရှိဝန်ထမ်းကို ထိန်းသိမ်းထားနိုင်ပြီး ဝန်ထမ်းကောင်းတွေကို ဆွဲဆောင်စေနိုင်မှာပါ။
✔️ Company Branding နဲ့ Employer Branding ရောနေခြင်း
Customer (or) client ရရှိအောင် လုပ်ပြီး ထိန်းသိမ်းထားနိုင်တာနဲ့ လက်ရှိဝန်ထမ်း (or) အလားအလာရှိတဲ့ ဝန်ထမ်းကို ဆွဲဆောင်ထိန်းသိမ်းရက တော်တော်လေး ကွဲပြားပါတယ်။ ပြောချင်တာက Customer (or) client တွေ ကိုယ့်ရှိက ဘာလို့ ဝယ်ကျလည်းဆိုတဲ့ အချက်က Employees တွေအပေါ်မှာတော့ များစွာသက်ရောက်မှု မရှိပါဘူး။ Employees တွေ လုပ်ကိုင်ရချင်တဲ့ အကြောင်းပြချက်က Customer တွေ ဝယ်ချင်ရတဲ့ အကြောင်းပြချက်နဲ့ မတူတာကို သတိထားပါ။
✔️ Branding Channel နည်းပါးခြင်း
Company Page တစ်ခုတည်းကနေ Brand message ဖြန့်ဝေတာက ထိရောက်မှုနည်းပါးပါတယ်။ ကိုယ့်ရဲ့ brand message ကို နှလုံးသားထဲ အထိ စွဲသွားစေဖို့က လူတွေရဲ့ want & need တွေနဲ့ကိုက်ညီပြီး ပြသတဲ့ နေရာလည်း မှန်ကုန်ဖို့လိုပါသေးတယ်။ ဒီလိုမျိုး Company ကို လူတွေသတိထားမိစေဖို့ အတွက် Social Media တစ်ခုတည်းက ကြော်ညာနေတာမျိုး မဟုတ်ပဲ သက်ဆိုင်ရာ Recruiting Website တွေ ၊ Job fair လိုမျိုး Event တွေမှာ ပါဝင်ခြင်းတွေကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။
ဟုတ်ကဲ့ ဒီလောက်ဆိုရင် Employer Branding မှာ ဘာတွေ ဆောင်ရမယ် ၊ ဘာတွေ ရှောင်ရမယ်ဆိုတာကို သိကြပြီလို့ ယုံကြည်ပါတယ်။ မိတ်ဆွေတို့လည်း လုပ်ငန်းအတွက် Employer Branding ပြုလုပ်ချင်တယ် ဆိုရင်တော့ –
✅ Job Posting & Announcement ( Job portal Website & Social Medias )
✅ Company Profiles ( Webpage )
✅ Website Banners စတဲ့ ဝန်ဆောင်မှုတွေကို
ကျွန်တော်တို့ JobExpress မှ တာဝန်ယူဆောင်ရွက်ပေးနိုင်ပါတယ်။
အသေးစိတ် သိရှိလိုပါက (ဖုန်း – 09 777 002387) ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျ …
#JobExpressMyanmar #EmployerBranding