JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Employer

ကိုယ့်ဝန်ထမ်းတွေကို Motivation ပေးနိုင်မယ့် Internal Recruitment နည်းလမ်းများ

Share on FacebookShare on LinkedinShare on Twitter

လုပ်ငန်းဖက်က အမှန်တကယ်လိုအပ်နေတဲ့ Vacancy အတွက် အကောင်းဆုံးကိုမှရှာချင်တဲ့ ဝန်ထမ်းတွေအတွက်ကတော့ Internal Recruitment နဲ့ External Recruitment ဆိုပြီး အဓိက Methods (၂) မျိုးရှိပါတယ်။

HR Manager တစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကတော့ အပေါ်မှာရှိတဲ့ နည်းလမ်း (၂) မျိူးထဲက ဘယ်လိုပုံစံမျိုးနဲ့ Recruit လုပ်ရင် ကိုယ်လိုချင်တဲ့ Target Group ကိုရနိုင်မလဲ သိထားသင့်ပါတယ်။ အကောင်းဆုံးဆိုတဲ့နည်းလမ်း သီးသန့်ရှိတာမဟုတ်တဲ့အတွက် “Which Recruiting Channels Are Suitable for You?” ဆိုတဲ့ ဘယ်လို Recruiting Channels တွေက သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံးလဲဆိုတာ ကတော့သင့်အပေါ်မူတည်ပါတယ်။

ပထမဦးဆုံးစဉ်းစားရမှာကတော့ Internal Recruitment ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) Advertising Positions Internally (၂) HR Development (၃) Transfers တို့ဖြစ်ပါတယ်။

(၁) Advertising Promotion Internally

ကိုယ့် Company မှာ အတွင်းလူကိုပဲ ရာထူးတိုးပေးရမယ်ဆိုတဲ့ Policy ရှိသလားဆိုတာ ထည့်စဉ်းစားရပါမယ်။ ဝန်ထမ်းဖြည့်ဆည်းတဲ့အခါ စဉ်းစားရမယ့် အချက် (၂) ချက်ရှိပါတယ်။ အပြင်ကလူကို ခန့်တာနဲ့ အတွင်းလူကို ရာထူးတိုးမြှင့်ပေးတာပါ။ အပြင်လူကိုခန့် ထားမယ်ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းရပါလိမ့်မယ်။ ဒါပေမယ့် Idea အသစ်တွေ ၊ လုပ်နည်းကိုင်နည်းအသစ်တွေရရှိနိုင်ပါတယ်။ အတွင်းလူခန့်ထားရင်တော့ အလုပ်သဘောနားလည်ပြီးသားဖြစ်လို့ အလုပ်နဲ့အံဝင်ခွင်ကျဖြစ်ဖို့ အချိန်စောင့်ဆိုင်းစရာမလိုပေမယ့် ၊ အဆင့်တူ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးမပြောင်းလဲတာ ၊ လုပ်နေကျအလုပ်တွေပဲ ဆက်လုပ်တော့ Management တာဝန်ကိုမယူနိုင်တာ ၊ Creativity မရှိတာ စတဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။

ဒါပေမဲ့ အတွင်းလူကို ရာထူးတိုးပေးတဲ့ မူဝါဒရှိရင်တော့ ဝန်ထမ်းတွေဖက်က စိတ်အားတက်ကြွမှုတွေပိုရှိနိုင်တာပေါ့။ မဟုတ်ရင် ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား မထူးပါဘူးဆိုပြီး လုပ်ရည်ကိုင်ရည်လည်း ကျသွားနိုင်သလို လုပ်ငန်းအပေါ်လည်း အမြင်စောင်းသွားနိုင်ပါတယ်။

(၂) HR Development

အများအားဖြင့် Company တွေမှာကြုံတွေ့ရတတ်တာက တကယ်လိုအပ်လို့ ဝန်ထမ်းခေါ်တဲ့အခါမှာ လိုချင်တဲ့အချိန်အတိုင်းအတာအတွင်း လိုချင်တဲ့ အရေအတွက်ကို မရတတ်ကြပါဘူး။
ဒီတော့ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဆိုပါစို့ Content Team မှာ Member (၃) ယောက်ရှိပေမယ့် သူတို့ (၃)ယောက်ကို Manage လုပ်မယ့် Manager မရှိဘူးဆိုရင် သူတို့ (၃) ယောက်ထဲကတစ်ယောက်ကို Promote လုပ်လို့ရနိုင်တာပဲ။ လိုအပ်တဲ့ Skills တွေ ၊ Qualifications တွေဖြည့်ပေးရင် Management Level ဖက်ကို ဆွဲခေါ်သွားလို့ရနိုင်ပါတယ်။

(၃) Transfers

ကိုယ့်ရဲ့ဝန်ထမ်းကို Branch အသစ် ၊ Department အသစ် ဒါမှမဟုတ် Position အသစ်ပြောင်းတာပါ။ ဝန်ထမ်းတွေကိုရွှေ့ပြောင်းတဲ့အခါမှာ လုပ်ငန်းလိုအပ်ချက် သော်လည်းကောင်း ၊ ဝန်ထမ်းရဲ့ အရည်အချင်းအရ သော်လည်းကောင်း ပြောင်းသွားတဲ့ အနေအထားလေးတွေရှိပါတယ်။ နေရာသစ်ကိုရောက်သွားတဲ့ Employee ဖက်မှာတော့ သမားရိုးကျလုပ်စဉ်ကနေ ကွဲထွက်သွားတဲ့ အနေအထားလေးတွေရှိတဲ့အတွက် Stress ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခုလို Transfer လုပ်တဲ့အခါမျိုးက Employee ဖက်ကို ဦးစားပေးစဉ်းစားခိုင်းပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေရင် လုပ်ငန်းအတွက် Productive ပိုဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်ရဲ့ဝန်ထမ်းကို Stress ပိစေပြီး Demotivated ဖြစ်စေမှာပါ​။

အထက်ပါဖော်ပြခဲ့တဲ့ အချက်သုံးချက်ဟာဆိုရင် အဖွဲ့အစည်းတစ်ခုမှာရှိတဲ့ဝန်ထမ်းတွေနဲ့ကောင်းမွန်တဲ့ Employee Relations တစ်ခုတည်ဆောက်နိုင်အောင် ၊ Motivation အပါအဝင် Productivity ပါတစ်ပါတည်းတိုးတက်လာအောင် ၊ နောက်ဆုံး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေရဲ့ Turnover Rate ကိုလျှော့ချနိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျ။

Content By Htet Wai Yan Lynn

Related Posts

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ
Employer

Employer Branding ကောင်းမွန်ဖို့အတွက် ‌ရှောင်ရန် ၊ ဆောင်ရန်များ

March 23, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
Business Plan For 2021
Employer

Business Plan For 2021

January 14, 2021
လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment
Employer

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021
Meeting Tips for Managers
Employer

Meeting Tips for Managers

December 22, 2020
လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?
Employer

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

December 16, 2020
Next Post
Coach vs Mentor ဘာကွာလဲ ?

Coach vs Mentor ဘာကွာလဲ ?

Professional ကျတဲ့ Email တစ်စောင် ဘယ်လိုရေးရမလဲ ??

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer