Monday Blues ဆိုတာက တနင်္လာနေ့ ရုံးပြန်တက်ဖို့အတွက် စိုးရိမ်နေတာ ၊ တက်ကြွမှုမရှိတာ နောက်ပြီးကြုံတွေရမယ့် အလုပ်တာဝန်တွေအတွက် အဆင်သင့်မဖြစ်တာကို ဆိုလိုတဲ့သဘောဖြစ်ပါတယ်။
ကျွန်တော်တို့တွေဟာ စနေ၊တနင်္ဂနွေနေ့တွေမှာတော့ ပျော်နေတတ်ပေမယ့် တနင်္လာနေ့ရောက်တဲ့အခါမှာတော့ Monday Blues ခံစားရပါတယ်။ အကယ်၍ သင်ကိုယ်တိုင်က Monday Blues ကိုခံစားနေရတယ်ဆိုရင် အောက်ပါအချက်တွေကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။
(၁) Prepare for Monday on Friday
တနင်္လာနေ့ဆိုတာက လုပ်စရာအလုပ်တွေပုံနေတတ်တာထုံးစံပါပဲ။ အကောင်းဆုံးအကြံပေးချင်တာကတော့ လုပ်ရမယ့် အလုပ်တာဝန်တွေကို သောကြာနေ့ည (သို့မဟုတ်) ပိတ်ရက်တွေမှာ ငါဘာလုပ်မယ်ဆိုတာကို To do List ချရေးထားပါ။ စဉ်းစားစရာရှိရင် ကြိုစဉ်းစားထားပါ။ ကြိုတင်ပြင်ဆင်ထားခြင်းဟာ အနည်းနဲ့အများတော့ စိုးရိမ်ပူပန်စိတ်ကိုလျော့ချပေးနိုင်မှာပါ။
(၂) Get Enough Sleep & Wake Up Early
သောကြာနဲ့စနေမှာတော့ ကိုယ်လွတ်လပ်သလို နေလို့ရပေမယ့် တနင်္ဂနွေညကိုတော့ ညဉ့်နက်တဲ့အထိမနေပဲ စောစောအိပ်ရာဝင်ဖို့လိုအပ်ပါတယ်။ အိပ်ရေးမဝရင် နောက်နေ့မှာ ခေါင်းကိုက်ခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စိတ်မကြည်ခြင်းတွေ ခံစားရနိုင်ပါတယ်။ အဲ့တာကြောင့် ကောင်းမွန်စွာအိပ်စက်အနားယူပြီး တနင်္လာနေ့နံနက်ကို အားအင်အပြည့်နှင့်စတင်လိုက်ပါ။
(၃) Have Fun at Weekends
သောကြာနေ့ရုံးဆင်းပြီဆိုတာနဲ့ Thank God it’s Friday (TGIF) ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပျော်အောင်နေပါ။ မိသားစုကိုအချိန်ပေးပါ ၊ ကိုယ်ဝါသနာပါရာတစ်ခုခုကိုလုပ်ရင်း စိတ်အပန်းဖြေပါ။ ပိတ်ရက်မှာ အပြည့်အဝအနားယူပြီး စိတ်ခွန်အားပြန်လည်ဖြည့်တင်းပါ။
(၄) Dress For Success
ကိုယ်သဘောကျတဲ့ အဝတ်အစားကိုဝတ်ပြီးအလုပ်သွားတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် အထောက်အကူများစွာပေးပါတယ်။ သပ်ရပ်လှပစွာဝတ်ဆင်ပြီး ယုံကြည်မှုအပြည့်နဲ့ တနင်္လာနေ့ကိုစတင်လိုက်ပါ။Monday Blues ခံစားနေရတဲ့သူငယ်ချင်းတွေရှိနေရင် လက်တို့ပြီးပြောပြလိုက်ပါအုံးနော်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ တနင်္လာနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။
Content By Htet Wai Yan Lynn