JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Career Advice

လုပ်ငန်းခွင်မှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ?

Share on FacebookShare on LinkedinShare on Twitter

အပြိုင်အဆိုင်များနေတဲ့ လူ့ဘောင်လောကထဲမှာ အောင်မြင်မှုတစ်ခုတည်းကိုပဲ ဦးတည်ပြီးကျင်လည်နေတဲ့ ကျွန်တော်တို့တွေကို အောင်မြင်မှုထက်ပိုအရေးကြီးတဲ့အရာတွေရှိကြောင်း Pandemic ကာလကြီးက သက်သေပြပြီးပါပြီ။ ကျွန်တော်တို့ရဲ့အောင်မြင်မှုထက် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစုတွေ ၊ ဆွေမျိုးအပေါင်းအသင်းတွေ ၊ နောက်ဆုံးကိုယ်ကိုယ်တိုင် အစရှိတဲ့တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကအရေးကြီးပါတယ်။ ဒီတော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင်လည်း ထိန်းသိမ်းနိုင်အောင် ၊ ဘဝအောင်မြင်မှုအတွက်ကြိုးစားအလုပ်လုပ်နေရင်း ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ရနိုင်သမျှအချိန်လေးမှာ ဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။ ပထမဆုံးအချက်ကတော့..

(၁) Take Frequent Breaks

လုပ်ရမယ့်အလုပ်တွေပြီးချင်လို့ ရုံးကိုအချိန်မှန်လာပြီး တစ်ထိုင်တည်းအလုပ်လုပ်တာက သူများတွေထက်အလုပ်ပိုပြီးမြောက်မယ်လို့ထင်မယ် ၊ အနားယူတာက အချိန်ဖြုန်းတာလို့ထင်ရင်တော့ သင်ထင်တာမှားနေပါပြီ။ တရစပ် ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးနေရင် အကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကျလာမယ် ၊ စိတ်အားထက်သန်မှုတွေကျဆင်းလာမှာဖြစ်ပါတယ်။ ကိစ္စတစ်ခုမှာ စဉ်းစားမရဖြစ်နေရင် (၅) မိနစ်လောက် အနားယူပြီးမှ ပြန်လုပ်တဲ့အခါမှာ ပိုပြီးထိထိရောက်ရောက်လုပ်နိုင်တာတွေ့ရမှာပါ။

(၂) Maintain Good Posture

ကွန်ပြူတာအသုံးများရတဲ့ ဝန်ထမ်းတွေဆိုရင် Screen ကို နာရီပေါင်းများစွာထိုင်ကြည့်နေရတဲ့အတွက် မလိုလားအပ်တဲ့ Stress တွေ ၊ ဇာတ်ကြောတတ်တာတွေ ၊ မျက်စိကိုက်တာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ရဲ့လည်ပင်းကို ရှေ့တိုးပြီးစိုက်ကြည့်တဲ့အခါ နောက်မှာရှိတဲ့ဇက်ကြောကတင်းပြီး ဒါဏ်ဖြစ်တာပါ။ အခုလိုမဖြစ်ရအောင် ကိုယ့်ရဲ့ ကိုယ်နေကိုယ်ဟန်ကို ကောင်းကောင်းမွန်မွန်ထိန်းခြင်းကလည်း ကာကွယ်နိုင်ပါတယ်။

(၃) Restrict Your Caffeine Intake

ဒီနေ့ခေတ်မှာတော့ ရုံးသွားနေရတဲ့လူအများစုက ကဖိန်းဓာတ်ပါတဲ့ ကော်ဖီတွေ ၊ ဖျော်ရည်တွေကို မစားသုံးပဲသူတို့ရဲ့တစ်နေ့တာကို ဖြတ်သန်းဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ တစ်နေ့တစ်ခွက်သောက်သုံးတာတော့အဆင်ပြေပေမယ့် လိုတာထက်ပိုသွားရင်တော့ “တန်ဆေးလွန်ဘေး” ဆိုတဲ့စကားအတိုင်း ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ ကဖိန်းဓာတ်က လူကိုလန်းဆန်းစေပေမယ့် သူ့မှာပါဝင်တဲ့ သကြားတွေ ၊ ကရင်မ်တွေ အစရှိတဲ့အချိုဓာတ်တွေက ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်။

(၄) Eat Sensibly

ရုံးသွားနေရတဲ့ ကျွန်တော်တို့လို ဝန်ထမ်းအများစုက ကိုယ့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို အမြဲတမ်း ရွေးချယ်စားသောက်ဖို့ ခဲယဉ်းတယ်ဆိုတာနားလည်ပါတယ်။ ဒါ့အပြင် ဆီများတဲ့အစားအစာတွေ ၊ ကယ်လိုရီများတဲ့အစားအစာတွေ ၊ အပြင်စာတွေ ဝယ်စားနေတာကိုလည်း ချုပ်တည်းဖို့လိုအပ်ပါတယ်။ အဓိကတိုက်တွန်းချင်တာကတော့ မနက်စာကိုပြည့်ပြည့်ဝဝစားသုံးပါ။အကျိုးဆက်အနေနဲ့ တစ်နေ့တာလုပ်ဆောင်ရမယ့် ကိစ္စအဝဝမှာ ပိုပြီးထိထိရောက်ရောက်လုပ်နိုင်တာကို မျက်မြင်ကိုယ်တွေ့ခံစားရမှာပါ။ ဒါ့အပြင် နေ့လည်ဘက်မှာလည်း သစ်သီးဝလံလေးတွေ အထိုက်အလျောက်စားသုံးပေးရင် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေလည်းရရှိစေပြီး နိုးနိုးကြားကြားဖြစ်စေပါတယ်။

(၅) Drink Plenty of Water

ကိုယ့်ရဲ့အလုပ်မှာ စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ရင်လုပ်သလောက် ရေဓာတ်ခမ်းခြောက်တယ်ဆိုတာ သင်သိပါသလား? အဲ့ဒါကြောင့် လုံလောက်တဲ့ပမာဏကိုသောက်သုံးပြီး ရေဓာတ်ပြည့်ဝအောင်နေဖို့ကလည်း အရေးကြီးပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အထောက်အထားအရ အလုပ်လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ အမျိုးသားဆိုရင် (2.5 လီတာ) နဲ့ အမျိုးသမီးဆိုရင် (2 လီတာ) သောက်သုံးသင့်ကြောင်းဖော်ပြထားပါတယ်။ ရေဓာတ်ဖြည့်တဲ့အခါမှာလည်း သောက်သုံးရေအပါအဝင် အရည်ရွှမ်းတဲ့သစ်သီးဝလံတွေ စားသုံးသာကလည်း အထောက်အကူဖြစ်ကြောင်းဖော်ပြထားပါသေးတယ်။

ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုဆိုတာ နေ့ချင်းညချင်းဖြစ်မလာပါဘူး။ အကျိူးရှိမယ့် အလေ့အထတွေကိုလည်း ကိုယ့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေမှာ ထည့်သွင်းဖို့အရေးကြီးပါတယ်။ အပေါ်ကအချက်တွေကို သိရှိပြီးလိုက်လံကျင့်သုံးမယ်ဆိုရင် ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့သူဖြစ်မယ်လို့ယုံကြည်ပါတယ်။

Content By Htet Wai Yan Lynn

Related Posts

How to prevent Burnout
Career Advice

Burnout ဖြစ်နေပြီလား ?

October 4, 2023
Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ
Career Advice

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
The Importance of Work-Life Balance
Career Advice

The Importance of Work-Life Balance

August 16, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Power Ranger လုပ်မလား ?Superman လုပ်မလား ?
Career Advice

Power Ranger လုပ်မလား ?Superman လုပ်မလား ?

January 20, 2021
Next Post
Monday Blues ခံစားနေရပါသလား?

Monday Blues ခံစားနေရပါသလား?

Ways to Develop Your Creativity

Ways to Develop Your Creativity

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer