JobExpress
No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs
JobExpress
No Result
View All Result

Interview မှာ အငြင်းခံရဖူးလား?

December 23, 2020
1 min read
Share on FacebookShare on TwitterShare Linkedin

” လိုတာမရ၊ ရတာမလို ” ဖြစ်တာလူ့သဘာဝပါပဲ။ လောကမှာလိုချင်တာ အကုန်ရနိုင်တဲ့သူဆိုတာမရှိပါဘူး။ လူတိုင်းက Rejection ကို အနည်းနဲ့အများ ခံစားကြရတာပါတယ်။ အဲ့ဒီလိုငြင်းပယ်မှု‌တွေထဲကမှ ကိုယ်မျှော်လင့်ထားတဲ့အလုပ် အင်တာဗျူးတစ်ခုကနေ ငြင်းပယ်ခံရတဲ့အခါ သာမန်ထက်ပိုပြီး စိတ်ဓာတ် ကျဆင်းတာတွေ၊ ယုံကြည်မှုပျောက်ဆုံးတာတွေဖြစ်တတ်ပါတယ်။ နောက်ထပ် Interview တစ်ခု ထပ်ဖြေဖို့ကြောက်လန့်နေတတ်ပါတယ်။ အာ့လိုအခြေအနေရောက်ရင် ဘယ်လိုကျော်ဖြတ်ကြမလဲ?

(၁) အတွေ့အကြုံတွေကိုအသုံးချပါ။

အလုပ်ရှာတဲ့အခါ ကိုယ်နဲ့အဆင်ပြေမယ်ထင်ပြီး လက်တွေ့မှာ မကိုက်ညီတာတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ နောက်ပြီး Positionနဲ့ ကိုက်ညီပေမဲ့ Interviewerနဲ့ အဆင်မပြေတာတွေ ဖြစ်ဖူးကြမှာပါ။ အဲ့ဒီအရာတွေကနေ တစ်ဆင့်ကိုယ်ဘာတွေပိုပြီး ပြောင်းလဲပြင်ဆင်သင့်တယ်ဆိုတာအခွင့်အရေးတစ်ခုအနေနဲ့ပြန်ပြီးအသုံးချကြည့်ပါ။ နောက်တစ်ခါ ဖြေဆိုမဲ့ Interviewမှာ ကိုယ့်ဘက်ကလိုအပ်ချက်တွေကိုပြင်ပြီးအကောင်းဆုံးဖြေဆိုလိုက်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုထားဖို့လည်းမမေ့ပါနဲ့။

(၂) မင်းညံ့လို့မဟုတ်ဘူး။

တစ်ခါတစ်လေ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ Personal ကိုမကြိုက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လျှောက်တဲ့ Position က သူတို့မလိုအပ်လို့ပဲဖြစ်ဖြစ်ငြင်းပယ်ခံရတတ်ပါတယ်။ အဲ့ဒီလိုငြင်းပယ်မှုတွေကို ကိုယ်တိုင်က စိတ်မနှစ်ဖို့လိုပါတယ်။ ကိုယ်က အကောင်းဆုံးဖြေလိုက်ပေမဲ့ ကိုယ်ထက်ပိုပြီး အတွေ့အကြုံရှိတဲ့သူကို ရွေးချယ်တတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ကိုယ်ကညံ့လို့ မဟုတ်ပဲ ကိုယ့်ထက်ပိုတော်တဲ့သူကို အတုယူပြီး အရင်ထက်ပိုကြိုးစားလိုက်တာက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

(၃) ကိုယ့်တက်လမ်းကိုယ်မဖျက်စီးပါနဲ့။

Interview မှာအငြင်းခံလိုက်ရတဲ့အခါ ကိုယ်တိုင်က နောက်အလုပ်တစ်ခုကို ပြောင်းလျှောက်ဖို့ တွန့်ဆုတ်နေတတ်ပါတယ်။ အဲဒီလိုကြောက်ရွံမှုတွေကြောင့်ကိုယ့်ရဲ့တက်လမ်းကို ဟန့်တားမှု မဖြစ်စေပါနဲ့။ ဒါ့အပြင် ကိုယ့်ကို အလုပ်မခန့်လို့ အလုပ်ရှင်ကို စိတ်တိုနေမဲ့အစား ကိုယ့်ဘက်ကနေ ပညာရှင်ဆန်ဆန်စိတ်ထားပါ။ ကုမ္ပဏီဘက်က ကိုယ့်ကို Interview ခေါ်ဖို့ဖြစ်ဖြစ်၊ အလုပ်ခန့်ဖို့ဖြစ်ဖြစ်အချိန်ယူနေတယ်ဆိုရင် စိတ်ရှည်ရှည်နဲ့စောင့်ပါ။ အကယ်လို့ ကိုယ်က ဒီအလုပ်နဲ့အဆင်မပြေဘူးဆိုရင် နောက်တစ်ခါ သူတို့ဘက်ကလိုအပ်လာတဲ့ တစ်ခြား Position တွေမှာ ကိုယ့်ကိုပိုပြီး ဦးစားပေးခေါ်ရအောင် အလုပ်လျှောက်တဲ့အခါမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးကိုတည်ဆောက်ထားသင့်ပါတယ်။ နောက်ပြီးကိုယ်က ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲအကြောင်းအရာတွေကို အလုပ်ရှင်တွေသိအောင် ပြောပြသင့်ပါတယ်။ အဲ့ဒီလိုမှလည်း နောက်ပိုင်းတွေမှာ ကိုယ့်ကိုပြန်ဆက်သွယ်ဖို့အခွင့်အရေးများမှာဖြစ်တယ်။

(၄) လဲကျတိုင်းပြန်ထဖို့မမေ့ပါနဲ့။

လူတိုင်းက တစ်ခါကျရှုံးပြီးရင် နောက်တစ်ခါ ပြန်ထဖို့၀န်လေးတတ်ကြပါတယ်။ ” ငုပ်မိသဲတိုင် တက်နိုင်ဖျား” ဆိုတဲ့အတိုင်း အောင်မြင်ခဲ့တဲ့လူတွေက သူတို့ရဲ့ရည်မှန်းချက်ကိုရောက်ဖို့ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရတယ်၊ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ မလျော့သောဇွဲတွေနဲ့ ထပ်ခါထပ်ခါကြိုးစားပြီး‌မှ  အောင်မြင်မှုအသီးအပွင့်က်ုခံစားရတာပါ။ အဲ့ဒီလိုပဲကိုယ့်ကိုယ်စိတ်၀င်စားမှုမရှိတဲ့အခွင့်အရေးတစ်ခုက ငြင်းပယ်လိုက်တာက နောက်ထပ်ပိုကောင်းတဲ့ လမ်းသစ်ကိုလျှောက်ဖို့ အခွင့်အရေးပေးတာလည်း ဖြစ်နိုင်ပါတယ်။

အကယ်လို့ သင်က Interview ကနေငြင်းပယ်ခံခဲ့ရတဲ့သူတစ်ယောက် ဖြစ်ခဲ့ဖူးရင် ဒီစာလေးကိုဖတ်ပြီးနောက်တစ်ကြိမ်ပြန်ထပါ။ ကျွန်တော်တို့ဘ၀မှာ ကျွန်တော်တို့ကိုယ်တိုင် အံးလို့ လက်မခံသရွေ့ မရှုံးပါဘူး။ ဘယ်ပြိုင်ပွဲမဆို အနိုင်နဲ့အရှုံး နှစ်မျိုးရှိပါတယ်။ ကိုယ်က ဒီတစ်ခါ ရှုံးသွားလို့အမြဲတမ်း ရှုံးတယ်လို့မဆိုလိုပါဘူး။ ဒါကြောင့် ဘယ်နှစ်ခါပဲငြင်းခံရပါစေ နောက်တစ်ကြိမ်ပြန်ထပြီးအနိုင်ယူဖို့ အကြံပြုရင်း ရေးသားလိုက်ပါတယ်ခင်ဗျာ။

Content by Kit Kit

Previous Post

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

Next Post

How to be happy in your career?

Next Post

How to be happy in your career?

Meeting Tips for Managers

Discussion about this post

Stay Connected test

  • 711.3k Fans
  • Trending
  • Comments
  • Latest

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Covid 19ကာလကြီး ပြီးဆုံးသွားရင် Companyအများစုက ထွက်သွားတဲ့ နေရာလွတ်တွေအတွက် အပြိုင်အဆိုင် အလုပ်တွေ ခေါ်တော့မှာပါ။ အလုပ်ရှာတဲ့ ဝန်ထမ်းတွေကလဲများနေမှာ ကြိမ်းသေပါပဲ။

Interview ကိုဘယ်လိုအကောင်းဆုံးဖြေမလဲ?

November 11, 2020

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020

Business Plan For 2021

0

COVID-19 အလွန် ဘာတွေ ပြင်ဆင်ထားသင့်လဲ ? ဘာတွေ ပြောင်းလဲသွား နိုင်လဲ ?

0

How to Increase Your Self-Confidence?

0

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

0

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021

Recent News

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021
JobExpress

© 2020 Blog JobExpress

Navigate Site

  • Home
  • Find Jobs
  • Find Talent or Post Jobs

Follow Us

No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs

© 2020 Blog JobExpress