အခုကျွန်တော်တို့ရဲ့ 2020 ကသိပ်မကြာခင်မှာပဲကုန်တော့မှာဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးပိတ်ရက်တွေကလည်းတဖြည်းဖြည်းနီးကပ်လို့လာပါပြီ။ အရင်နှစ်တွေကလို နှစ်သစ်ကိုလွတ်လွတ်လပ်လပ်ကြိုဆိုလို့မရတော့ပေမယ့် ကိုယ့်အနီးအနားမှာရှိတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ ၊ မိတ်ဆွေတွေနဲ့နီးစပ်လို့ရတဲ့ အခွင့်အရေးတစ်ခုတော့ဖြစ်လာပါတယ်။ ဒီတော့ “Happy New Year” ဆိုပြီး သန်းခေါင်ယံအချိန်စောင့်ပြီးအော်ကြမယ့် New Year Eve နဲ့ မနက်ဖြန်မှာကျရောက်မယ့် New Year မှာ ကိုယ့်ရဲ့အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်မယ့်နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။
(၁) Make a Vision Board
2020 လို့ပြောလိုက်တာနဲ့ မေ့လို့မရနိုင်တဲ့အရာတွေအများကြီးရှိသလို တစ်ဖက်ရှုထောင့်ကကြည့်ပြန်ရင်လည်း Technology ဘက်တိုးတက်ပြောင်းလဲလာတာကိုလည်း နဖူးတွေ့ဒူးတွေ့ကြုံကြိုက်ခဲ့ကြရမှာပါ။ 2021 မှာတော့ အခုနှစ်လိုမျိုး အခြေအနေတွေအတွက် အကောင်းဆုံးဆိုတဲ့အရာတွေအတွက် ပြင်ဆင်ချင်ရင်တော့ Vision Board ပြင်ဆင်ထားပါ။ လာမယ့်နှစ်အတွင်းမှာဘယ်လိုအရာတွေတော့ ပြီးမြောက်ချင်တယ် ဆိုတဲ့ အရာလေးတွေတစ်နည်းအားဖြင့် Educational Goals, Financial Goals, Physical Goals အစရှိတာတွေကို ချရေးထားပြီးကိုယ်နေ့တိုင်းမြင်နိုင်တဲ့နေရာမှာထားဖို့အကြံပေးပါတယ်။
(၂) Take a Real Rest
အခုပြောတဲ့ Take a real rest ဆိုတာ 2021 ကစပြီးကိုယ့်ကိုယ်ကိုယ် လွတ်လွတ်လပ်လပ်အနားပေးခိုင်းတာမဟုတ်ပါဘူး။ ဆိုလိုရင်းကတော့ အခုလိုအချိန်မှာ အစိုးရရုံးပိတ်ရက်တွေလည်းရှိနေပြီဆိုတော့ အရင်ရက်တွေတုန်းကလိုမျိုး အလုပ်အကြောင်းတွေကြီး
စဉ်းစားမနေဖို့ပြောချင်တာပါ။ အခုအချိန်ကာလလေးမှာရတဲ့ Life ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းပါ။ YouTube ကဟင်းချက်နည်းလေးတွေ ၊ Handmade ပစ္စည်းလုပ်တာလေးတွေ ၊ တူရိယာတစ်မျိုးမျိုး စတင်လေ့လာတာမျိုးတွေ အစရှိတဲ့ မလုပ်ဖူးသေးတဲ့ အရာလေးတွေကို စတင်လို့ရပါတယ်။
(၃) Organize Yourself
ကိုယ့်ရဲ့ဘဝကို အစီအစဉ်တကျနဲ့ Organize ဖြစ်အောင်နေဖို့ဆိုတာအခုအချိန်ထက်ပိုပြီးကောင်းတဲ့ အချိန်မရှိတော့ပါဘူး။ ပထမဦးဆုံးအနေနဲ့ 2020 လိုမျိုးပေါ့ပေါ့ပါးပါးလေးဖြတ်သန်းမယ်လို့စိတ်မကူးထားပါနဲ့လို့မှာချင်ပါတယ်။ အကယ်၍သင်ကအခုလုပ်နေတဲ့အလုပ်ထက်ပိုကောင်းတဲ့အလုပ်ကိုပြောင်းချင်မယ် ၊ အလုပ်ရှာနေတယ့် သူဆိုရင် ပိုပြီးတိုးတက်အောင်မြင်အောင် ဘာတွေလုပ်ထားရမလဲ ၊ ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို စပြီးတွေးထားသင့်ပါပြီ။ ကိုယ့်မှာမရှိတဲ့ Skills တွေဖြည့်ချင်တယ်ဆိုရင် ဒီပိတ်ရက်မှာ စပြီးစဉ်းစားထားဖို့အတွက်လည်းတိုက်တွန်းလိုက်ပါတယ်။
(၄) Celebrate for 2021
နောက်ဆုံးအချက်အနေနဲ့ကတော့ နှစ်သစ်ကိုကြိုဆိုတဲ့အချိန်အခါလေးဖြစ်တဲ့အတွက် အလုပ်အကြောင်းမတွေးပဲပျော်ပျော်ကြီးဆင်နွှဲလိုက်ပါ။ စိတ်ပူပင်စရာကိစ္စတွေအားလုံးခဏမေ့ထားပြီး ပျော်ပျော်ကြီးနေပလိုက်ပါ။ ဒီညမှာ Party ရှိတယ်ဆိုရင် Party Game တွေဆော့တာဖြစ်ဖြစ် ၊ ပျော်ရွှင်နွေးထွေးစရာကောင်းတဲ့ ညစာလေးကို ချစ်ခင်ရသူတွေနဲ့ဆင်နွှဲတာဖြစ်ဖြစ် မျိုးစုံလုပ်လို့ရပါတယ်။ ဒါ့အပြင် ကိုယ်ချစ်ခင်ရသူတွေနဲ့လည်း ကောင်းမွန်တဲ့ Relationship တစ်ခုတည်ဆောက်နိုင်အောင်လည်း ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်လေးဖြစ်ပါစေကြောင်းဆိုပြီး စာတိုလေးတွေပို့ပေးဖို့လည်းမမေ့ပါနဲ့နော်။
ချစ်ခင်ရတဲ့မိသားစုတွေနဲ့အတူပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေပိုင်ဆိုင်ပြီး 2021 ခုနှစ်မှာ ပိုမိုထူးချွန်တဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
Content By Htet Wai Yan Lynn