JobExpress
No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs
JobExpress
No Result
View All Result

Bus စီးရင်းအချိန်ကုန်နေပြီလား?

December 28, 2020
1 min read
Share on FacebookShare on TwitterShare Linkedin

အခြေခံလူလတ်တန်းစားတွေများတဲ့ မြန်မာနိုင်ငံမှာဆိုရင် ရုံးရောက်ဖို့အတွက် Ferry စီးရတဲ့အချိန် ၊ Bus ကားစီးရတဲ့အချိန်တွေက တော်တော်လေး အချိန်ပေးရသလိုစိတ်အနှောင့်အယှက်လည်းဖြစ်ရပါတယ်။ တစ်ချို့တွေဆို အသွားအပြန်ကြီးပဲ (၄)နာရီလောက်အချိန်ကုန်တာတွေရှိပါတယ်။ အသက်အရွယ်ငယ်တုန်းမှာတော့မသိသာပေမယ့် ဒီလိုနေရာတွေမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေပေးလိုက်တာက အမှားကြီးတစ်ခုပါပဲ။ ဒီတော့ အခုလိုမျိုး Ferry စီးနေတာပဲဖြစ်ဖြစ် ၊ Bus ကားစီးနေတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက် လုပ်လို့ရနိုင်တဲ့အရာလေးတွေကတော့..

(၁) Read a book

IT ခေတ်ကြီးထဲမှာ စာဖတ်ချိန်ဆိုတာမရှိသလောက်ရှားသွားတယ်ဆိုပေမယ့် Bus စီးနေတဲ့အချိန်မျိုးမှာ ဘာမှမလုပ်ပဲထိုင်ပြီးလိုက်လာရင်တော့ တန်ဖိုးရှိတဲ့ အချိန်တွေ ၊ အခွင့်အရေးကောင်းတွေ ဖြုန်းတီးလိုက်တာနဲ့အတူတူပါပဲ။ အကယ်၍သင်က ဝတ္ထုတွေ ၊ ဆောင်းပါးတွေဖတ်လေ့မရှိတဲ့သူဆိုရင်တောင် Facebook ကနေတစ်ဆင့် Save လုပ်ထားတဲ့ ဆောင်းပါးတွေဖတ်လို့ရပါတယ်။ စစချင်းမှာတော့ အလေ့အကျင့်မရှိလို့ခက်ခဲနေပေမယ့် နောက်ပိုင်းမှာပျော်စရာကောင်းတာတွေ့လာမှာပါ။

(၂) Write

Blogger ဖြစ်ချင်တယ် ၊ စာရေးရတာဝါသနာပါတယ်ဆိုရင် Laptop လေးတစ်လုံးနဲ့ နားကြပ်လေးတစ်ဖက်စီတပ်ပြီး ကိုယ့်ရဲ့စိတ်ကူးလေးတွေ ၊ Idea အသစ်အဆန်းလေးတွေချရေးဖို့က Bus ကားစီးနေတဲ့အချိန်ကလွဲပြီး အကောင်းဆုံးအချိန်ဆိုတာမရှိတော့ပါဘူး။Laptop မရှိရင်လည်း ဖုန်းလေးနဲ့လည်းရေးလို့ရနိုင်သေးတာပဲ။ ရေးဖို့ Mood မပါသေးရင်တောင်မှ ရေးမယ့်အကြောင်းအရာကိုကိုးကားဖို့အတွက် ရှာတာဖြစ်ဖြစ် ၊ မှီငြမ်းဖို့စာရှာတာဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် ဘာတွေလုပ်မယ်ဆိုပြီး To Do List ပါပြင်ဆင်လို့ရပါတယ်။

(၃) Listen

အပေါ်ကအချက် (၂) ချက်မှာပြောခဲ့တဲ့နည်းလေးတွေအတိုင်း စာရေးစာဖတ်လုပ်ရတာအဆင်မပြေဘူးဆိုရင် နားထောင်လို့ရတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ Online Class တက်နေတဲ့သူဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ ကိုယ်လွတ်သွားတဲ့ သင်ခန်းစာတွေ ၊ ဘာသာစကားနဲ့ပတ်သက်ပြီး Listening ပိုင်းတွေရဲ့ အသံသွင်းထားတဲ့ Audio တွေကို Download လုပ်ပြီးနားထောင်လို့ရပါသေးတယ်။

(၄) Solve Problems

ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်းသိချင်တာ ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်စေတဲ့အရာတစ်ခုခုကိုရှင်းချင်တာရှိရင် ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်ကိုယူပြီး ကိုယ့်ရဲ့အတွေးတွေကို စက္ကူပေါ်ချရေးလိုက်ပါ။ ချရေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကိုလည်းရှင်းလင်းစေပြီး အထောက်အကူများစွာပေးမှာအသေအချာပါပဲ။

(၅) Learn a Language

ဘာသာစကားတစ်ခုကို အခုမှစလေ့လာနေတဲ့သူ ဒါမှမဟုတ် လေ့လာနေဆဲသူဆိုရင်တော့ ဒီအချက်လေးကတော်တော်လေးအထောက်အကူပြုမှာပါ။ ဘာသာစကားတစ်ခုတတ်မြောက်ဖို့ဆိုတာ အချိန်တစ်ခုပေးရတယ်ဆိုတာ အားလုံးသိကြမှာပါ။ တစ်ထိုင်တည်းနဲ့အားလုံးလေ့လာလို့မရပေမယ့် Bus ကားစီးနေတဲ့အချိန်မှာ တစ်ရက်ကို မိနစ် ၃၀ ကနေ ၆၀ လောက်အချိန်ပေးရင် တိုးတက်လာတာကိုလည်းတွေ့ရမယ်။ နောက်ပြီး ဝါသနာတစ်ခုလိုပါဖြစ်လာပါလိမ့်မယ်။

အပေါ်ကအချက်တွေထဲမှာမှ တစ်ချက်ချက်ကိုပုံမှန်ကျင့်သုံးသွားမယ်ဆိုရင် ရလာဒ်တစ်ခုကို မျက်မြင်ကိုယ်တွေ့မြင်ရမှာပါ။ အချိန်ကိုအကျိုးရှိစွာအသုံးချရင်း အောင်မြင်တဲ့သူတွေ ဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

Content By Htet Wai Yan Lynn

Previous Post

5 Tips For Improving Work Ethics

Next Post

4 Things to do on New Year

Next Post

4 Things to do on New Year

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

Discussion about this post

Stay Connected test

  • 711.3k Fans
  • Trending
  • Comments
  • Latest

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Covid 19ကာလကြီး ပြီးဆုံးသွားရင် Companyအများစုက ထွက်သွားတဲ့ နေရာလွတ်တွေအတွက် အပြိုင်အဆိုင် အလုပ်တွေ ခေါ်တော့မှာပါ။ အလုပ်ရှာတဲ့ ဝန်ထမ်းတွေကလဲများနေမှာ ကြိမ်းသေပါပဲ။

Interview ကိုဘယ်လိုအကောင်းဆုံးဖြေမလဲ?

November 11, 2020

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020

Business Plan For 2021

0

COVID-19 အလွန် ဘာတွေ ပြင်ဆင်ထားသင့်လဲ ? ဘာတွေ ပြောင်းလဲသွား နိုင်လဲ ?

0

How to Increase Your Self-Confidence?

0

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

0

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021

Recent News

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021
JobExpress

© 2020 Blog JobExpress

Navigate Site

  • Home
  • Find Jobs
  • Find Talent or Post Jobs

Follow Us

No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs

© 2020 Blog JobExpress