
လူတစ်ဦးနဲ့တစ်ဦး စတင်တွေ့ဆုံရာမှာ First Impression ကောင်းဖို့ကအရမ်းအရေးကြီးပါတယ်။
CV တစ်စောင်က အလုပ်လျှောက်ရာမှာ First Impression ဖြစ်တဲ့အတွက် သိပ်ကို ဂရုပြုဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ CV ကောင်းတစ်ခုအတွက် လိုအပ်တာလေးတွေကို Sharing လုပ်ပေးလိုက်ပါတယ်။
(၁) ဓာတ်ပုံ
Selfie ပုံမျိုး၊ မသေမသပ်ပုံမျိုး မသုံးစွဲဖို့လိုအပ်ပါတယ်။ စနစ်တကျ ရိုက်ကူးထားတဲ့ ပုံကိုသာ သုံးစွဲပေးပါ။
(၂) ကိုယ်ရေးအချက်အလက်များ
ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ် စတဲ့ Contact Information တွေကို မှန်ကန်ပြည့်စုံစွာ ရေးပေးပါ။
(၃) ပညာအရည်အချင်း
ရရှိထားတဲ့ ဘွဲ့၊ ဒီပလိုမာ၊ သင်တန်းလက်မှတ် စတာတွေကို မေဂျာ၊ တက္ကသိုလ်၊ ရရှိခဲ့တဲ့ ခုနှစ် တို့နဲ့တကွ ပြည့်ပြည့်စုံစုံ ရေးပေးပါ။

(၄) လုပ်ငန်းအတွေ့အကြုံ
လုပ်ခဲ့ဖူးတဲ့ company ရဲ့ အမည်၊ လုပ်ခဲ့ဖူးတဲ့ ရာထူး၊ လုပ်သက်၊ လုပ်ငန်းတာဝန်များ စတာတွေကို ရေးပေးပါ။ လုပ်သက်မရှိသေးသူများကလဲ Intern ဆင်းဖူးပါက ထည့်သွင်းရေးသားနိုင်ပါတယ်။
(၅) ကျွမ်းကျင်မှု
ဒါကတော့ ဘွဲ့အပြင် ကျွမ်းကျင်တဲ့အရာတွေကို ရေးပေးပါ။ လူမှု့ဆက်ဆံရေးကောင်းတာ၊ အသင်းအဖွဲ့နဲ့အလုပ်လုပ်နိုင်စွမ်းရှိတာ စတာတွေကို ရေးသားနိုင်ပါတယ်။ တက်ကျွမ်းတဲ့ ဘာသာစကားတွေရှိရင်လဲ ဖြည့်စွက် ရေးသားနိုင်ပါတယ်။
အခြားသော လိုအပ်ချက်များကိုလဲ CV Form ပုံစံနဲ့တိုက်စစ်ပြီး ဖြည့်သွင်းလို့ရပါတယ်။ JobExpress Myanmar မှာဆိုရင် CV Template တွေကို အခမဲ့ပြုလုပ်လို့ရတဲ့အတွက် Sign Up ပြုလုပ်ထားရုံနဲ့ CV Form ကောင်းကောင်းတစ်စောင်ကို ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် Design အမျိုးမျိုးရှိသော Template တွေထဲမှာမှ ကိုယ်နှစ်သက်ရာ CV Template ကိုပါရွေးချယ်နိုင်မှာဖြစ်ပါတယ်။ CV Form ပြင်ဆင်ပြီး မြန်မာနိုင်ငံရှိ Company ကြီးများမှခေါ်ယူနေသော အလုပ်အကိုင်များစွာကိုပါ လျှောက်ထားနိုင်ပါတယ်။ ဒါကြောင့် JobExpress မှာ Sign Up ပြုလုပ်ပြီး CV Form ကောင်းကောင်းတစ်ခုဖန်တီးလိုက်ပါ။
Content By Ma Hnin Myat Hla