ကျွန်တော်တို့က နေ့စဉ်စားဝတ်နေရေးပြေလည်ဖို့ အလုပ်တွေလုပ်ကြတယ်။များပြားလွန်းတဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း Working life နဲ့ Personal life ကိုခွဲခြားဖို့မေ့လျော့နေတတ်ကြပါတယ်။အလုပ်တွေဖိလုပ်ရင်း စိတ်ပင်ပန်းလာတဲ့အခါ စိတ်ဓာတ်ကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အလုပ်မှာ အဆင်မပြေတာတွေများလာတဲ့အခါ အိမ်နဲ့လည်း အဆင်မပြေတာတွေရှိလာနိုင်ပါတယ်။ကိုယ်တိုင်က အိမ်ထောင်တစ်ခုတည်ထောင်ထားတဲ့သူဆိုပါက အလုပ်နဲ့ဘဝကို မျှတအောင်မလုပ်နိုင်ဘူးဆိုရင် ပိုပြီးအဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။အဓိက သားတွေ၊သမီးတွေအပေါ် အများကြီးအကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် အလုပ်ရောဘဝရော Balance ဖြစ်ဖို့အတွက် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။
(၁) ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်အောင်နေထိုင်ခြင်း
ကျွန်တော်တို့က အသက်တွေကြီးလာတာနဲ့အမျှတာဝန်တွေ ပိုပိုတိုးလာပါတယ်။မိသားစုတာဝန်တွေကို ထမ်းဆောင်လာရတဲ့အခါ အလုပ်မှာတော်တဲ့ သူကမိသားစုနဲ့ပတ်သက်ပြီး ချို့ယွင်းချက်တွေရှိတတ်ကြပါတယ်။ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ကိုယ့်ကိုယ် ကိုSelf-Controlလုပ်ပြီး အချိန်တွေကိုပိုင်းခြားပါ။ကိုယ်ကအလုပ်နဲ့ ပတ်သက်ပြီး အထုတ်ခံရမှာစိတ်ပူပြီး အလုပ်တွေဖိလုပ်တာထက် အိမ်မှာရှိနေတဲ့ သင်ရုံးပြန်လာတာကိုစောင့်နေတဲ့ သင့်ရဲ့ မိသားစုကလည်းအရေးကြီးပါတယ်။ နောက်ပိုင်းသင်က အလုပ်နဲ့ ဘဝမတူညီတာတွေသိမြင်လာတဲ့အခါ ပျော်စရာတွေသင်ဘဝထဲဝင်လာပြီးနှစ်ခုလုံးကို ဘယ်လိုဟန်ချက်ညီအောင်ထိန်းမလဲဆိုတာတွေကိုပါသင်သိလာနိုင်မယ်ဖြစ်တယ်။
(၂) အချိန်ကအရေးကြီးဆုံးပါ
လူတစ်ယောက် ကတစ်နေ့ကို ၂၄ နာရီပိုင်ဆိုင်ကြသော်လည်း ကုန်ဆုံးပုံခြင်းမတူညီကြပေ။လူတွေက အချိန်ကိုတန်ဖိုးမထားခြင်းက ပြသာနာတစ်ခုပင်ဖြစ်တယ်။ ကိုယ်က တစ်နေ့အလုပ်ကို ဘယ်အချိန်ထိ လုပ်မယ်ဆိုရင် ကျန်တာက မိသားစုအတွက်၊ ကိုယ်ပိုင်အချိန်အတွက် ဖယ်ထားသင့်ပါတယ်။ Timetable လေးဆွဲပြီး အလုပ်လုပ်ပါ။ ကိုယ်ကအချိန်ကို အကျိုးရှိရှိအသုံးပြုနေလား ဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ပေးပါ
တစ်နေ့ကို လေ့ကျင့်ခန်း မိနစ် ၃၀ ခန့်လုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်။ကျွန်တော်တို့ လုပ်ငန်းခွင်မှာဆိုရင်နေ့ခင်း ၃နာရီလောက် မုန့်စားချိန်ဆိုပြီး သတ်မှတ်ပေးတာမျိုးတွေရှိပါတယ်။အာ့လိုလုပ်ခြင်းကလည်း အလုပ်နဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေကို ခနလောက်လျော့ပေးစေပါတယ်။ နောက်ပြီး တရားထိုင်ခြင်းကလည်း စိတ်အေးချမ်းစေပါတယ်။စိတ်တည်ငြိမ်တဲ့အခါမျိုးတွေမှာ အလုပ်တွေပိုလုပ်နိုင်တာ တွေ့ရပါလိမ့်မယ်။ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာကြောင့်လေ့ကျင့်ခန်းတွေလုပ်ဖို့အချိန်တစ်ခု သီးသန့်ထားပေးသင့်ပါတယ်။
(၄) အရေးကြီးတာတွေအတွက်အချိန်တစ်ခုပေးပါ
ကျွန်တော်တို့ ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ခွဲခြားသတ်မှတ်ပါ။လုပ်ငန်းခွင်မှာ လူတွေအပေါ် ပေါင်းသင်းဆက်ဆံကောင်းအောင် ပြုမူနေထိုင်သလို မိသားစုအပေါ်လည်း အချိန်တစ်ခုပေးပြီး ပျော်စရာတွေဖန်တီးပါ။အလုပ်ကို အလုပ်မှာပဲပြီးအောင် လုပ်ပါ။အိမ်သယ်သွားပြီး အိမ်ကလူတွေနဲ့ အချိန်မပေးနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ကန့်သတ်ချက်တစ်ခုထားပါ။ ကိုယ်ပိုင်အချိန်လေးတွေထားပြီး ကိုယ်ဝါသနာပါတာလေးတွေ လုပ်ခြင်းဖြင့်လည်း စိတ်ချမ်းသာမှုရစေပါတယ်။
(၅) တိုင်ပင်ပါ။
ကျွန်တော်တို့က တစ်ခါတစ်ရံမှာ ကိုယ်ပိုင်အကြံဉာဏ်ထက် တစ်ခြားသူရဲ့ အတွေးအခေါ်တွေကို ပိုလိုအပ်တတ်ပါတယ်။အလုပ်နဲ့ပတ်သက်ပြီးပဲ စိတ်ညစ်စရာ ရှိရင်လည်း မိသားစုကိုတိုင်ပင်တာမျိုး၊ အိမ်နဲ့ အဆင်မပြေတာတွေကို ရုံးက ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ဆီမှာရင်ဖွင့်တာမျိုးတွလုပ်သင့်ပါတယ်။ ကိုယ်အကူအညီတောင်းလို့ရတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပါ။နောက်ပြီး အပြင်လုပ်အားပေးပွဲတွေ အတူတူလုပ်ပြီး ယုံကြည်မှုတွေတည်ဆောက်ပါ။ စိတ်ဓာတ်ကျလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာပါအားနည်းလာသောကြောင့် ရင်ထဲမှာစိတ်ခံစားချက်တွေကို မျိုသိပ်မနေပဲ ရင်ဖွင့်ပြောဆိုတာမျိုးတွေ မကြာမကြာလုပ်ပေးသင့်ပါတယ်။
ကျွန်တော်တို့ အပေါ်မှာပြောထားသလိုမျိုး ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့က မလွယ်ကူပါ။အလုပ်နဲ့ဘဝ ညီမျှစေဖို့ အမြဲတမ်း ပြောင်းလဲမှုတွေအလိုက် ကိုယ်က ကိုက်ညီယူမှုတွေပြုလုပ်နေရလိမ့်မယ်ဖြစ်တယ်။ကိုယ်ရဲ့ ဘဝအတွက်အရေးကြီးတာတွေကို ဉီးစားပေးပါ။ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ လုပ်ငန်းခွင်မှာရှင်သန်ပါ။ ကိုယ့်ဘဝအတွက် အဆင်မပြေတဲ့အရာတွေကို ချက်ချင်းပြောင်းလဲပြီး အလုပ်နဲ့ ဘဝကို ကောင်းကောင်း Handle လုပ်နိုင်ဖို့် ကျွန်တော်တို့
JobExpress ကဗဟုသုတလေးတွေဝေမျှလိုက်ပါတယ်ခင်ဗျ။
Content By Kit Kit