JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home News

COVID-19 အလွန် ဘာတွေ ပြင်ဆင်ထားသင့်လဲ ? ဘာတွေ ပြောင်းလဲသွား နိုင်လဲ ?

Share on FacebookShare on LinkedinShare on Twitter

COVID-19 ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးရဲ့ စီးပွားရေး၊ လူမှူရေး၊ ကျန်းမားရေး စတာတွေ ခက်ခဲကြပ်တည်းလာရပါတယ်။ ဒီရောဂါ ကြောင့် ကျွန်တော်တို့တွေ New Normal လို့ ခေါ်တဲ့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင် ၊ သွားလာနေထိုင်ပုံ အစရှိတဲ့ အရာတွေ ပြောင်းလဲ လာရပါတယ်။ ဒီပြောင်းလဲမှုတွေ ထဲမှာမှ အကောင်းဘက်က ကြည့်မယ်ဆိုရင်ဒီရောဂါကြီးကြောင့် နည်းပညာ တွေကိုလက်တွေ့ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာပဲဲဖြစ်ပါတယ်။ ကျန်းမားရေးထုတ်ပြန်ချက်တွေဆိုရင် အချိန်နဲ့တစ်ပြေးညီ Facebook , Website စတဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ပြည်သူတွေဆီသတင်းပေးနေကြပါပြီ။ဒါက ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့က နည်းပညာရဲ့ အ‌ထောက်အပံ့ကိုကောင်းကောင်းအသုံးချတတ်လာတာကိုတွေ့ရတာဖြစ်တယ်။ ဒီနေ့မှာဆိုရင် Covid-19 ကြောင့် အသုံးပြုလာကြတဲ့ ခေတ်မှီနည်းပညာ တွေကို ပြောပြပေးမှာဖြစ်တယ်။

Online Shopping

ယခုလို Stay home ကာလမှာ online shopping ကအသုံးများလာတဲ့နည်းပညာတစ်ခုပါပဲ။ဖုန်းလေးသုံးပြီး Social Media , Mobile Application ပေါ်ကနေတစ်ဆင့် ဈေးဝယ်လာနိုင်ကြတယ်။အမေရိကန်နဲ့ တရုတ်မှာဆိုရင် တစ်ချို့ Deliver Services နဲ့အဆက်အသွယ်မရှိတဲ့နေရာမျိုးတွေမှာ စက်ရုပ်တွေ(Drone) ကိုအသုံးပြုလာကြပါတယ်။လူတွေနေရာကနေ စက်တွေကိုအစားထိုးအသုံးပြုလာပြီးစီးပွားရေးကို Handle ပြန်လုပ်နိုင်တာကလည်းနည်းပညာတွေကိုအသုံးပြုခြင်းရဲ့အားသာချက်တစ်ခုဖြစ်တယ်။

Online ပေါ်က ငွေပေးချေမှု (Online Payment)

ဒါကလည်းအခုနောက်ပိုင်းလူအသုံးများလာတဲ့စနစ်တစ်ခုဖြစ်ပါတယ်။Online Shopping ရေပန်းစားလာတာနဲ့ အျှ Online ပေါ်မှာပဲ အလွယ်တကူ ငွေပေးချေမှု စနစ်တွေကလည်း အသုံးများလာကြပါတယ်။ Online Banking တွေ Online Transaction တွေ လည်း ပြုလုပ်လာကြပါတယ်။ ယခုလို Covid ကာလမှာ Online Payment System တွေကိုလူတွေက ပိုပြီးအားကိုးလာကြပါတယ်။အိမ်ထဲမှာနေပြီး ရောဂါအတွက် စိတ်ပူစရာမရှိဖို့ Online Payment System တွေကိုပိုအသုံးပြုသင့်ပါတယ်။

Work From Home Culture

ရောဂါတွေပြင်းထန်တဲ့ကာလမှာအစိုးရကနေ မဖြစ်မနေဖွင့်သင့်တဲ့ ခွင့်ပြုထားတဲ့လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့ လုပ်ငန်းတော်တော်များများကိုအိမ်ကနေပဲအလုပ်လုပ်စေ ပါတယ်။အိမ်ကနေအလုပ်လုပ်ခြင်းကြောင့် Skype၊ Zoom စတဲ့ Technologyတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပါတယ်။ အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ ရုံးမှာထက်ပိုခက်ခဲပါတယ်။ ကိုယ်Teamနဲ့တိုက်ရိုက်ထိ‌တွေ့မှု မရှိတာကြောင့် အရေးကြီးဆုံးဖြစ်တဲ့ Communication အခက်ခဲကို Online Communication Tools တွေနဲ့ တွင်တွင် ကျယ်ကျယ် အသုံးပြု လာကြရပါပြီ။

Online Class

Covid-19 ကြောင့် April လလယ်လောက်ကစပြီး နိုင်ငံတော်တော်များများက ကျောင်းတွေ တက္ကသိုလ်တွေ ပိတ်ခဲ့ကြတယ်။မူလတန်းမှ တက္ကသိုလ်ထိကျောင်း တွေအားလုံး ရောဂါတွေ ငြိမ်သက်သွားမှပဲ စာသင်ခန်းမှာ စာသင်ခွင့်ပြန်ရတော့မယ့် အနေအထားဖြစ်သွားပါပြီ။ ဒီလို အခြေအနေတွေမှာ ကျောင်းသားတွေနစ်နာမှုမရှိအောင် ပညာရေးအဖွဲ့အစည်းေ တာ်တော်များများက Online Class တွေဖွင့်တယ်၊ သင်တန်းတွေကို Online ကနေပို့ချကြပါတယ်။ အချို့ တက္ကသိုလ်တွေ ဆို ရွေ့လျားသွားလာနိုင်တဲ့ စက်ရုပ်နဲ့ Tablet Screen ကို အသုံးပြုပြီး ဘွဲ့ နှင်းသဘင် အခမ်းအနားတွေ ကျင်းပ လာနိုင်တဲ့ အထိ နည်းပညာရဲ့ အကူအညီအကို ကောင်းကောင်း အသုံးချနေကြပါပြီ။

Online Doctor

Online ပေါ်ကနေ ဆေးကုသလို့ရခြင်းကလည်း Covid-19 ပြန့်ပွားမှုကိုထိန်းချုပ်ရန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ပိုမိုအဆင်မြင့်သော နည်းပညာတွေနဲ့ ဆေးပညာနဲ့ပေါင်းစပ်ပြီး လူတစ်ယောက် ခံစားနေရတဲ့ ရောဂါလက္ခဏာ (Diagnosis)ကိုရှာဖွေစစ်ဆေးမှုတွေပြုလုပ်နိုင်တယ်။အထူးကုဆရာဝန် ကြီးတွေနဲ့ တိုက်ရိုက်ကုသခွင့်ရတဲ့ Online Medical Care App တွေလည်း အခုဆို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပါတယ်။Chat botsကနေတစ်ဆင့် လူနာတွေခံစားရတဲ့ လက္ခဏာကိုကြည့်ပြီး ဘာရောဂါလဲဆိုတာရှာဖွေစစ်ဆးမှုတွေပြုလုပ်နိုင်လာပါတယ်။

Online Entertainment

ရောဂါဖြစ်ပွားပြီးနောက်မှာ လူတွေက Onlineပေါ်ကနေ ပျော်စရာတွေရှာဖွေလာကြတယ်။နိုင်ငံ အသီးသီးကTv Channelsတွေ၊ဖျော်ဖြေရေးပွဲတွေကို Online ပေါ်ကနေ လွယ်လင့်တကူကြည့်ရှူလာနိုင်ပါတယ်။ကျန်းမာရေးအသိပညာဟောပြောပွဲ၊ Covid-19ရဲ့ Up to date သတင်းတွေအကုန်လုံးကိုလည်း Online ပေါ်ကတစ်ဆင့် သိလာနိုင်ပြီ။ အိမ်မှာပဲ နေရတာကြာလာတဲ့အခါ လူတွေက Online Gameတွေ၊တစ်ခြား Social Media Platform တွေကိုလည်းအသုံးပြုလာကြတာ တွေ့ရပါတယ်။ဒါတွေကလည်း အိမ်မှာနေပေမဲ့ ကမ္ဘာကြီးနဲ့အဆက်အသွယ်မပြတ်အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်တဲ့တိုးတက်လာသောနည်းပညာဖြစ်တယ်။

Covid-19 ကူးစက်နေတဲ့ကာလအတွင်းမှာ စီးပွား‌ရေးတွေပုံမှန်လည်ပတ်ဖို့ နည်းပညာတွေကိုအသုံးချလာကြပါတယ်။ရောဂါကြီးဖြစ်ပွားနေပေမဲ့ အခက်အခဲတွေကို နည်းပညာတွေနဲ့ပြန်လည် ထိန်းချုပ်နိုင်ပြီးတစ်ချိန်က တွင်တွင်အသုံးပြုခြင်းမရှိတဲ့ Technologies တွေကိုယခုချိန်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြတာက တိုးတက်မှုတစ်ခုရလိုက်တယ်လို့ ယူဆနိုင်ပါတယ်။အဆိုးထဲက အကောင်းဆိုလည်းမမှားပါဘူး။ ကျွန်တော်တို့ အားလုံးက Covid အလွန်မှာ လုပ်ငန်းတော်တော် များများကို Technology နည်းပညာ အခြေပြုပြီး Digitalization ကို ကူးပြောင်းကြရမှာပါ။ ဒါကြောင့် Covid-19ကာလအတွင်းမှာ လူအသုံးများလာတဲ့ နည်းပညာတွေကိုပြင်ဆင်ထားနိုင်ဖို့ ကျွန်တော်တို့ JobExpress ကနေဝေမျှ‌ပေးလိုက်ပါတယ်ခင်ဗျ။

Content By Kit Kit

Related Posts

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ
Career Advice

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
The Importance of Work-Life Balance
Career Advice

The Importance of Work-Life Balance

August 16, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
Coach vs Mentor ဘာကွာလဲ ?
News

Coach vs Mentor ဘာကွာလဲ ?

January 29, 2021
5 Tips For Improving Work Ethics
News

5 Tips For Improving Work Ethics

December 23, 2020
ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?
News

ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?

December 14, 2020
Next Post
How to Increase Your Self-Confidence?

How to Increase Your Self-Confidence?

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer