JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home News Motivational Quotes

How to Increase Your Self-Confidence?

How to Increase Your Self-Confidence?

Share on FacebookShare on LinkedinShare on Twitter

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပိုမိုကောင်းမွန်စေပါတယ်။ ယခုလို ကာလမှာ Covid-19 ကပ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် ကိုယ်လုပ်ချင်တာတွေလုပ်ခွင့် မရဘူး၊ လုပ်မယ်လို့တွေးထားတဲ့အရာတွေလည်းနောက်ရွေ့ထားရတယ်။ ဒီလိုမျိူးအခြေအနေမျိူးတွေမှာ ကိုယ့်ရဲ့ Self-Confidence ကိုမကျသွားအောင်ထိန်းထားဖို့လိုပါတယ်။ Work From Homeလုပ်နေတဲ့သူတွေရယ်၊ အလုပ်မရှိတဲ့သူတွေအတွက်ပါ ခက်ခဲနေတဲ့ ကာလဖြစ်ပါတယ်Confidence ရှိခြင်းက အောင်မြင်ခြင်းရဲ့ အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် Self-Confidence ပိုမိုကောင်းမွန် လာအောင်ဘယ်လို ပြုမူနေထိုင်ရမလဲ ဆိုတာဗဟုသုတရစေရန်‌‌‌‌ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

ယုံကြည်မှုတွေကို တွန်းအားပေးပါ။

ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် လောကကြီးကိုကယ်တင်နိုင်မဲ့ လူစွမ်းကောင်းတွေဖြစ်ချင်တတ်ကြပါတယ်။ဥပမာ ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ်စသည်ဖြင့်ပေါ့။ အသက်ကြီးလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတွေ၊ ကလေးဘဝက အတွေးအခေါ်နဲ့ လူကြီးဘဝကစိတ်အားထက်သန်မှုတွေက မတူညီတဲ့အခါ အိမ်မက်တွေပျောက်ကွယ်သွားတတ်ပါတယ်။ ငယ်ငယ်ကဆို ကျွန်တော်တို့ရဲ့ မိဘတွေ၊ဆရာတွေကသူတို့ရဲ့ အိမ်မက်တွေအတိုင်း ကျွန်တော်တို့ကို ဘဝမှာဘာလုပ်သင့်တယ်၊မလုပ်သင့်ဘူးစတာတွေကို Guideline ပေးတတ်ကြပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ အိမ်မက်တွေကို တွန်းအားပေးနိုင်သူက ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ မတူညီတဲ့ အခြေအနေတွေကြားထဲကနေ မိမိကိုယ်ကိုဘယ်လောက်ထိတွန်းအား‌ပေးနိင်သလဲ ဆိုတာဆန်းစစ်ကြည့်ဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိထားနိုင်ပါရင်အခက်အခဲတွေကို ကျော်ဖြတ်နိုင်တာသင်ကိုယ်တိုင် တွေ့မြင်ပါလိမ့်မယ်။

သင်ကိုယ်သင်မေးပါ။

ကိုယ့်ကိုယ်ကိုစကားပြောခြင်းက ရူးသွပ်မှုတစ်ခုဖြစ်နိုင်ပေမဲ့ အကျိုးသက်‌ရောက်မှုရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။မင်းကိုယ်ကိုယ်မင်းစကားပြောကြည့်ပြီး Smart ကျအောင်ဘယ်လိုနေရမလဲ၊ မင်းရဲ့ Performance ကောင်းအောင်ဘယ်လိုပြုမှုရမလဲ ဆိုတာတွေကိုပြုပြင်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ Brain က ၁ မိနစ်မှာ စကားလုံးပေါင်းမှာ ၃၀၀ ကနေ ၁၀၀၀ ထိလက်ခံနိုင်ပါတယ်။ ဥပမာအားဖြင့် စစ်သားတွေက စိတ်ပိုင်းဆိုင်ရာခက်ခဲကြမ်းတမ်းမှုကို သူတို့ကိုယ်သူတို့ စကားပြောခြင်းဖြင့် ကြောက်စိတ်တွေကို ကျော်လွှားတတ်ကြပါတယ်။ သင်ကိုယ်တိုင်ရဲ့ စကားပြောပုံက သင်က လူတစ်ယောက်အပေါ် ဘယ်လောက် သြဇာလွှမ်းမိုးနိုင်သလဲဆိုတာ ဖော်ပြပေးနိုင်ပါတယ်။

သင်ရဲ့ အဆိုးမြင်တာတွေကိုအကောင်းဘက်ကိုတွေးပါ။

ကျွန်တော်တို့က အသစ်‌တွေ၊ ကွဲပြားတဲ့အရာတိုင်းအပေါ် အကောင်းမြင်လေ့မရှိကြပါဘူး။ ကျွန်တော်တို့ဘက်ကနေ အမှားလုပ်မိတဲ့အချိန်တွေကို ကြိုတင် တွေးပြီး စိုးရိမ်နေတဲ့အခါ ယုံကြည်မှူတွေပျောက်ကွယ်စေနိုင်ပါတယ်။မကောင်းမြင်စိတ်တစ်ခါဖြစ်ရင် ငါးခါအကောင်းဘက်ကနေ တွေးပါ။ ကောင်းတဲ့စိတ်ရော၊ မကောင်းတဲ့စိတ်ရောကိုအသိအမှတ်ပြုပါ။ မကောင်းမြင်စိတ်တစ်ဖက်ထဲကိုပဲ မျိုသိပ်မထားပါနဲ့။

သင့်ရဲ့သိချင်စိတ်တွေကိုမြှင့်တင်ပါ။

စူးစမ်းလေ့လာချင်စိတ်က တိုးတက်မှူရဲ့အခြေခံဖြစ်တယ်။ကျွန်တော်တို့က အရာရာကိုစူးစမ်းလိူစိတ်၊ သင်ယူလိုစိတ်ရှိလျှင် ဗဟုသုတတွေအတွေ့အကြုံအသစ်တွေက တစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်လာပါလိမ့်မယ်။ အမြဲတမ်းအတွေ့အကြုံအသစ်တွေ၊ ဗဟုသုတ အသစ်တွေကို ရှာဖွေခြင်းက ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းတွေကို ပိုမိုအားကောင်းစေပါတယ်။ သင့်ရဲ့ အတွေးအခေါ်တွေ စိတ်ကူးတွေက အမြဲတမ်းတက်ကြွနေဖို့လိုပါတယ်။ Active ဖြစ်နေခြင်းက သင့်ကိုယ်အတွေးအခေါ်အသစ်တွေဆီ တွန်းအားပေးစေပါတယ်။ ဗဟုသုတအသစ်တွေ တိုးဟွားလာလေလေ အနာဂတ်မှာ အခက်အခဲတွေရင်ဆိုင်ဖို့ ခွန်အားတွေ ယုံကြည်မှုတွေရရှိလာလေလေ ဖြစ်ပါတယ်။ သင်ရဲ့ စူးစမ်းလေ့လာချင်တဲ့စိတ်တွေကို ဘယ်တော့မှမရပ်တန့်ပါနဲ့။

အကြောက်တရားတွေကိုရင်ဆိုင်ပါ။

တစ်ခါတစ်လေ ကျွန်တော်တို့က တစ်ခြားသူရဲ့ ထိန်းချုပ်မှုတွေကြောင့် ယုံကြည်မှုပျောက်ဆုံးနေတတ်ပါတယ်။ဒီ level က ကိုယ်နဲ့ အဆင်ပြေတယ်၊ သက်တောင့်သက်သာရှိတယ်ဆိုရင် သင်ကြောက်စရာမလိုပါ။ Self-control မလုပ်နိုင်ဘူးလို့ခံစား ရတဲ့ အခါတိုင်း ကျွန်တော်တို့ရဲ့ ဉီးနှောက်က စိတ်လှုပ်ရှားနိုင်တာကြောင့် ဘယ်အရာမှတိတိကျကျမစဉ်းစားနိုင်တော့ပါဘူး။ ကြောက်ရွံခြင်းကြောင့်ဆင်ခြင်တုံတရားကင်းမဲ့နိုင်စေပါတယ်။ ကိုယ့်ဘက်ကမှန်နေတဲ့အခြေအနေတစ်ခုမှာ ဘယ်တော့မှမကြောက်ပါနဲ့ ရဲရဲ့ဝံ့ ရင်ဆိုင်ပါ။ ဖြေရှင်းပါ။ မှားသွားခဲ့သည်ရှိသော် ဝန်ခံဖို့ မကြောက်ပါနဲ့။ သင့်ဘဝရဲ့ အဆိုးဆုံးအချိန်တွေကိုမြင်ယောင်ပါ။ ဒီထက်ခက်ခဲနိုင်တဲ့အခြေအနေတွေကိုမရှိတော့ဘူးလို့တွေးပါ။ကြောက်ရွံ့ခြင်းတွေကိုအောင်မြင်နိုင်မဲ့နည်းလမ်းပေါ်မှာ ရှိနေပါလိမ့်မယ်။

Covid-19 ကာလအတွင်းမှာ မိမိရဲ့ Self – Confidence ကျမသွားစေရန်ရည်ရွယ်ရင်း JobExpress က နည်းလမ်းကောင်းလေးတွေမျှဝေပေးလိုက်ပါတယ်ခင်ဗျ။

Content By Kit Kit

Related Posts

ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?
News

ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?

December 14, 2020
Change Yes We Can
Motivational Quotes

Change Yes We Can

November 11, 2020
Next Post
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Change Yes We Can

Change Yes We Can

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
Job နဲ့ Career ဘာကွာလဲ ?

Job နဲ့ Career ဘာကွာလဲ ?

November 11, 2020
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer