JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home News

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

အိပ်ရေးပျက်ခြင်းက ရေရှည်မှာကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်အိပ်ရေးပျက်ရင်ဘာတွေဖြစ်နိုင်သလဲဆိုတာကို ဗဟုသုတရစေရန်ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

Share on FacebookShare on LinkedinShare on Twitter

ကျွန်တော်တို့က အခုဆိုရင် Covid 19ရဲ့ Second Wave ကိုထပ်ကျော်ဖြတ်ရဉီးမှာပါ။အလုပ်တွေကိုလည်း ပထမတစ်ခေါက်ကလိုပဲ Work From Home လုပ်ကြတဲ့အခါမှာ အရင်လိုအိပ်ရေးပျက်တဲ့အချိန်တွေပြန်ရောက်လို့လာပါပြီ။မနက်ဆိုရင် အလုပ်သွားစရာမလိုတဲ့အခါညဘက်တွေအိပ်ရေးပျက်တဲ့အထိနေကြပါတယ်။မနက်ဆိုလည်း အလုပ်ချိန်အတိုင်း အိပ်ရာထပြီး အလုပ်လုပ်ရပါတယ်။တစ်ည၊နှစ်ညလောက်ဆို မသိသာပေမဲ့ ညဆက်တိုက်ဖြစ်လာတဲ့အခါ စိတ်မကြည်တော့ပါဘူး။အခုလိုမျိုးရက်တွေများလာတဲ့အခါစိတ်ဓာတ် ကျတာတွေ၊စိတ်မကြည်တာတွေဖြစ်လာတဲ့အပြင် ခန္ဓာကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။

အိပ်ရေးပျက်ခြင်းက ရေရှည်မှာကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်အိပ်ရေးပျက်ရင်ဘာတွေဖြစ်နိုင်သလဲဆိုတာကို ဗဟုသုတရစေရန်ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

အာရုံကြောထိခိုက်ခြင်း

ဦးနှောက်က တစ်ကိုယ်လုံးကို ထိန်းချုပ်ပေးရတာပါ။အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ကဉီးနှောက်ဆီကို ကောင်းကောင်းအချက်မပြနိုင်တော့ပါဘူး။လူကအိပ်နေပေမဲ့ ဉီးနှောက်က အိပ်မနေပဲ တစ်နေ့တာကြုံခဲ့ရသမျှတွေကို မှတ်သားထားပေးပါတယ်။ကိုယ်ကအိပ်ရေးပျက်တဲ့အခါ ဦးနှောက်ကပင်ပန်းပြီး အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အာရုံစူးစိုက်မှုအားနည်းလာမယ်။ တစ်ခုခုကိုအလိုမကျတာတွေဖြစ်လာမယ်။ဒေါသထွက်လွယ်ပြီးဆုံးဖြတ်ချက်တွေလည်း ဝေဝါးလာပါတယ်။ နောက်ပိုင်းမှာ သတိမေ့တတ်လာပြီး စိတ်ကျရောဂါမျိုးတွေပါ ခံစားရနိုင်ပါတယ်။

အစားစားချိန်နောက်ကျခြင်း

နောက်ကျမှ အိပ်ယာထတဲ့အခါ မနက်စာ စားချိန်လည်း နောက်ကျပါတယ်။ နေ့လည်စာကိုညနေမှစားပြီး ညစာကို ညလယ်မှထစားတာမျိုးတွေဖြစ်တတ်ပါတယ်။အစားစားချိန် မမှန်တာမျိုးပေါ့။အိပ်ရေးပျက်လာတဲ့အခါ ကိုယ်ခန္ဓာက အစားပိုစားချင်စိတ်ဖြစ်ပါတယ်။ ညဘက်တွေမှာ အိပ်မပျော်လေ ဗိုက်ဆာလေဖြစ်တယ်။ ဒါပြင့် အိပ်ရေးပျက်တဲ့အခါ လေးပင်ထိုင်းမှိူင်းပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်တွေလည်း မရှိတော့ပါဘူး။ ရက်ပေါင်းကြာလာတဲ့အခါ ဝိတ်တက်လာနိုင်ပါတယ်။

ခုခံအားကျဆင်းလာခြင်း

အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ်လည်းကျဆင်းလာမှာပါ။ရောဂါတွေကို တိုက်ဖျက်နိုင်မဲ့ အားမရှိတဲ့အခါ နေမကောင်း ဖြစ်ပြီးရင်လည်းပြန်ကျန်းမာဖို့တော်တော်အချိန်ယူရတတ်ပါတယ်။ခန္ဓာကိုယ် ကနေခုခံအားရှိတဲ့ ဓာတ်တစ်မျိုးကို အိပ်နေတဲ့ အချိန်မှာထုတ်ပေးပါတယ်။သူက ရောပါပိုးတွေ၊ bacteria တွေကို ခုခံပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ ‌‌ရောဂါဝင်ရောက်ခြင်းကို ခံနိုင်ရည်ရှိမှာဖြစ်တယ်။

နှလုံးရောဂါ

အိပ်ရေးပျက်တဲ့သူတစ်ယောက်က ရေရှည်မှာ နှလုံးခုန်ရပ်တာတွေ၊လေဖြတ်တာတွေဖြစ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းက နလုံးရဲ့ သွေးကြောနဲ့ ပတ်သတ်နေတဲ့ လုပ်ငန်းဆောင်တာတွေကိုထိန်းချုပ်ထားပါတယ်။ အိပ်ချိန်မမှန်တဲ့သူတွေက အိပ်ချိန်မှန်တဲ့ သူတွေထက် နှလုံးရောဂါဖြစ်နိူင်ချေပုံမှန်ထက်ပိုများပါတယ်။ လေ့လာစမ်းသပ်ချက်တွေအရ ညအိပ်ရာဝင်ချိန် တစ်နေ့ထက်တစ်နေ့ အချိန်ကွာခြားမှု ရှိလာလေ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများလာလေဖြစ်ပါတယ်။နောက်ပြီး နှလုံးရောဂါအပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တွေ ဖြစ်လာနိုင် ဖို့အလားအလားတွေများလာနိုင်ပါတယ်။

ကြီးထွားမှုနှေး‌ကွေးခြင်း

အိပ်စက်ခြင်းက ကိုယ်ခန္ဓာကြီးထွားမှုနှုန်းနဲ့လည်းဆက်စပ်နေပါတယ်။တစ်နေ့ကို အနည်းဆုံးသုံးနာရီ ဆက်တိုက် အိပ်မှသာ ကိုယ်ထဲမှာရှိတဲ့ ကြီးထွားခြင်းနဲ့ပတ်သက်တဲ့ ဓာတ်တွေက အလုပ်လုပ်နိုင်မှာဖြစ်တယ်။အိပ်ရေးပျက်လာတဲ့အခါတစ်ရှိန်ထိုးကိုယ်အလေးချိန်ကျတတ်တာတွေ၊ အဝလွန်တာတွေက ဖြစ်လာကြပါတယ်။ ဦးနှောက်ကနေကြီးထွားခြင်းဆဲလ်တွေ ပုံမှန်ထုတ်ပေးနိုင်ဖို့ အိပ်ရေးဝဖို့က အရေးကြီးဆုံးအချက်ဖြစ်တယ်။

ဒီလောက်ဆိုရင်အိပ်ရေးပျက်တဲ့အခါ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်နိုင်သလဲဆိုတာသတိထားမိလောက်ပါပြီနော်။တစ်ခြားအချက်တွေဖြစ်တဲ့ ဝက်ခြံထွက်တာ၊ မျက်ကွင်းညိုတာတွေဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တာက ရေရှည်ရောဂါဆိုးတွေကို ဖိတ်ခေါ်နေသလိုဖြစ်တာကြောင့် Work From Home ကာလ မှာလည်း အိပ်ရေးဝအောင်အိပ်ဖို့ အကြုံပြုလိုက်ပါတယ်ခင်ဗျ။

Content By Kit Kit

Related Posts

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ
Career Advice

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
The Importance of Work-Life Balance
Career Advice

The Importance of Work-Life Balance

August 16, 2023
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ
Business

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
Coach vs Mentor ဘာကွာလဲ ?
News

Coach vs Mentor ဘာကွာလဲ ?

January 29, 2021
5 Tips For Improving Work Ethics
News

5 Tips For Improving Work Ethics

December 23, 2020
ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?
News

ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?

December 14, 2020
Next Post
Change Yes We Can

Change Yes We Can

Job နဲ့ Career ဘာကွာလဲ ?

Job နဲ့ Career ဘာကွာလဲ ?

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer