JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Uncategorized

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

Share on FacebookShare on LinkedinShare on Twitter

အလုပ်လုပ်ဖို့ အသင့်ဖြစ်နေကြပြီလား? ဒါမှမဟုတ် ပထမဆုံး အလုပ်အတွက် ကြိုတင် စိတ်လှုပ်ရှားနေပြီလား ။ ကိုယ်နဲ့ စိမ်းနေသေးတဲ့ အလုပ်ပတ်ဝန်းကျင် ၊ ကိုယ့်ရဲ့ ဆက်ဆံရေးစက်ဝိုင်းထဲ ဝင်လာမယ့် လုပ်ဖော်ကိုင်ဖက် အသစ်တွေ ၊ တာဝန်တွေနဲ့ ကိုယ့်ရည်မှန်းချက်တွေကြောင့် ဒီလို စိတ်လှုပ်ရှားရတာတော့ မဆန်းပါဘူး။ ပထမဆုံး အလုပ်မှာတော့ လူတိုင်းလိုလို ရင်ခုန်ခဲ့ရတာပါဘဲ…

ဒါကြောင့် စိတ်လှုပ်ရှားမှုကနေ စိတ်ပင်ပန်းမှုတွေ မဖြစ်ရလေအောင် – ခုမှ အလုပ်စဝင်မယ့် လူငယ်တွေ အနေနဲ့ အလုပ်မဝင်ခင် ကြိုတင်ပြင်စင်ထားသင့်တဲ့ Skills တွေကို မျှဝေပေးသွားပါ့မယ်…

Communication Skill

လုပ်ငန်းခွင် ထဲ ဝင်ရောက်လာပြီဆိုတာနဲ့ လူပေါင်းစုံနဲ့ ဆက်ဆံရတော့မှာ ဖြစ်လို့ Communication skills ကောင်းဖို့က အဓိက လိုအပ်တဲ့ skills တစ်ခုပါ။ အရင်ကလို ကျောင်းမှာ သူငယ်ချင်းတွေ ၊ ရွယ်တူတွေနဲ့ ဆက်ဆံရသလို မဟုတ်တာကြောင့် လူငယ်တွေအနေနဲ့ အခက်အခဲ အနည်းငယ်ကြုံတွေ ရနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ Communication ကောင်းဖို့အတွက် အမြဲလေ့ကျင့်လို့ ရသလို ကိုယ့်ပတ်ဝန်းကျင် ၊ စီနီယာတွေရဲ့ ပြောဆိုဆက်ဆံပုံကနေလည်း သင်ယူလို့ရပါတယ် ။ Communication ကောင်းဖို့အတွက် အကြံပေးချင်တာကတော့ များများနားထောင်ဖို့ပါ။ တဖက်သား ပြောတဲ့စကားကို သေချာနားထောင်ပေးခဲ့ရင် ကိုယ့်ဘက်ကနေလည်း ပြန်ပြောစရာ စကားကောင်းလေးတွေ ရလာပါလိမ့်မယ်။

Problem-solving Skill

Entry level ဆိုပေမယ့် အလုပ်တိုင်းမှာ သူနဲ့ထိုက်တန်တဲ့ challenges လေးတွေကတော့ ရှိနေတတ်ပါတယ်။ ဒီလို အခက်ခဲလေးတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် Problem-solving skill ကို လိုအပ်လာပါပြီ။ လုပ်ငန်းတိုင်းမှာ လိုအပ်တဲ့ skill တစ်ခုဖြစ်တဲ့အပြင် အလုပ်ရှင်တွေ အလိုချင်ဆုံး skill လည်းဖြစ်တာကြောင့် အလုပ်ထဲမှာ အောင်မြင်ချင်တဲ့သူတိုင်း Problem-solving ကောင်းမွန်အောင် လေ့ကျင့်ထားသင့်ပါတယ်။

Team Work

Company တွေမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် team တွေခွဲပြီး လုပ်ကိုင်ရတာ ဖြစ်လို့ Team Work skill ကလည်း လူငယ်တိုင်း မရှိမဖြစ် သင်ယူထားသင့်တဲ့ skill တစ်ခုဖြစ်နေပါတယ်။ Recruiter တွေကလည်း အဖွဲ့လိုက် ကောင်းကောင်း ပူးပေါင်းနိုင်တဲ့ team player တွေကို ပိုသဘောကျလေ့ရှိတာကြောင့် သင့် အနေနဲ့ Team work ကောင်းပြီး အဖွဲ့နဲ့ အကောင်းဆုံလုပ်နိုင်ဖို့ လိုက်လျောညီနေစွာ နေနိုင်တဲ့ adaptability skill ရှိနေဖို့တော့ လိုအပ်ပါတယ်။

Work Ethic

Work Ethic ကောင်း ရှိတယ် ဆိုတာ အလုပ်ချိန်အတွင်း လုပ်ရမယ့် tasks တွေကို အာရုံစိုက်ထားပြီး တာဝန်လစ်ဟင်းမှု မရှိတာကို ဆိုလိုတာပါ။ အချိန်ကို အလေးထားတာမျိုးတွေ ၊ အလုပ်နဲ့ personal ကို ခွဲခြားနိုင်တာမျိုးတွေ ၊ Time & tasks management ကောင်းမွန်တာတွေက အစပိုင်းမှာ အလေ့အကျင့်လုပ်ဖို့ ခက်ခဲနိုင်ပေမယ့် ရေရှည်မှာ ပိုမိုကောင်းမွန်တဲ့သူ ဖြစ်စေမယ့် Good Habits ဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ အစတည်းက အလေ့အကျင့်လုပ်ထားသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ အလုပ်ထဲမှာ အဆင်ပြေနိုင်ဖို့ ဘယ် skills တွေ လိုအပ်သလည်း ဆိုတာကို သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။ အပေါ်မှာ ပြောသွားခဲ့တဲ့ Skills တွေက Soft skills တွေဖြစ်တာကြောင့် သင်ယူရတာ ခက်ခဲနိုင်ပေမယ့် တကယ်တတ်မြောက်သွားရင် အပြောင်းအလဲတွေဖြစ်နိုင်တာမလို့ သေချာကောင်းမွန်အောင် လေ့ကျင့်သွားဖို့ အကြံပေးလိုက်ပါတယ်။

ယခုလို အလုပ်နဲ့ပက်သက်တဲ့ ‌contents တွေ ဖတ်ရှူချင်တယ် ဆိုရင်တော့ JobExpress Page ကို Like & Follow လုပ်ခဲ့ဖို့ မနေနဲ့နော် …

🔹 Facebook – JobExpress Myanmar

🔹 LinkedIn –

🔹 Telegram – https://t.me/jobexpressmm

ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများအတွက်

#JobexpessMyanmar #essential #skillset #entry #work

Related Posts

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️
Uncategorized

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

July 20, 2022
“ Interview တွင် မှားလေ့ရှိသော အမှားများ ”
Uncategorized

“ Interview တွင် မှားလေ့ရှိသော အမှားများ ”

June 9, 2022
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Uncategorized

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…

April 22, 2022
Uncategorized

Accounting & Finance Vocabulary In Use

April 19, 2022
Uncategorized

“အိမ်မှာနေရင်း လေ့လာလို့ရမယ့် Online Learning Website များ”

April 7, 2022
Next Post
ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

Labor Law အရ ခံစားနိုင်သော ခွင့်ရက်များ

August 31, 2023
အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
Digital Marketing  ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

Digital Marketing ပညာရပ်ကို အခမဲ့ လေ့လာနိုင်မယ့် Website များ

February 23, 2023
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer