JobExpress Myanmar
No Result
View All Result
  • Home
  • Job Search
  • Employer
  • Home
  • Job Search
  • Employer
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Uncategorized

“အိမ်မှာနေရင်း လေ့လာလို့ရမယ့် Online Learning Website များ”

Share on FacebookShare on LinkedinShare on Twitter

သင်္ကြန်က အခုနောက်ပိုင်း ပျော်ဖို့သိပ်မကောင်းတဲ့ အပြင် ကိုဗစ်ကိုလည်း သတိထားနေရတော့ အက်မင်လို အိမ်းတွင်းအောင်းမယ့် သူတွေများမယ် ထင်ပါတယ်။ အက်မင်တော့ ပိတ်ရက်ကို အိမ်မှာ အေးဆေး အနားယူပြီး Online Learning Website တွေကနေ ဝါသနာပါတာ တစ်ခုခု သင်ဖို့ ဆုံးဖြတ်ထားတယ်။ အက်မင်လို အပြင်မထွက်ပဲ အိမ်တွင်းအောင်းမယ့်သူတွေ အတွက် အားလပ်ရက်ကို အကျိုးရှိအောင် Free လေ့လာနိုင်တဲ့ Learning Platform တွေကို တစ်ဆင့် မျှဝေ‌ပေးသွားပါ့မယ်…

(တချို့ website တွေက app ပါရှိတော့ Mobile phone user တွေလည်း အဆင်ပြေပြေ လေ့လာနိုင်မှာပါ)

Edx

Learning Platform တွေထဲမှာ သဘောအကျဆုံး တစ်ခုပါ၊ Edx မှာ free course တွေများတဲ့ အပြင် Certificate လိုချင်တဲ့သူတွေ အတွက်လည်း Harvard တို့  MIT တို့လို ကမ္ဘာ့အဆင့်မှီ တက္ကသလိုလ်တွေက Course တွေလည်း ရှိတာကြောင့် အိမ်မှာနေပြီး ကမ္ဘာတစ်ဖက်ခြမ်းက ပညာရပ်တွေကိုပါ လွယ်လွယ်ကူကူ သင်ယူနိုင်ပါတယ်။ Mobile app လည်းရှိတာမလို့ ဖုန်းတစ်လုံးရှိရုံနဲ့ကို လေ့လာနိုင်တော့ တော်တော် အဆင်ပြေပါတယ် ။

Web : https://www.edx.org/

App : https://play.google.com/store/apps/details?id=org.edx.mobile

Coursera

Coursera ကတော့ အားလုံးသိထားပြီးသားဖြစ်လောက်မယ့် လူသိများတဲ့ Learning Platform တစ်ခုပါ။ Coursera မှာ Free course တွေက စိတ်ဝင်စားဖို့ကောင်းပြီး Video lecture တွေနဲ့ သေချာနားလည်အောင် ပြုလုပ်ပေးထားတဲ့ အတွက် သင်ရတာ လွယ်ကူပြီး အဆင်ပြေပါတယ်။ Partner လုပ်ထားတာတွေကလည်း Google, IBM တို့လို Industry Leading Company တွေဖြစ်လို့ အချိန်ပေးရတာ တကယ်တန်မယ့် Courses တွေကို လေ့လာနိုင်မှာပါ။

Web : https://www.coursera.org/

App :

Udemy

Udemy က Senior Level နဲ့ Mid Level သမားတွေကို ရည်ရွယ်ထားတဲ့ website ဖြစ်ပါတယ်။ Udemy မှာက အဖွဲ့အစည်းတစ်ခုက သင်ပေးသလိုမျိုး မဟုတ်ပဲ Professional field မှာ လုပ်နေတဲ့သူတွေက အချင်းချင်း Knowledge sharing လုပ်သလိုမျိုး ဖြစ်တဲ့အတွက် လက်တွေ့ပိုဆန်ပြီး Career Growth အတွက် ရွေးချယ်သင့်တဲ့ site တစ်ခုပါ။ Free course တွေအပြင် Mobile app ပါ ရှိလို အဆင်ပြေပြေသင်ယူလို့ ရပါတယ်။

Web : https://www.udemy.com/

App :

Codecademy

Codecademy ကတော့ Programming Language ပိုင်းကို လေ့လာချင်တဲ့သူတွေအတွက် တကယ့် ရွှေတွင်းကြီးပါ။ Languages အစုံကို Basic ကနေစပြီး လေ့လာနိုင်တဲ့အပြင် ကိုယ်ရဲ့ကျွမ်းကျင်မှု တိုးတက်လာ သလားကိုပါ စစ်လို့ရအောင် Workspace feature တစ်ခုပါ ထားပေးထားပါတယ်။ Website UI ကအစ codeရေးသူတွေ သဘောကျလောက်အောင် လုပ်ထားတာမလို့ Programming ဝါသနာပါရင် လေ့လာကြည့်သင့်တဲ့ website လို့ ပြောရပါလိမ့်မယ်။

Web : https://www.codecademy.com/learn

Skillshare

Skillshare ကတော့ သူ့နာမည်အတိုင်းပါပဲ တကယ့် သိကျွမ်းတဲ့ သူတွေက သူတို့ Skills တွေကို ပြန်မျှဝေတဲ့ platform တစ်ခုပါ။ သူကတော့ Free course လိုမျိုး မရှိပဲ လစဉ်ကြေးပေးရပါတယ်။ ဒါပေမယ့် လုပ်ငန်းထဲက အခက်အခဲတွေကို နယ်ပယ်ထဲက လူတွေကပဲ နည်းလမ်းကောင်းတွေ Share ကြတာဖြစ်လို့ Career ကို နောက်တစ်ဆင့်မြှင့်လိုသူတွေအတွက် ရွေးချယ်သင့်ပါတယ်။

Web : https://skl.sh/3DJVwWI

Learning Platform တွေလည်း တော်တော်စုံသလောက်တော့ ရှိပါပြီ ဒါပေမယ့်လည်း အသစ်မြင် အဟောင်းမမေ့နဲ့ ဆိုသလို Learning အတွက်ဆို ဘိုးအေကြီးလို့ပြောရမယ့် Google နဲ့ Youtube ကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုတော့ ပိတ်ရက်မှာ ကိုယ်လိုအပ်နေတဲ့ skills တွေကို သင်ယူပြီး Next Level အဖြစ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အံသြသွားအောင် လုပ်ပြလိုက်ပါ။

Related Posts

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️
Uncategorized

ငွေကြေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ⁉️

July 20, 2022
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “
Uncategorized

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
“ Interview တွင် မှားလေ့ရှိသော အမှားများ ”
Uncategorized

“ Interview တွင် မှားလေ့ရှိသော အမှားများ ”

June 9, 2022
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....
Career Advice

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
Uncategorized

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…

April 22, 2022
Uncategorized

Accounting & Finance Vocabulary In Use

April 19, 2022
Next Post

Accounting & Finance Vocabulary In Use

ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ...

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

အချိန်ပိုလုပ်အားခတွက်နည်း

အချိန်ပိုလုပ်အားခတွက်နည်း

December 2, 2020
” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

” အလုပ်ဝင်မယ့် လူငယ်တိုင်း သိထားသင့်တဲ့ Skills များ “

July 14, 2022
Work From Home နဲ့ အိပ်ရေးပျက်ခြင်:

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

November 11, 2020
သင် အင်တာဗျူး အခေါ်မခံရတာ ဒီအချက် (၃)ချက် ကြောင့် ဖြစ်နိုင်ပါတယ် ....

သင် အင်တာဗျူး အခေါ်မခံရတာ

February 16, 2023
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

November 11, 2020
Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

November 11, 2020
JobExpress Myanmar

Address: Building No.123/133, Room No.7(A), 7th Floor, Corner of Pansodan Road and Anawrahta Road, Pansodan Business Tower, Kyauktada Township, Yangon, Myanmar.

  • About Us
  • Contact Us
  • Private Policy
  • Terms of Use

Follow Us

No Result
View All Result
  • Home
  • Job Search
  • Employer