JobExpress
No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs
JobExpress
No Result
View All Result

ကိုဗစ်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ?

December 14, 2020
2 min read
Share on FacebookShare on TwitterShare Linkedin

ကိုဗစ်ကာလဆိုတော့ အရင်ကထက် အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်း နည်းသွားနိုင်တာမို့ လူငယ်တွေအနေနဲ့ သူများထက် နှာတစ်ဖျား သာအောင် ဘယ်လိုအရာတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်၊ လေ့လာထားသင့်တယ်ဆိုတာကို အရင်ဦးဆုံးစဉ်းစားထားဖို့လိုပါတယ်။

သူများတွေလို ကိုယ်ပိုင်စီးပွားရေးအနေနဲ့ Online Shopping ပဲလုပ်ရတော့မှာလား? သင်တန်းတွေပဲဆက်တက်ရမလား? ကျောင်းတွေပြန်ဖွင့်တဲ့အထိပဲစောင့်ရတော့မလား? စတဲ့ မေးခွန်းများစွာအတွက် လူငယ်တွေမှာ တိတိကျကျအဖြေမရှိတာတွေ့ရပါတယ်။ ဒီလိုအချိန်မှာ အချိန်ဖြုန်းပြီး ရေလိုက်ငါးလိုက်လုပ်နေမိရင်တော့ သူများတွေထက် နှာတစ်ဖျားသာအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အဲ့တာကြောင့် လူငယ်တွေအနေနဲ့ဒီကာလမှာ စာတွေ့ပိုင်းဖြစ်ဖြစ်၊ လုပ်ငန်းအတွေ့အကြုံပိုင်းဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကာလဆိုတာ တစ်သက်လုံးဖြစ်နေမှာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့ JobExpress မှ လူငယ်တွေအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ Skills တွေ၊ ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကိုဝေမျှပေးချင်ပါတယ်ခင်ဗျာ။

(၁) Career Change ဖို့မကြောက်ပါနဲ့

ကျွန်တော်တို့တွေဟာ ကိုယ်ပြီးခဲ့တဲ့တက္ကသိုလ်က သင်ယူထားတဲ့ပညာနဲ့သာ ကိုယ့်ရဲ့ Careerကို ရွေးချယ်ရမယ်ဆိုတဲ့ စည်းမျဥ်းမရှိပါဘူး။ အဲ့တာကြောင့် လက်ရှိအလုပ်ရှိတဲ့လူငယ်တွေအနေနဲ့လည်း ကိုယ်လုပ်နေတဲ့အလုပ်မကြိုက်ဘူးဆိုရင် အခုချိန်က ကိုယ့်ရဲ့ career ကိုပြောင်းလဲလို့ရတဲ့အချိန်ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ဖို့ရယ်၊ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နိုင်ဖို့ လိုအပ်တာကြောင့် ကိုယ်မကြိုက်တဲ့အရာတွေကို အကြာကြီး လုပ်နေစရာမလိုဘူး။

အခုချိန်က သင်တန်းတွေတက်မယ်ဆို အချိန်အများကြီးရှိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်ကို Websites တွေ၊ YouTube ၊ Facebook အစရှိတဲ့ Social Media တွေမှတစ်ဆင့် လေ့လာလို့ရပါတယ်။

(၂) ကိုယ့်ရဲ့ CV / Resume ကိုအမြဲ Update လုပ်ပါ

အခုအချိန်မှာကိုယ့်ရဲ့ CV ကိုအမြဲ အဆင်သင့်ပြင်ဆင်ထားတာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုဗစ်ကာလမှာ Turnover Rate တွေများမယ်၊ အလုပ်အကိုင်တွေရှားပါးတယ်ဆိုပေမယ့် တကယ်အရည်အချင်းရှိတဲ့သူတွေအတွက်တော့ ဒီပြဿနာတွေ ကျော်လွှားဖို့ဆိုတာ မခဲယဥ်းလှပါဘူး။

CV ရေးရာအခက်အခဲရှိနေတဲ့ လူငယ်တွေအတွက် Online ကနေ Free Template ရှာလို့ရသလို JobExpress လို Online Recruitment Portal မှာ Register လုပ်ရင်း CV ကောင်းကောင်းလေးတွေ ဖန်တီးထားလို့ရပါတယ်။

(၃) Soft Skills ကို တတ်နိုင်သမျှ Develop လုပ်ပါ

ကောင်းမွန်တဲ့ Working Environment ကိုတည်ဆောက်နိုင်ဖို့ဆိုရင် အထူးသဖြင့် Soft Skills တွေ Develop လုပ်ထားဖို့လိုအပ်ပါတယ်။ Soft Skills ကိုတော့ အပြင်သင်တန်းတွေကနေ လေ့လာသင်ယူလို့ရသလို Volunteer ၊ Workshop အစရှိတဲ့ပွဲတွေမှာပါဝင်ပြီး ကိုယ့်ရဲ့ Interpersonal Skill တိုးအောင်လုပ်လို့ရပါတယ်။ ဒါ့အပြင် Leadership Skill နဲ့ Communication Skill လည်းကောင်းလာပြီး လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ကိုယ့်ရဲ့အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပိုမိုကောင်းမွန်တဲ့ Relationship တစ်ခုကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။

(၄) ကိုယ်နဲ့သင့်တော်တဲ့ Online Class ကိုရွေးချယ်ပါ

နောက်တစ်ခုက လူငယ်တွေအနေနဲ့ ကိုဗစ်ကာလမှာ ဘာလုပ်လို့ရလဲဆိုတော့ ဒီအတိုင်း အိပ်လိုက်စားလိုက်လုပ်နေမဲ့ အစား ကိုယ်ဝါသနာပါတဲ့အရာကိုလေ့လာသင့်ပါတယ်။ အခုအချိန်မှာ ဘာသာစကားပဲဖြစ်ဖြစ် ၊ စီးပွားရေးပဲဖြစ်ဖြစ် Facebook ကနေ Free လေ့လာလို့ရနိုင်တဲ့ Group တွေ၊ Online Class တွေအများကြီးရှိလာပါတယ်။ အကယ်၍ ကိုယ်ကိုယ်တိုင်က အလုပ်မလုပ်သေးဘူးဆိုရင် အခုချိန်မှာ အချိန်တွေအများကြီးရှိနေတာမို့ ကိုယ်ဖြစ်ချင်တာ ကိုယ်ကြိုက်တာကို လုပ်ထားလို့ရသလို ကိုယ်ဖြစ်ချင်တဲ့အရာတွေ ဖြစ်လာဖို့အတွက်လည်း ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေအားလုံးကို နေ့စဉ် လေ့လာနေဖို့လိုအပ်ပါတယ်။

အပေါ်ကအချက် (၄) ချက် အတိုင်း ကိုယ်ကိုယ်တိုင်လေ့လာသင်ယူရင်း အချိန်အတိုင်းအတာတစ်ခုမှာ ကိုယ်ရောက်ချင်တဲ့နေရာတစ်ခုကို ရောက်နိုင်ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်တွေ ၊ ပညာတွေ နေ့စဉ်သင်ယူပြီး အောင်မြင်တဲ့သူတွေဖြစ်ပါစေလို့ ကျွန်တော်တို့ JobExpress မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Content By Ma Nway Nway Maung and Htet Wai Yan Lynn

Previous Post

Ways to Develop Your Creativity

Next Post

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

Next Post

လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် Online Recruitment Portal ကိုသုံးသင့်တာလဲ?

Interview မှာ အငြင်းခံရဖူးလား?

Discussion about this post

Stay Connected test

  • 711.3k Fans
  • Trending
  • Comments
  • Latest

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Covid 19ကာလကြီး ပြီးဆုံးသွားရင် Companyအများစုက ထွက်သွားတဲ့ နေရာလွတ်တွေအတွက် အပြိုင်အဆိုင် အလုပ်တွေ ခေါ်တော့မှာပါ။ အလုပ်ရှာတဲ့ ဝန်ထမ်းတွေကလဲများနေမှာ ကြိမ်းသေပါပဲ။

Interview ကိုဘယ်လိုအကောင်းဆုံးဖြေမလဲ?

November 11, 2020

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020

Business Plan For 2021

0

COVID-19 အလွန် ဘာတွေ ပြင်ဆင်ထားသင့်လဲ ? ဘာတွေ ပြောင်းလဲသွား နိုင်လဲ ?

0

How to Increase Your Self-Confidence?

0

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

0

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021

Recent News

Business Plan For 2021

January 14, 2021

လုပ်ငန်းရှင်နဲ့ဝန်ထမ်းကြားက Internal Recruitment

January 6, 2021

အလုပ်လုပ်ရင်း အိပ်ငိုက်လာရင် ဘာလုပ်မလဲ?

January 5, 2021

အလုပ်မသွားခင် လုပ်သင့်တဲ့အရာများ

January 5, 2021
JobExpress

© 2020 Blog JobExpress

Navigate Site

  • Home
  • Find Jobs
  • Find Talent or Post Jobs

Follow Us

No Result
View All Result
  • Home
  • Find Jobs
  • Find Talent or Post Jobs

© 2020 Blog JobExpress