ပေါင်းသင်းဆက်ဆံရေးဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းပြဖို့ဆိုရင် လွယ်ကူသလိုနဲ့ခက်ခဲလွန်းပါတယ်။
မိသားစုဖြစ်ဖြစ်၊ ပတ်၀န်းကျင် အဖွဲ့အစည်းတစ်ခုခုဖြစ်ဖြစ် နောက်ဆုံးအလုပ်ခွင်ထိ စည်းစည်းလုံးလုံး နဲ့ အလုပ်ပြီးမြောက်ဖို့ဆိုရင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။
လုပ်ငန်းခွင်ထဲမှာ တစ်ဦးနှင့်တစ်ဦး နားလည်မှုကွဲလွဲတာတွေ၊ အမြင်မတူတာမျိုးတွေက အမြဲကြုံတွေ့ရတတ်ပါတယ်။ အဆင်မပြေတာတွေရှိလာတာနဲ့အမျှ လူအများစုက မခေါ်မပြောချင်၊ မတွေ့မ မြင်ချင် တော့တာမျိုးတွေ ဖြစ်တတ်လာကြပါတယ်။ ပြသာနာအမျိုးမျိုးဖြစ်ပြီး ပေါ့ပါးလွတ်လပ်မှုမရှိတဲ့လုပ်ငန်းခွင်မှာရေရှည်မနေနိုင်တော့ဘဲ နောက်ဆုံးမှာအလုပ်ထွက်တဲ့အထိဖြစ်တတ်ကြပါတယ်။
ဒါကြောင့် ” ရောမ ရောက်ရင် ရောမလိုကျင့်ရမယ် ” ဆိုတဲ့ အတိုင်း လုပ်ငန်းခွင်အတွင်းမှာ လိုက်လျောညီထွေဆက်ဆံတတ်ဖို့ ဘယ်လိုမျိုးပြုမူနေသင့်လဲဆိုတာမျှဝေပေးလိုက်ပါတယ်။
(၁) တစ်ဦးနှင့်တစ်ဦး အမြဲထိတွေ့နေပါ။ Team Work ရှိပါ။
တစ်နေ့တာလုံးရဲ့အလုပ်တွေမစခင် တစ်ဦးအခက်အခဲကိုတစ်ဦး ဆွေးနွေးတင်ပြပေးနိုင်မယ့် Team Meeting မျိုး ကိုနေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ခြင်းဖြင့် ကိုယ့်အနေနဲ့ဖြေရှင်းရခက်ခဲနေတဲ့ ပြသာနာမျိုးတွေကို တစ်ခြားသူများမှ တဆင့် အကြံဉာဏ်ရယူနိုင်မှာဖြစ်ပါတယ်။ Team အနေနဲ့လည်းသူတို့ကို အလေးထား တိုင်ပင်ဆွေးနွေးတယ်ခံစား ရပြီး အကြံဉာဏ်ကောင်းတွေပေးကြမှာဖြစ်သလို ကိုယ့်အနေနဲ့လည်း အကောင်းမွန်ဆုံး Solution တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။
(၂) ရိုးသားစွာ ပွင့်လင်းစွာပြောဆိုပါ။
” ရိုးသားမှုဂုဏ် စားမကုန် ” ဆိုတဲ့အတိုင်း ရိုးသားစွာပြောဆိုတတ်ဖို့ကလည်းလုပ်ငန်းခွင်မှာ အရေးကြီးတဲ့အချက်တစ်ခုပါပဲ။။ ကိုယ့်ရဲ့ လုပ်ရပ်တိုင်း၊အပြုအမှုတိုင်းက စစ်မှန်နေဖို့လိုပါတယ်။ လောကကြီးက မှန်တစ်ချပ်နဲ့တူပါတယ်။ ကိုယ့် ဘက်က အတုအယောင်တွေပေးရင်ပြန်ရတာလဲအစစ်အမှန်တွေမရတတ်ပါဘူး။ လူတိုင်း အပေါ်မှာစိတ်ကောင်းစေတနာကောင်းထားဆက်ဆံရင် ကိုယ့်အနေနဲ့လည်း ကံကောင်းမှုတွေရောက်ရှိလာမှာအသေချာပါပဲ။

(၃) ညှိနှိုင်းပြောဆိုပါ၊ ဆွေးနွေးပါ။
ပြသာနာတစ်ခုခုဖြစ်လာတဲ့အခါ လူအများရှေ့မှာအချေအတင်ပြောဆိုခြင်းထက် သီးသန့်ပြောဆို ပြီး ညှိနှိုင်းတိုင်ပင်သင့်ပါတယ်။ နားလည်မှုလွဲနေတဲ့အရာတွေကို သေချာရှင်းပြပေးပြီး ညှိနှိုင်းသင့်ပါတယ်။ နားထောင်သူအနေနဲ့လည်း ဂရုတစိုက်နားထောင်ကြောင်းကို အမူအရာနဲ့ဖြစ်စေ၊ နှုတ်ကဖြစ်စေ ပြသဖို့လည်းမမေ့သင့်ပါဘူး။
(၄) ပွင့်လင်းမှုရှိပါစေ။
ပေါင်းသင်းဆက်ဆံရာတွင် ပြောဆိုသူနှင့် နားထောင်သူ၂မျိုးပဲရှိပါတယ်။အလုပ်ရှင်ကပဲအမြဲတမ်းပြောဆိုနေရမယ်မဟုတ်ပါဘူး။လက်အောက်ငယ်သားရဲ့ ခံစားချက်တွေ၊အခက်အခဲတွေကိုဖွင့်ပြောလာနိုင်ဖို့လည်း အလုပ်ရှင်ဘက်က ပံ့ပိုးလုပ်ဆောင်မှုမျိုးတွေလည်း လိုအပ်ပါတယ်။လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းသိရမှသာ လိုအပ်ချက်တွေကို Company ဘက်က လည်း ပြုပြင်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
(၅) ချီူးကျူးဖို့မမေ့ပါနဲ့။
လူတိုင်းကချီးကျူးခံရတာကိုသဘောကြပါတယ်။ တစ်ဦးတစ်ယောက်က အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့ရင် Appreciate လုပ်ပေးပါ။ ဒါမှလည်းသူ့အနေနဲ့ ကြိုးစားအားထုတ်မှု ကိုအသိအမှတ်ပြုပေးတဲ့အတွက် ပိုကြိုးစားချင်စိတ်တွေ၊ ပိုအောင်မြင်ချင်စိတ်တွေဖြစ်ပြီး Motivation တိုးစေမှာဖြစ်တယ်။
အထက်ဖော်ပြပါ အချက်တွေနဲ့ သင့် လုပ်ငန်းခွင်မှာ အကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် JobExpress ကနေ အကြံပြုဖော်ပြပေးလိုက်ပါတယ်။
Content By Kit Kit